အမျိုးသားအများစုဟာ မျက်နှာအသားအရေနဲ့ပတ်သတ်ပြီး ထိန်းသိမ်းမှုအားနည်းတယ်လို့ ဆိုရမှာပါ။ ဒါကြောင့်လည်း အမျိုးသားတွေမှာ ဝက်ခြံနဲ့ပြဿနာတွေ အများစုကြုံရတာပါ။ ဒါကြောင့်ဒီတခေါက်မှာတော့ လွယ်ကူရိုးရှင်းပြီး ကြည်လင်သန့်ရှင်းဝက်ခြံကင်းတဲ့ မျက်နှာလေးပိုင်ဆိုင်နိုင်ဖို့ သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) မျက်နှာကိုသေချာဂျေးချွတ်သန့်စင်ပါ

Source : Pinterest

လေထုထဲကနေတဆင့် ဖုန်နဲ့ အညစ်အကြေးတွေ ပါလာတက်ပြီး မျက်နှာအရေပြားပေါ်မှာ ချွေးပေါက်ပိတ်ခြင်း ဆဲလ်အသေတွေစုလာခြင်းတွေဖြစ်တက်ပါတယ်။ အဲ့ဒီကနေတဆင့် ဝက်ခြံနဲ့ တခြားသော အသားအရေဆိုင်ရာပြဿနာတွေကြုံတွေ့ရစေနိုင်ပါတယ်။ ဒါကြောင့်မျက်နှာပေါ်က ဆဲလ်အသေတွေကိုဖယ်ရှားပေးဖို့ အညစ်အကြေးတွေကို သေချာဆေးကြောပေးဖို့ တစ်ပတ်တစ်ခါလောက် မျက်နှာကိုဂျေးချွတ်သန့်စင်ပေးသင့်ပါတယ်။

(၂) Moisturizer လိမ်းပါ

Source : International Conference

မျက်နှာအသားအရေကို အစိုဓာတ်ပြည့်ဝနေစေဖို့ Moisturising ခရင်မ်လိမ်းပေးဖို့လိုပါတယ်။ အစိုဓာတ်ထိန်းခရင်မ်တွေ လိမ်းပေးခြင်းဖြင့် မျက်နှာအသားအရေအစိုဓာတ်ပြည့်ဝနေစေတာကြောင့် ဝက်ခြံဖြစ်ခြင်းကို လျော့ချပေးတဲ့အပြင် စိုပြေဝင်းမွတ်တဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်ရစေဖို့ အထောက်အကူပြုပါတယ်။

(၃) အပူအစပ်တွေရှောင်ပါ

Source : Dreamstime

ဝက်ခြံဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ အစားအသောက်ကလည်း အများကြီးသက်ဆိုင်ပါတယ်။ အဓိကအားဖြင့် အပူအစပ်တွေဟာ ဝက်ခြံဖြစ်ဖို့ ပိုပြီး တွန်းအားဖြစ်စေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကိုယ့်ရဲ့စားသောက်မှုပုံစံကို အနည်းငယ်ပြောင်းလဲပြီး အပူအစပ်တွေ တခြားသော အငံများတဲ့အစားအစာတွေကိုရှောင်ဖို့လိုအပ်ပါတယ်။

(၄) စိတ်ဖိစီးမှုလျော့ချပါ

Source : Shutterstock

စိတ်ဖိစီးမှုများသူတွေဟာ များသောအားဖြင့် ဝက်ခြံထွက်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။ ဒါကြောင့် သင့်အနေနဲ့ စိတ်ဖိစီးမှုတွေကိုတက်နိုင်သလောက်လျော့ချပေးပါ။ ညဘက်တွေမှာကောင်းစွာအိပ်စက်အနားယူပါ။ ဆေးလိပ်နဲ့ အရက်သောက်ခြင်းရှောင်ဖို့အကြံပြုချင်ပါတယ်။