ဝိတ်တက်ဖို့ကြိုးစားနေတဲ့ ကွီးတို့အတွက် ဝိတ်တင်နိုင်မယ့် နည်းလမ်းတွေကို ဒီဆောင်းပါးလေးမှာ ပြောပြပေးသွားမှာပါ။

ပထမဆုံးအရေးကြီးတာက အစာအဟာရ ပြည့်ဝဖို့နဲ့အချိန်မှန်စားဖို့ပါ။ မနက်စာနေ့လည်စာညစာကို အချိန်မှန်မှန်စားပေးပါ။ ကိုယ်က ကိုယ်အလေးချိန်တက်ဖို့ ရည်ရွှယ်ထားတာဖြစ်တာကြောင့် အစားစားတဲ့အခါ ကာဗွန်ဟိုက်ဒရိတ် ပရိုတင်းနဲ့ အဆီဓာတ်မြင့်မားတဲ့အစားအစာတွေကိုဦးစားပေးစားသုံးပေးရပါမယ်။

man in apron holding plate with delicious beef steak

Photo : Crello

နောက်ပြီး ကိုယ်စားလိုက်တဲ့အစားအစာတွေထဲမှာ ပရိုတင်းဓာတ်မပါရင် ကြွက်သားတွေအဖြစ်ကနေ အဆီထုအဖြစ်သို့ပြောင်းလဲသွားနိုင်ပါတယ်။ ပရိုတင်းဓာတ်ကကြွက်သားတက်လာဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်တာကြောင့် နေ့စဉ်အစားအစာတွေထဲမှာပရိုတင်းဓာတ်ပါဖို့လိုပါတယ်။အသားများ ငါးများ ဥအမျိုးမျိုး နို့ထွက်ပစ္စည်းများ ပဲများ အခွံမာသီးတွေမှာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဒီလိုအစားအစာတွေများများစားသုံးပေးဖို့လိုအပ်ပါတယ်။

လေ့ကျင့်ခန်းအတွက်ကတော့ ဖြစ်နိုင်ရင်အလေးတုံးတွေဝယ်ထားပါ။ အလေးတုံးမရှိလည်း အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ ကြံဖန်ပြီး ကစားလို့ရပါတယ်။ YouTube ကနေလည်း tutorial ဗီဒီယိုလေးတွေကြည့်ပြီး ကိုယ်လက်လှုပ်ရှားမှုပြုလုပ်လို့ရပါတယ်။ဒါမှလည်းကြွက်သားထုတည်တက်လာမှာဖြစ်ပြီး ကျန်းကျန်းမာမာနဲ့ ခန္ဓာကိုယ်လှပစွာ ဝိတ်တက်လာမှာပါ။

man doing plank exercise with dumbbells on fitness mat in living room

Photo : Crello

သင်ကဝိတ်တက်ချင်တယ်ဆိုရင်တော့ အိပ်ချိန်မှန်ဖို့ အထူးဂရုစိုက်ရပါမယ်။ အနည်းဆုံး (၇) နာရီအိပ်စက်ဖို့လိုအပ်ပြီး ညဘက်တွေမှာ စောစောအိပ်ရာဝင်ဖို့အကြံပြုချင်ပါတယ်။

Featured Photo : Crello