မျိုးရိုးဗီဇအရ လူတွေမှာ ဉာဏ်ရည်ဖွံ့ဖြိုးမူ အကန့်အသက်တွေရှိပေမယ်လည်း ဉာဏ်ရည်မြင့်မားအောင် လုပ်ယူလို့ရမရဆိုတာဟာ ပညာရှင်တွေကြားမှာ အငြင်းပွားနေဆဲပါ။ တစ်ချိုပညာရှင်တွေကတော့ ပုံမှန်ထက် ဉာဏ်ကောင်းတဲ့သူတစ်ယောက်ဖြစ်ဖို့ လုပ်ယူလို့ရတဲ့နည်းတွေ ရှိတယ်လို့ ပြောထားကြပါတယ်။ ပညာရှင်တွေ ပြောထားတဲ့ ဉာဏ်ကောင်းတဲ့သူတစ်ယောက်လိုဖြစ်အောင် ဘယ်လိုနေထိုင်ကြမလဲ ပြောပြပေးသွားမှာပါ။

လေ့လာမှုတွေအရ ဆွဲဆောင်မှုရှိတဲ့ သူတွေဟာ ပိုပြီးတော့ ဉာဏ်ကောင်းကြတယ်လို့ ပြောထားကြပါတယ်။ ဒါကပုံသေလိုမျိုးဖြစ်နေတဲ့ အချက်တစ်ချက်ပါပဲ။ရုပ်ရည်ချောမော လှပတဲ့သူတွေဟာ ဆွဲဆောင်မူရှိကြပြီး ဉာဏ်ကောင်းကြတယ်လို့ စိတ်ပညာရှင် Satoshi Kanazawa ကပြောထားပါတယ်။ ဒါကြောင့် ကိုယ့်မျက်နှာနဲ့လိုက်ဖက်မယ့် ဆံပင်ပုံစံမျိုး ထားပါ။ သွားကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့လိုအပ်ပါတယ်။ လိုအပ်ရင် အလှပြင်ပစ္စည်းတွေ အသုံးပြုသင့်ပါတယ်။

american manager writing chart on glass board

Source : Freepik

လူတော်တော်များများက အပြင်ပန်း ဝတ်ထားတဲ့ အဝတ်အစားတွေကို ကြည့်ပြီး လူတစ်ယောက်ကို အကဲဖြတ်တတ်ကြတယ်။ ပညာရှင်တွေရဲ့ လေ့လာမူအရ အဝတ်အစားကောင်းမွန်စွာဝတ်ဆင်ထားပြီး first impression ကောင်းကောင်း ရယူနိူင်တဲ့သူတွေကို လူတွေက အကြာကြီး မှတ်မိနေလေ့ရှိကြောင်း ပြောဆိုထားပါတယ်။ ဒါကလည်း သင့်ပတ်ဝန်းကျင်မှာနေ့တဲ့ သူတွေက သင့်ကို မတူညီစွာ မြင်ကြတာလည်းဖြစ်နိူင်သလို၊ ဒီလိုလုပ်ခြင်းအားဖြင့် မိမိကိုယ်ကို ယုံကြည်မူပိုရှိလာစေပြီး ကောင်းတဲ့အရာတွေဆီ ဦးတည်သွားစေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

တစ်ချို့ လူတွေရဲ့ ယဉ်ကျေးမူတွေမှာ မျက်လုံးချင်းဆုံအောင် ကြည့်ဖို့ အဆင်မပြေပါဘူး။ ဒါပေမယ့် ဒီလိုယဉ်ကျေးမူတွေ မရှိတဲ့လူမျိုးတွေနဲ့ စကားပြောနေရတယ်ဆိုရင်တော့ မျက်လုံးချင်းဆုံအောင် ကြည့်ဖို့မမေ့ပါနဲ့။ပါမောက္ခ Nora A. Murphy ရဲ့လေ့လာမူတွေအရ မျက်လုံးချင်း ဆုံအောင်ကြည့်ကာ စကားပြောခြင်းက သင့်ကို ယုံကြည်မူရှိတဲ့သူတစ်ယောက် အဖြစ် ထင်မြင်စေနိူင်ကြောင်း တွေ့ရှိထားပါတယ်။

African american ceo giving presentation at corporate team meeting

Source : Freepik

ပညာရှင်တွေရဲ့ တွေ့ရှိချက်အရ မကြာခဏပြုံးတတ်တဲ့သူတွေဟာ မပြုံးတတ်တဲ့သူတွေထက် ပိုပြီးကြည့်ကောင်းသလို ပိုပြီးလည်း ဉာဏ်ကောင်းတယ်လို့ ထင်ရစေကြောင်း ဆိုထားပါတယ်။ ဒါက အမျိုးသားတွေအတွက် ပိုပြီးမှန်ကန်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေက မကြာခဏ ပြုံးတတ်လေ့ရှိတာကြောင့်လည်းဖြစ်နိူင်ပါတယ်။