လူတိုင်းဘဝမှာ တစ်ကြိမ်တစ်ခါတော့ အသည်းကွဲဖူးကြမှာပါ။ အသည်းကွဲခြင်းရဲ့နောက်ဆက်တွဲက စိတ်ရောလူပါ ပြိုလဲတဲ့အထိ ခံစားချက်တွေပြင်းထန်တာပါပဲ။ တချို့ကလည်း အသည်းကွဲတဲ့ဒဏ်ကြောင့် အိပ်ယာထဲလဲသွားရသလို တချို့ကလည်းကိုယ့်ကိုယ်ကိုထိခိုက်နာကျင်မှုတွေဖြစ်စေတဲ့အထိ လုပ်မိလုပ်ရာလုပ်တက်ကြပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ ချစ်သူနဲ့လမ်းခွဲပြီးနောက် အသည်းကွဲဝေဒနာကို ပြင်းပြင်းထန်ထန်မခံစားရအောင်ဘာတွေလုပ်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) စိတ်ခံစားချက်နောက်မလိုက်ပါနဲ့

Sourse : IN-LIGHT-MENT

လမ်းခွဲပြီးတဲ့နောက်မှာ ခံစားရတဲ့ခံစားမှုတွေအပေါ် စိတ်နစ်လိုက်ရင် အသည်းကွဲဝေဒနာတွေက ပိုပြီးဆိုးသွားစေပါတယ်။ ခံစားချက်တွေနောက်ကို စိတ်လွတ်ပြီးလိုက်မိရင် ကိုယ့်ကိုယ်ကိုပြန်တည်ဆောက်ဖို့ကိုမေ့သွားတက်ပါတယ်။ဒါကြောင့် ဘာပဲဖြစ်ဖြစ်လမ်းခွဲလိုက်ပြီးပြီဆိုရင် လက်ရှိအခြေအနေကိုလက်ခံပြီး အကောင်းဆုံးဘယ်လိုရှေ့ဆက်ရမလဲဆိုတာပဲတွေးသင့်ပါတယ်။

(၂) ကိုယ့်ကိုယ်ကိုအပြစ်မတင်ပါနဲ့

Sourse : 123RF.com

တစ်ခါတစ်လေ လမ်းခွဲပြီးတဲ့နောက်မှာ ငါမှားသွားလား ငါအပြစ်တွေကြောင့်လား စသဖြင့် ကိုယ့်ကိုယ်ကိုအပြစ်တင်တဲ့မေးခွန်းတွေကို ထပ်တလဲလဲ မေးမိတက်ပါတယ်။ ဒါကလက်ရှိအခြေအနေကို ပိုကောင်းစေဖို့မရှိဘဲ ကိုယ့်ကိုယ်ကိုအတွေးတွေနဲ့ ပိတ်လှောင်မွန်းကြပ်လာစေမှာဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ်လမ်းခွဲပြီးရင် အမှားအမှန်ခွဲခြားနေတာတွေ ကိုယ့်ကိုယ်ကိုအပြစ်တာတွေကိုရှောင်ကျဉ်သင့်ပါတယ်။

(၃) သူ့အကြောင်းတွေမစုံစမ်းပါနဲ့

Sourse : MeetMindful

သူအဆင်ပြေရဲ့လား ဘာတွေလုပ်နေလဲ ဘယ်တွေသွားနေလဲစသည်ဖြင့် သူ့အကြောင်းတွေကို သူငယ်ချင်းတွေကနေတဆင့်စုံစမ်းတာမျိုး ဖေ့ဘွတ်ခ်အကောင့်တွေလိုက်ကြည့်နေတာမျိုးတွေမလုပ်သင့်ပါဘူး။ လမ်းခွဲလိုက်ပြီးပြီဆိုရင် အားလုံးက ကိုယ့်ဘဝနဲ့ ကိုယ်ဖြစ်သွားပါပြီ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုသာ အဆင်ပြေအောင် ဂရုစိုက်သင့်တာဖြစ်ပါတယ်။