ဘဝတစ်လျောက်လုံး ကိုယ်နဲ့အဆင်ပြေပြေ လက်တွဲနိုင်မယ့် ချစ်သူမျိုးလူတိုင်းလိုချင်ကြပါတယ်။ လူတိုင်းမှာတော့ အားနည်းချက် အားသာချက်လေးတွေရှိတက်တာမို့ ပြီးပြည့်စုံတဲ့ သူတစ်ယောက်ဖြစ်ဖို့တော့ မျှော်လင့်ထားလို့မရပါဘူး။ ဒါပေမယ့် ယေဘုယျအားဖြင့် အခုပြောပြမယ့်အချက်တွေကြည့်ပြီး ရွေးချယ်မယ်ဆိုရင်တော့ ရေရှည်လက်တွဲလို့ရနိုင်တဲ့ ချစ်သူကောင်းတစ်ယောက်ဖြစ်နိုင်ပါတယ်။

(၁) နှလုံးသားလှသူ

Source : Elite Daily

အချစ်ကိုရွေးချယ်ရာမှာ ရုပ်လှဖို့ထက် စိတ်နှလုံးသားလှဖို့က ပိုပြီးအရေးကြီးပါတယ်။ ရုပ်ပိုင်းဆိုင်ရာအလှတရားက ရေရှည်တည်မြဲနေမှာမဟုတ်ပါဘူး။ စိတ်ထားဖြူစင်တဲ့ အလှတရားကသာ အချိန်တွေကြာတဲ့အထိ မပျောက်ပျက်ပဲရှိနေမှာပါ။ ဒါကြောင့် ရုပ်လှသူထက်စိတ်နှလုံးသာလှသူကို ပိုပြီးရွေးချယ်သင့်ပါတယ်။

(၂) ရောင့်ရဲတင်းတိမ်နိုင်သူ

Source : Eco Health Lab

ယနေ့ခေတ်အမျိုးသမီးအများစုက လိုချင်တပ်မက်မှုများစွာကို ရင်ဝယ်ပိုက်ထားကြသူတွေပါ။ ကိုယ့်ဘက်က ဖြည့်ဆည်းပေးနိုင်တဲ့အချိန်မှာ အဆင်ပြေပေမယ့် ကိုယ်အနေနဲ့ လိုအပ်ချက်တွေရှိလာရင်အချိန်မရွေး ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် လိုအပ်တပ်မက်စိတ်မများတဲ့ ရောင့်ရဲတင်းတိမ်နိုင်စိတ်ရှိတဲ့ မိန်းကလေးတွေကို ဦးစားပေးရွေးသင့်ပါတယ်။

(၃) မျှဝေခံစားပေးနိုင်သူ

Source : Peace Quarters

ချစ်သူရယ်လို့ဖြစ်လာရင် တစ်ယောက်ကိုတစ်ယောက်နားလည်မှုအပြည့်နဲ့ တစ်ယောက်ရဲ့စိတ်ကိုတစ်ယောက်က ခံစားနိုင်လည်ပေးနိုင်တက်ဖို့ကလည်းအရေးကြီးပါတယ်။ အေးလဲအတူ ပူလဲအမျှ တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေ မျှဝေပေးနိုင်ရမှာဖြစ်ပါတယ်။ ဒီလိုမျှဝေခံစားတက်သူ ကိုယ်ချင်းစာစိတ်ရှိသူတွေကသာ ဘဝအတွက်လက်တွဲသင့်တဲ့ ချစ်သူကောင်းတစ်ယောက်ပါ။

(၄) အတ္တမဆန်သူ

Source : First Things First

ချစ်သူနှစ်ဦးကြားမှာ တစ်ကိုယ်ကောင်းဆန်ခြင်း အတ္တကြီးခြင်းတွေက အသုံးမဝင်ပါဘူး။ အတ္တစိတ်နဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းတွေကသာ ချစ်သူနှစ်ဦးဝေးဖို့ကို တွန်းအားဖြစ်စေတာပါ။ ဒါကြောင့် ချစ်သူရွေးချယ်တော့မယ်ဆိုရင် အတ္တကြီးတဲ့စိတ်ရှိသူ တစ်ကိုယ်ကောင်းဆန်တက်သူတွေကို အရွေးမမှားမိစေဖို့ သတိပြုသင့်ပါတယ်။