ဘဝမှာအောင်မြင်မှုရဖို့အတွက် အဓိကသော့ချက်တွေ လိုအပ်ပါတယ်။ အဲ့သော့ချက်တွေထဲက အရေးကြီးတဲ့သော့ချက်တစ်ခုကတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့ပါပဲ။ ယောကျာ်းပီသတဲ့ဆွဲဆောင်မှုတစ်ခုကလည်း Self-Confident လို့ ခေါ်တဲ့ မိမိကိုယ်မိမိယုံကြည်မှုရှိနေတဲ့အချက်ပဲဖြစ်ပါတယ်။
Photo : Freepik
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့အတွက် ဆုံးဖြတ်ချက်တွေ မှန်ကန်ဖို့လိုပါတယ်။ မှန်ကန်တိကျတဲ့ဆုံးဖြတ်ချက်တွေနဲ့ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်တဲ့အခါ ကိုယ့်ကိုကိုယ်ယုံကြည်မှုက သေချာပေါက်မြင့်မားလာပါလိမ့်မယ်။
အလုပ်ကိစ္စဖြစ်စေ၊ လူမှုရေးကိစ္စဖြစ်စေ လူအများနဲ့ပြောဆိုဆက်ဆံရတဲ့အခါ တိကျပြတ်သားမှုတွေရှိပါစေ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့သူတစ်ယောက်မှာ မပြတ်သားတဲ့တွေဝေမှုတွေ မရှိသင့်ပါဘူး။
လူအများနဲ့ထိတွေ့ဆက်ဆံရတဲ့အခါမှာ ဗဟုသုတပြည့်စုံတဲ့သူတစ်ယောက် ဖြစ်နေပါစေ။ ပြင်ပဗဟုသုတတွေ၊ စာပေဗဟုသုတတွေ ပြည့်ဝနေတဲ့အခါ စကားပြောဆိုရာမှာ ပိုမိုရဲရင့်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ တိုးပွားလာမှာပဲဖြစ်ပါတယ်။
Photo : Freepik
ကြုံတွေ့လာတဲ့ကိစ္စရပ်တွေပေါ်မှာ ဆုံးဖြတ်ချက်မှန်ကန်ဖို့အတွက်က လေးနက်တဲ့တွေးခေါ်မှုတွေလိုပါတယ်။ အရာရာတိုင်းကို သေချာစဉ်းစားတွေးခေါ်တဲ့အကျင့်ကနေ ဘဝအတွက်ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေကို မွေးဖွားပေးနိုင်ပါလိမ့်မယ်။