ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်ထဲမှာ နေရတာ ကြာလာရင် ဝိတ်တက်ပြီး Fatty ဖြစ်နိုင်ပါတယ်။ တစ်ခါမှ အိမ်ထဲမှာ ဒီလောက် ကြာကြာ မနေဖူးတော့ Stay Home Culture အပြောင်းအလဲဟာ သင့်ရဲ့ စိတ်ပိုင်းအပြင် ရုပ်ပိုင်းပါ အများကြီး သက်ရောက်မှု ဖြစ်နိုင်ပါတယ်။
ကျန်းမာတဲ့ ကိုယ်ခန္ဓာတစ်ခု ပိုင်ဆိုင်ဖို့ဆိုရင် Body Weight ကို ကျန်းမာတဲ့ နည်းလမ်းတွေနဲ့ ထိန်းဖို့ လိုပါတယ်။ အိမ်ထဲမှာ အခန်းအောင်နေရင်းနဲ့ Healthy Body ဖြစ်ဖို့ အခုပြောမယ့်နည်းလမ်းတွေက ကူညီပေးနိုင်ပါတယ်။

(၁) အသီးအနှံများများစားပါ

Photo: Unsplash

အပင်ကနေ ဖြစ်တဲ့ ပဲအမျိုးမျိုး ၊ မှို ၊ ခရမ်းချဉ် ၊ ပန်းဂေါ်ဖီစိမ်း စတဲ့ အသီးအရွက်တွေဟာ လိုအပ်တဲ့ အာဟာရဓါတ်ကိုဖြည့်ပေးတဲ့အပြင် ခန္ဓာကိုယ် ဝိတ်ကိုပါ ထိန်းပေးနိုင်ပါတယ်။ အသီးအနှံတွေကို စားသုံးမယ်ဆိုရင် အရောင်စုံ အမယ်စုံ စားပေးသင့်ပါတယ်။ အရွက်အစားများမယ်ဆိုရင် အဆီပိုတွေလည်း အဖြစ်နည်းစေပါတယ်။

(၂) ပုံမှန်လေ့ကျင့်ခန်း လုပ်ပါ

Photo: Freepik

Gym သွားစရာမလိုဘဲ အိမ်ထဲမှာတင် အားကစားလုပ်လို့ ရပါတယ်။ ဒိုက်ထိုး ၊ အိပ်ထမတင် ၊ တံတောင်ထောက် စတဲ့ လေ့ကျင့်ခန်းတွေဟာ နေရာလည်း သိပ်မစားသလို ဘာပစ္စည်းပစ္စယအကူအညီမှလည်း မလိုပါဘူး။ နေရာမရွေ့ ရွရွလေး ပြေးတာ ၊ အကြောလျှော့တာနဲ့ Cardio ကစားတာတွေကလည်း လွယ်ကူရိုးရှင်းသလောက် ထိရောက်မှု ရှိတဲ့ အိမ်တွင်းလေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။

(၃) အချိန်မှန်အိပ်ပါ

Photo; Freepik

အိပ်စက်ချိန် မှန်ကန်ဖို့ကလည်း အရေးကြီးပါတယ်။ အိပ်ချိန်မမှန်ရင် ကိုယ်အလေးချိန် တိုးနိုင်ပါတယ်။ အိပ်စက်ခြင်းဟာ သင့်ကိုယ်တွင်းစနစ်ကို ပြန်မောင်းနှင်ပေးပြီး ပျက်စီးနေတဲ့ အပိုင်းတွေကို ပြုပြင်ပေးနိုင်ပါတယ်။ အိပ်ချိန်နည်းလွန်း / များလွန်း / နောက်ကျလွန်းတာ ၊ အိပ်ခါနီး အစာစားတာတွေဟာ ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေပြီး ကဘ်လိုရီ ပိုတက်စေပါတယ်။

(၄) အသက်ရှုလေ့ကျင့်ခန်း လုပ်ပါ

Photo: Freepik

အသက်ကို နက်နက်ရှိုင်းရှိုင်း ရှုခြင်းဟာ ကျန်းမာတဲ့ ကိုယ်ကာယဖြစ်စေဖို့ အထောက်အပံ့ပေးပါတယ်။ နှာခေါင်းနဲ့ အသက်ရှု ပါးစပ်နဲ့ မှုတ်ထုတ်တဲ့ စက်ဝိုင်းပုံ အသက်ရှုစနစ်ကို တစ်နေ့ ၅ မိနစ်ကနေ ၁၀ မိနစ် လုပ်ပေးမယ်ဆိုရင် အတွေးနဲ့ လုပ်ရပ်တွေကို ပိုပြီး သိလာပြီး ထိန်းချုပ်နိုင်ပါတယ်။ ဒီလို ထိန်းချုပ်နိုင်တာကြောင့် အစားအစာ စားခြင်း ၊ စိတ်ခံစားမှု အခြေအနေနဲ့ လေ့ကျင့်ခန်း လုပ်မှုတွေကို ပိုပြီး ထိန်းချုပ်လာနိုင်မှာ ဖြစ်ပါတယ်။