ယောကျာ်းတစ်ယောက်အတွက် အသက် ၂၀ ဆိုတာ သိပ်အရေးပါတဲ့ အကူးအပြောင်းတစ်ခုပါပဲ။ လွတ်လပ်ပေါ့ပါးတဲ့ လူငယ်ဘဝကနေ အလုပ်ခွင်ကို တည်တည်တံ့တံ့ ဝင်ရောက်ဖို့ အားယူနေတဲ့ အချိန်ပါ။ ဒီအချိန်ဟာယောကျာ်းတစ်ယောက်အတွက် ရုပ်ပိုင်း စိတ်ပိုင်း အကောင်းဆုံးဖြစ်အောင် တည်ဆောက်ထားသင့်တဲ့ အချိန်ဖြစ်လို့ အခုကတည်းက စတိုင်မိစေဖို့ အလေ့အကျင့်တစ်ချို့ လိုပါလိမ့်မယ်။

Handsome programmer working with laptop

Source : Freepik

(၁) အသက် ၂၀ ကစပြီး ကိုယ့်ရဲ့ ပုံရိပ်ကို တည်ဆောက်ရမှာဖြစ်လို့ အဝတ်အစားကအစ သိပ်ပြီး ကလက်လို့မဖြစ်တော့ပါဘူး။ ဘယ်တော့မှ ရိုးမသွားတော့မယ့် ဝတ်စုံမျိုးကို ပြောင်းလဲ ဝတ်ဆင်သင့်ပါတယ်။

(၂) အရင်က ဘယ်လိုပဲ နေနေ အသက် ၂၀ ကျော်တာနဲ့ ကိုယ့်ရုပ်ကိုယ်ရည်ဟာ ကိုယ့်ရဲ့ အမှတ်အသားတစ်ခု ဖြစ်လာတော့မှာပါ။ ဒါကြောင့် ကိုယ့်ရဲ့ ရုပ်ရည်ကို Brand တစ်ခုလို ဂရုစိုက်ဖို့လိုပါတယ်။ အဝတ်အစားဝတ်ရာမှာ အလေးထားသလိုမျိုး ကိုယ့်ရဲ့ အသားအရေကိုလည်း ပုံမှန် ဂရုစိုက်ပေးသင့်ပါတယ်။

(၃) ဆံပင်သန်ခြင်း မသန်ခြင်းဟာ လူတစ်ယောက်ချင်းစီရဲ့ တက်စတိုစတီရုန်း အနည်းအများနဲ့ ဆိုင်ပါတယ်။ ပုံမှန်အားဖြင့် သာမန်လူတစ်ယောက်ဟာ တစ်နှစ်ကို ၆ လက်အထိ ဆံပင်ရှည်ထွက်လာပါတယ်။ ဒီတော့ ၁၅ ရက်တစ်ခါလောက် ဆံပင်ကို ဆံသဆိုင်ကောင်းကောင်း သွားပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ပေးဖို့ လိုပါတယ်။

(၄) တက်တူးထိုးတာ ၊ Piercing လုပ်ပြီး အသားမှာ ကွင်းတွေ ဆွဲတာ ၊ နားကပ်ပန်တာတွေကို တာ့တာ ပြရမယ့် အချိန် ရောက်ပါပြီ။ လူငယ်ဘာဝ ပျော်ချင်ပါးချင်စိတ်ကိုလည်း တတ်နိုင်သမျှ ထိန်းချုပ်ရတော့မှာပါ။ တစ်ချို့အလုပ်အကိုင်တွေဟာ လူရဲ့ ဥပဓိရုပ်ကို အများကြီး ကြည့်ပြီးမှ ခေါ်ပါတယ်။

Retro man dressed in shirt lies on floor and posing

Source : Freepik

(၅) နည်းပညာကို သုံးပြီး ကိုယ့်ရဲ့ တစ်ကိုယ်ရေ တိုးတက်မှုဆီ အမြဲသွားနေသင့်ပါတယ်။ စာအုပ်ကောင်းကောင်း ပုံမှန်ဖတ်ပါ။ လိုအပ်တဲ့ အလုပ်အကိုင် Skill နဲ့ အတတ်ပညာတွေ ရှာဖွေစုဆောင်း သင်ကြားပါ။

(၆) အသက် ၂၀ မှာ မီလျံနာ ဖြစ်တဲ့လူဆိုတာ ရှာမှရှားလို့ ဆိုနိုင်ပါတယ်။ ဒီအရွယ်မှာ လုပ်နိုင်တာတစ်ခုက အနာဂါတ်အတွက်က ရင်းနှီးမြှုပ်နှံတာပါပဲ၊ ငွေစုမယ်။ ပညာရှာမယ်။ မိတ်ဆွေကောင်း ရှာပေါင်းမယ်။ လူမှုအဖွဲ့အစည်းတွေမှာ ပါဝင်မယ်။ ပိုပိုပြီး ကောင်းအောင် လုပ်သွားမယ်။ ဒါပဲ လုပ်နိုင်ပါတယ်။ ဒီလုပ်နိုင်တာကိုပဲ အကောင်းဆုံး လုပ်နေဖို့လိုပါတယ်။

(၇) လူတိုင်းက ကိုယ့်ကို မှတ်မိနေစေမယ့် ပင်ကိုယ်ဟန်ကို အပြုသဘောနဲ့ ပျိုးထောင်ပါ။ တစ်ချို့လူတွေ တော်ပေမယ့် လူတွေက သတိမထားမိတာ သူတို့ရဲ့ Logo က သိပ်မလှလို့ပါ။ အသက် ၂၀ ကစပြီး ကိုယ့်ရဲ့ ကိုယ်ပိုင် Logo ကို ကိုယ်တိုင် ဒီဇိုင်းဆွဲသင့်ပါတယ်။