အချစ်မှာမမြင်တဲ့ စွမ်းအားတွေများစွာရှိပြီး ဖန်တီးလုပ်ယူလို့မရတဲ့ ခံစားမှုတွေလည်းရှိပါတယ်။ ဒီနေ့ပြောပြပေးမယ့် အချက်လေးတွေကတော့ သင်ဟာလူတစ်ယောက်ကိုတကယ် ချစ်မိသွားပြီဆိုရင်သူ့အလိုလိုပြောင်းလဲလာမယ့်အရာလေးတွေဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဆက်ဖတ်ကြည့်လိုက်ရအောင်။
လူတစ်ယောက်ဟာ တကယ်ပဲ အချစ်စစ်နဲ့ ချစ်မိသွားပြီဆိုရင် မမြင်နိုင်တဲ့ ပါဝါတွေရလာတက်ပါတယ်။ ကိုယ်ချစ်တဲ့သူအတွက် ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပေးနိုင်တယ်။ ဘယ်လိုအခက်အခဲအတားအဆီးကိုမဆို ချစ်ရတဲ့သူရဲ့လက်ကိုဆွဲပြီး ဖြတ်ကျော်ရဲတဲ့ဆိုတဲ့ သတ္တိမျိုးတွေ ခွန်အားတွေ ရရှိသွားတက်ပါတယ်။

Source : Freepik
နှလုံးသားရဲ့ ခံစားချက်တွေက အားပိုကြီးလာတဲ့အခါ အခြေအနေမတူညီတဲ့လူနှစ်ယောက်ကြားမှာတောင် ငွေကြေးတွေ ဂုဏ်ဒြပ်တွေ စည်းစိမ်းချမ်းသာနှင့် အဆင့်အတန်းတွေ ဆိုတာမရှိနိုင်တော့ပါဘူး။ ဒီလိုအရာတွေကိုအပေါ်ယံ ပကာသနတွေလို့မြင်မိပြီး နှစ်ယောက်အတူတူရှိနေရတဲ့အချိန်တွေကသာ ပိုပြီးတန်ဖိုးရှိတဲ့အရာလို့သတ်မှတ်လာတက်ကြပါတယ်။
အားလုံးသိကြတဲ့အတိုင်း ကိုယ့်ကလူတစ်ယောက်ကို တကယ်ချစ်မိသွားပြီဆိုရင် အဲ့ဒီလူရဲ့ အားနည်းချက်တွေ ချို့ယွင်းချက်တွေကို ကိုယ့်အနေနဲ့ အပြစ်တစ်ခုတော့ မမြင်တော့ပါဘူး။ ကိုယ့်ချစ်သူရဲ့ဖြစ်တည်မှုအားလုံးကိုလက်ခံပြီး အဲ့ဒီအားနည်းချက်တွေ ချို့ယွင်းချက်တွေကို ကိုယ်တိုင်ဖေးမချင်စိတ် ကာကွယ်ပေးချင်စိတ်တွေပါဖြစ်လာတက်ပါတယ်။
Source : Freepik
အချစ်စစ်နဲ့ တကယ်ချစ်တဲ့သူတွေက အချစ်ဟာ ပေးဆပ်ခြင်းလား ရယူခြင်းလားဆိုတာမေးခွန်းထုတ်မနေတော့ပါဘူး။ ကိုယ်ချစ်သူပျော်ရွှင်ဖို့ စိတ်ချမ်းသာဖို့ အတွက်ပဲ ဦးစားပေးစဉ်းစားလာမှာဖြစ်ပြီး သူ့အတွက်ဘယ်အရာကိုမဆို စွန့်လွတ်အနစ်နာခံဖို့ အသင့်ရှိနေတက်ပါတယ်။ ဒါဟာတကယ်ပဲ အချစ်စစ်နဲ့ ချစ်မိသွားတဲ့အခါဖြစ်ပေါ်လာတက်တဲ့ ခံစားမှုတစ်ခုဖြစ်ပါတယ်။
