နေ့တိုင်း သန့်ရှင်းရေးလုပ်ပေမယ့် ခံတွင်းက အနံ့ဆိုးထွက်နေတာဟာ တကယ့်ပြဿနာပါ။ ခံတွင်းအနံ့ မကောင်းဘူးဆိုရင် တစ်ခြားသူတစ်ယောက်နဲ့ စကားပြောဖို့ကအစ ဝန်လေးစရာ ဖြစ်နေတတ်ပါတယ်။ ဒီတော့ ခံတွင်းအနံ့ မဆိုးအောင် ဘာတွေ လိုက်နာသင့်သလဲဆိုတာ သိထားဖို့ လိုပါတယ်။

(၁) ရေဓါတ်ဖြည့်ပါ

Source: cheatsheet.com

ညဘက်တွေမှာ ခံတွင်းထဲက သွားရည်ထုတ်မှု နှေးကွေးသွားတာကြောင့် ပါးစပ်ခြောက်ပြီး လျှာပေါ်က ဆဲတစ်ချို့ သေရာကနေ ဘက်တီးရီးယားတွေ ပေါက်ပွားတတ်ပါတယ်။ ဘက်တီးရီးယားကြောင့် ခံတွင်းအနံ့ ဆိုးတတ်ပါတယ်။ မနက်အိပ်ယာထထချင်း ရေဝဝသောက်ပေးဖို့နဲ့ တစ်နေ့လုံး ရေမငတ်နေစေဖို့ သတိပြုပါ။

(၂) သကြားစားမှု လျှော့ပါ

Source: pexels

လူတိုင်းရဲ့ ပါးစပ်ထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ခံတွင်းထဲက ဘက်တီးရီးယားတွေ ပေါက်ပွားမှု ထိန်းမရအောင် များလာရင် သွားပိုးစားတာမျိုး ဖြစ်လာပြီး ခံတွင်းအနံ့ ဆိုးလာတတတ်ပါတယ်။ ဘက်တီးရီးယားကို အားပေးတာက သကြားအစားလွန်ခြင်းပါ။ ဘက်တီးရီးယားဟာ သကြားစားပြီး အနံ့ဆိုးဖြစ်စေမယ့် အက်ဆစ်တစ်မျိုး ထုတ်ပေးပါတယ်။ တံတွေးဟာ ဒီအက်ဆစ်ကို သဘာဝအားဖြင့် ချေဖျက်ပေးတာကြောင့် တံတွေးထုတ်မှု အားပေးတဲ့ သကြားမပါတဲ့ Chewing Gum တစ်ခုခု ဝါးသင့်ပါတယ်။

(၃) သွားမှန်မှန်တိုက်ပါ

Source: pexels

တစ်ရက်ကို ၂ ကြိမ် ပုံမှန်သွား သန့်ရှင်းရေး လုပ်ပေးဖို့လိုပါတယ်။ သွားတွေကို ဂရုစိုက်မယ်ဆိုရင် အသက်ကြီးတဲ့အထိ သွားခိုင်ပြီး ခံတွင်းနံလည်း ကောင်း ၊ စားချင်တဲ့ အစားအစာလည်း စားနိုင်မှာပါ။ ဖြစ်နိုင်ရင် ထမင်းစားပြီးပြီးချင်း သွားတိုက်တာ ၊ ပလုတ်ကျင်းတာ လုပ်သင့်ပါတယ်။

(၄) လျှာ သန့်ရှင်းပေးပါ

Source: pexels

လျှာကို သွားတိုက်တံ အနုစားနဲ့ ဖွဖွလေး သန့်ရှင်းပေးတာ လုပ်သင့်ပါတယ်။ တစ်ခါတစ်လေမှာ ဆေးလိပ်သောက်လို့ဖြစ်စေ ဆေးသောက်တာကနေ လျှာမှာ အနံ့စွဲပြီး နံတတ်တာာကြောင့် လျှာကို သန့်ရှင်းပေးဖို့ကလည်း အရေးကြီးပါတယ်။

(၅) သွားပွတ်ကြိုး သုံးပါ

Source: Balding Beards

ထမင်းစားပြီး သွားကြားထဲမှာ ညပ်ကျန်ခဲ့တဲ့ အသားစတွေကို ရှင်းထုတ်ဖို့ သွားကြားထိုးတံအစား သွားပွတ်ကြိုး သုံးပေးသင့်ပါတယ်။ ပုံမှန်သန့်ရှင်းရေး လုပ်မယ်ဆိုရင် ခံတွင်းထဲမှာ ပုပ်ကျန်ခဲ့မယ့် အသားတွေ ရှင်းပြီး ဖြစ်မှာပါ။

(၆) ခံတွင်းဆေးနည်း မှန်ပါစေ

Source: Angela Evanson, DDS

ခံတွင်းဆေးရည် သုံးတာ များခြင်းဟာ ရေရှည်မှာ ခံတွင်းနံ့ဆိုးမှု ဖြစ်ဖို့ပိုများလာတတ်ပါတယ်။ များသောအားဖြင့် ခံတွင်းနံ့ပျောက်ဆေးရည်တွေမှာ အယ်လ်ကိုဟောပါတာကြောင့် ခံတွင်းခြောက်ပြီး ပါးစပ်ထဲက ဘက်တီးရီးယားနံ့ကို ပိုဆိုးစေတတ်ပါတယ်။ အယ်လ်ကိုဟောမပါဘဲ ပရုတ် လိုမျိုး ပါဝင်ပစ္စည်းပါတဲ့ Mouthwatsh သုံးသင့်ပါတယ်။ ခံတွင်းဆေးရည် သုံးမယ်ဆိုရင်လည်း သွားတိုက်ပြီး ၁၅ မိနစ် ကြာမှ သုံးတာဟာ ပိုပြီး ထိရောက်ပါတယ်။

(၇) ဆေးလိပ်ဖြတ်ပါ

Source: Angela Evanson, DDS

ဆေးလိပ်သောက်တာ ၊ ကွမ်းစားတာဟာ တော်တော်လေး ဆိုးတဲ့ ကျန်းမာရေးပြဿနာပါ။ ဆေးလိပ်ကြောင့် အဆုတ်ထိခိုက်တာအပြင် လူရဲ့ ဥပဓိရုပ်ပါ ထိခိုက်လာတတ်ပါတယ်။ လိုအပ်မယ်ဆိုရင် သွားဆရာဝန်တစ်ယောက်ယောက်နဲ့ တိုင်ပင်ပြီး ခံတွင်းကျန်းမာရေးအတွက် Oral Hygiene လုပ်တာ လုပ်သင့်ပါတယ်။