ကိုယ်အလေးချိန်လျော့ချဖို့စဉ်းစားနေပြီလား။ ကိုယ်အလေးချိန်လျော့ချမယ်ဆိုရင် အစားအသောက်နဲ့ လေ့ကျင့်ခန်းက အဓိကကျတယ်ဆိုပေမယ့် တခြားသောမေ့မထားသင့်တဲ့အချက်တွေလည်းရှိနေပါသေးတယ်။ ဘာတွေလဲဆိုတာလေ့လာကြည့်ရအောင်။

(၁) မနက်စာစားဖို့မမေ့ပါနဲ့

Source : Active.com

မနက်စာရှောင်တာက ကိုယ်အလေးချိန်လျော့ချတဲ့နေရာမှ အသုံးမဝင်ပါဘူး။ မနက်စာကိုရှောင်လိုက်ရင် သင့်အနေနဲ့ ဆာလောင်မွတ်သိပ်မှုဒဏ်ကိုပိုမိုခံစားရစေနိုင်ပါတယ်။ မနက်စာမစားရင် နေ့လည်စာကိုအတိုးချ စားမိတာကြောင့် ကိုယ်အလေးချိန်ပိုတက်စေနိုင်ပါတယ်။

(၂) အချိန်မှန်စားပါ

Source : Freepik

အစားအစာကိုအချိန်မှန်စားသုံးခြင်းက ကယ်လိုရီလောင်ကျွမ်းစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့်မနက်စာ နေ့လည်စာ ညစာကို အချိန်မှန်စားသုံးပေးပါ။အဆီဓာတ် သကြားဓာတ်များတဲ့အစားအစာတွေနဲ့ ကစီဓာတ်ပါဝင်တဲ့အစားအစာတွေကို ရှောင်ပေးဖို့အပ်ပါတယ်။

(၃) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

Source : Showbiz Cheat Sheet

ကိုယ်အလေးချိန်လျော့ချမယ့်သူတွေအနေနဲ့ အရေးကြီးဆုံးဖြစ်တဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ အစားလျော့စားရုံတစ်ခုတည်းနဲ့တော့ ကိုယ်အလေးချိန်ကျဖို့လုံလောက်မှာမဟုတ်တာကြောင့် လေ့ကျင့်ခန်းကို ဦးစားပေးပြီး နေ့စဉ်ပုံမှန်ပြုလုပ်ပေးပါ။ လေ့ကျင့်ခန်းက ခန္ဓာကိုယ်မှအဆီပိုတွေကိုလောင်ကျွမ်းစေဖို့ ကူညီပေးမှာဖြစ်ပါတယ်။

(၄) ရေများများသောက်ပါ

Source : MPORT.UA

ကိုယ်အလေးချိန်လျော့ချချင်သူတွေအနေနဲ့ ရေများများသောက်သုံးပေးဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကလိုအပ်တဲ့ရေဓာတ်ပမာဏကိုလုံလောက်အောင်ဖြည့်တင်းပေးမယ်ဆိုရင် ကယ်လိုရီလောင်ကျွမ်းစေဖို့တွန်းအားဖြစ်စေပြီး ကိုယ်အလေးချိန်ကျစေမှာဖြစ်ပါတယ်။

(၅) အမျှင်ဓာတ်များတဲ့အစားအစာတွေစားပါ

Source : HelpGuide.org

အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အစားအစာတွေက သင့်ကိုဆာလောင်မွတ်သိပ်မှု
ဒဏ်မှကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်အမျှင်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွှက် ပေါင်မုန့် ဆန်လုံးညို ပဲအမျိုးမျိုးစတဲ့ အစားအစာတွေကိုများများစားသုံးပေးဖို့လိုအပ်ပါတယ်။