လူမှုဆက်ဆံရေးကျွမ်းကျင်သူတွေရဲ့ နယ်ပယ်မှာ ၇ စက္ကန့် ပုံရိပ်ကောင်း First Impression ဆိုတဲ့ စကားရှိပါတယ်။ သဘောက လူတစ်ယောက်အပေါ် မြင်မြင်ချင်း အထင်မြင်ကောင်းစေဖို့ ၇ စက္ကန့်ပဲ လိုတယ်လို့ ဆိုပါတယ်။ တစ်ဖက်ကကြည့်ရင် ကိုယ့်ကို အထင်သေးသွားဖို့လည်း ၇ စက္ကန့်ပဲ ကြာတယ်လို့ ပြောနိုင်ပါတယ်။
တကယ်တော့ လူတစ်ယောက်ကို အထင်အမြင်ကောင်း/ဆိုးစေတဲ့ အဖြစ်ဟာ အဓိကအားဖြင့် လူရဲ့ ကိုယ်ဟန်အမူအရာ Body Language က အခရာကျပါတယ်။ ဒါကြောင့် လူအချင်းချင်း စပြီး တွေ့တဲ့ ၇ စက္ကန့်အတွင်း Impression ကောင်းမြင်အောင် ရှောင်သင့်တဲ့အချက်လေးတွေ ပြောပြပေးချင်ပါတယ်။

(၁) လက်ဆွဲနှုတ်ဆက်နည်း မတတ်တာ

business-people-handshake-greeting-deal-work

Photo: Freepik

ယောင်္ကျားတစ်ယောက်ရဲ့ လက်ဆွဲနှုတ်ဆက်တဲ့ပုံစံဟာ မိန်းကလေးတစ်ယောက်လို မထိတထိ ပျော့တိပျော့ဖတ်မဖြစ်ဖို့ လိုပါတယ်။ အားမပါတဲ့ လက်ဆွဲနှုတ်ဆက်မှုဟာ ရှက်ကြောက်ပြီး စိုးရိမ်အားကြီးနေတယ်ဆိုတာကို ဖော်ပြနေတာ ဖြစ်ပါတယ်။ Impression ကောင်းစေဖို့ ယောင်္ကျားပဲ ဖြစ်ဖြစ် မိန်းမပဲ ဖြစ်ဖြစ် ၃/၄ စက္ကန့်လောက်ပဲ ကြာမယ့် လက်ဆွဲနှုတ်ဆက်မှုမှာတော့ လက်ကို ခိုင်ခိုင်ဆွဲ မြဲမြဲဆုပ် နှုတ်ဆက်ဖို့ လိုပါတယ်။

(၂) ဝတ်စားပုံ နေရာမကျတာ

man-s-hand-choosing-black-color-t-shirt-from-collection-black-gray-white-t-shirt-wooden-hanger

Photo: Freepik

လူတွေ အရင်ဆုံး သတိထားမိတဲ့အရာက သင့်ရဲ့စတိုင်ဆိုတာ သတိထားပါ။ လူတော်တော်များများဟာ သင့်ကို စက္ကန့်ပိုင်းအတွင်း ခေါင်းအစ ခြေအဆုံး အကဲဖြတ် Scan ဖတ်နိုင်စွမ်းရှိပါတယ်။ လူကို အဝတ်အစားနဲ့ မဆုံးဖြတ်ပါနဲ့ဆိုပြီး ပြောကြပေမယ့် လူတွေရဲ့ မသိစိတ်ထဲမှာ အဝတ်အစားဝတ်စားဆင်ယင်ပုံကို အလေးထားတဲ့ စိတ်က ရှိတတ်တာပါပဲ။ အဝတ်အစားနဲ့ တစ်ဆက်တည်း ဆင်ခြင်ရမှာက ချွေးစော်တွေ နံ့နေတာ ၊ အဝတ်အစားက အနံ့အသက်မကောင်းတာမျိုး မဖြစ်ဖို့ပါပဲ။ အနံ့တွေက လူရဲ့ စိတ်ခံစားချက်ကို တိုက်ရိုက်သတင်းပေးပို့နိုင်ပါတယ်။ သင့်ကို တစ်နည်းနည်းနဲ့ သဘောကျအောင် ၊ သဘောမကျအောင် လုပ်နိုင်တဲ့အရာကလည်း သင့်ခန္ဓာကိုယ်က ရနံ့ပဲ ဖြစ်ပါတယ်။

(၃) ချိန်းထားတဲ့ နေရာကို နောက်ကျပြီး ရောက်တာ

man-s-hand-choosing-black-color-t-shirt-from-collection-black-gray-white-t-shirt-wooden-hanger

Photo: Freepik

အချိန်မလေးစားတဲ့သူကို ဘယ်သူမှ သဘောကျမှာ မဟုတ်ပါဘူး။ ဘယ်သူမဆို တစ်ယောက်ယောက်ကို စောင့်ဆိုင်းနေရတာမျိုး လုပ်ရမှာ စိတ်မရှည်နိုင် ဖြစ်တတ်စမြဲပါပဲ။ ကိုယ်နဲ့ သိဟောင်းကျွမ်းဟောင်းတွေဆိုရင် အချိန်နောက်ကျပြီးမှ ချိန်းတဲ့နေရာ ရောက်တတ်တာ ပြဿနာမဟုတ်ပေမယ့် အခုမှ စတွေ့တဲ့သူနဲ့ ချိန်းထားတဲ့အချိန် ချိန်းထားတဲ့နေရာကို မရောက်ဖြစ်တာကတော့ ကိုယ့်ကို အထင်အမြင်သေးသွားနိုင်တယ်ဆိုတာ သတိပြုပါ။

(၄) ရှက်/ကြောက်နေတာ

two-successful-businessmen-discussing-business

Photo: Freepik

ကိုယ်နဲ့ မျက်နှာချင်းဆိုင် တွေ့နေရတဲ့လူကို စကားရဲရဲ မပြောရဲတာ ၊ သူ့ရှေ့မှာ အနေခက်နေပြီး လက်မောင်းတွေ ပိုက်ထားမိတာ ၊ မျက်လုံးချင်း မဆိုင်ရဲသလို ဖြစ်ပြီး ပျာရီးပျာယာဖြစ်တာမျိုးဟာ စတွေ့တွေ့ချင်း Impression ကျစေတဲ့ အချက်ထဲမှာ ပါပါတယ်။ တစ်ဖက်လူရဲ့ အမြင်မှာ သင်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့သူ ၊ ဘာမဟုတ်တာနဲ့ ရှက်နေပြီး အပေါင်းအသင်းလုပ်ဖို့ ခက်တဲ့သူအဖြစ် ထင်သွားနိုင်ပါတယ်။

(၅) အပြောအဆို မတတ်တာ

man at meeting

Photo: Freepik

တချို့သူတွေက အပြောမတတ်တာကြောင့် သူတို့ကို ကြည့်ရတာ ရိုင်းသလို ခံစားရတတ်ပါတယ်။ အပြောအဆိုမတတ်တာလောက် လူမှုဆက်ဆံရေးမှာ ညံ့တာမရှိပါဘူး။ ဒီပြဿနာမျိုးရှိတဲ့သူဟာ ကိုယ့်ကိုယ်ကို အမြဲ စကားအပြောအဆို တတ်အောင် ဂရုတစိုက် သင်ယူပြုပြင်သွားဖို့ လိုပါတယ်။