ခါးနာခြင်း ဝေဒနာကို လူတော်တော်များများ ခံစားဖူးကြပါလိမ့်မယ်။ တစ်ခါတစ်လေ ခါးနာခြင်းကြောင့် ညဖက်အိပ်မပျော်နိုင်အောင် ဖြစ်တက်ပါတယ်။ အလုပ်မှာ ပစ္စည်းအလေးကြီးတွေ မ လိုက်တဲ့အခါ၊ အားကစားလုပ်နေရင်း ထိခိုက်မိတာ၊ ထိုင်တဲ့ ခါးအနေအထား ပုံစံမမှန်တာ အစရှိတဲ့ အကြောင်းရင်းတွေကြောင့် ခါးနာနိုင်ပါတယ်။

ဒီနေ့ kwee page ကခါးနာခြင်း ဝေဒနာကို သက်သာစေနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားမှာပါ။

အရိုးကျန်းမာစေတဲ့ အစားအသောက်တွေ စားပေးပါ

Source: Montclair-Breast-Center.

အရိုးနာကျင်နေတယ်ဆိုရင် လျင်မြန်စွာ သက်သာစေနိုင်ဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့ အစားအစာတွေကို များများစားပေးဖို့ လိုအပ်ပါတယ်။ ခါးနာနေချိန်မှာ အရိုးကျန်းမာဖို့နဲ့ သန်စွမ်းစေဖို့ ကယ်လ်စီယမ်ဓာတ်၊ ဖော့စဖရပ်စ်ဓာတ်၊ ဗီတာမင် D ပါဝင်တဲ့ အစားအစာတွေကို များများ စားပေးပါ။ ဒိန်ချဉ်၊ နွားနို့၊ လိမ္မော်သီး၊ ပဲ၊ ဟင်းသီးဟင်းရွက်တွေ၊ ငါး၊ ပင်လယ်စာ၊ ဥတွေအပြင် ကြက်စွပ်ပြုတ်လိုမျိုး အာဟာရဓာတ်ပေါကြွယ်ဝတဲ့ အစားအစာတွေ စားပေးနိုင်ရင် ပိုကောင်းပါတယ်။

ယောဂလေ့ကျင့်ပေးပါ

Source: Everyday Health

ယောဂကျင့်ခြင်းဟာ ခါးနာတဲ့ ဝေဒနာကို သက်သာစေပြီး ကိုယ်ခန္ဓာအနှံ့ ကြွက်သားတွေကို ပြေလျော့စေတယ်။ ခါးနာနေချိန်မှာ အားကစား၊ လေ့ကျင့်ခန်း လုပ်လို့ မရတာကြောင့် ယောဂကျင့်စဉ် ကျင့်ခြင်းဟာ စိတ်ဖိစီးမှုကိုလည်း ပြေလျော့စေတယ်။ တင်းနေတဲ့ အကြောတွေကိုလည်း ဖြေလျှော့ပေးနိုင်ပါတယ်။

ရေခဲအိတ်နဲ့ ရေနွေးအိတ် ကပ်ပေးပါ

Source: Carex Health Brands

ခါးနာကာစမှာ ရေနွေးအိတ်အစား ရေခဲအိတ်ကိုသာ အသုံးပြုသင့်ပါတယ်။ ရေခဲအိတ်မရှိဘူးဆိုရင်လည်း အဝတ်ထဲမှာ ရေခဲအနည်းငယ်ထည့်ပြီး ကပ်ပေးလို့ ရပါတယ်။

ခါးနာဝေဒနာကို သက်သာစေဖို့အတွက် ရေခဲအိတ်ကို (၁ဝ) မိနစ်ခန့် ဖိကပ်ပေးပါ။ နောက်တစ်ခါ ပြန်ကပ်ဖို့ (၁ဝ) မိနစ်ခန့် ခြားပေးပါ။ (၁) ရက် ကနေ (၂) ရက်ထိ ဝေဒနာ မသက်သာဘူးဆိုမှ ရေနွေးအိတ် ကပ်ပေးပါ။

ရေခဲအိတ်ကပ်တဲ့ ပုံစံအတိုင်းပါပဲ။ ရေနွေးအိတ်မကပ်ခင် အရေပြားပေါ်မှာ အဝတ်တစ်ခု ခံပြီးမှ ကပ်တာ ပိုကောင်းပါတယ်။ အပူဟာ အနာကျက်မြန်စေမယ့် ဒဏ်ရာဖြစ်ကာစမှာ ကပ်ပြီး ပိုပြီးရောင်လာနိုင်ပါတယ်။ သတိထားရမှာက ရေနွေးအိတ်ကို အကြာကြီးကပ်ထားတာ၊ ကပ်ထားပြီး အိပ်ပျော်သွားတာမျိုး လုံးဝမလုပ်ရပါဘူး။