ကိုယ် စိတ်ဝင်စားနဲ့ အလုပ်ကြော်ငြာစာတစ်ခုကို မြင်လိုက်ပြီးနောက် ကိုယ်ရေးရာဇဝင်လည်း တင်ထားပြီးပြီ။ ထိုအလုပ်က သူတို့အင်တာဗျူးကို လာဖြေဖို့ အကြောင်းလာပြီဆိုရင်တော့ ၄၀ ရာခိုင်နှုန်းခန့် အောင်မြင်ပြီလို့ ယူဆနိုင်ပါတယ်။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကတော့ သင် အင်တာဗျူးမှာ ဘယ်လိုနေထိုင် ပြုမူဖြေဆိုခဲ့သလဲဆိုတဲ့အချက်ပေါ် မူတည်ပါတယ်။
မိမိသွားဖြေမယ့် အင်တာဗျူးကို အောင်မြင်စွာဖြေဆိုချင်ပြီး သေသေချာချာအစွမ်းပြချင်တဲ့ ယောကျာ်းများအတွက် သိထားသင့်တဲ့ အချက်များကို ဝေမျှပေးချင်ပါတယ်။
ကိုယ်လက်အမူအရာဖြင့် ဆက်ဆံတတ်အောင် လေ့ကျင့်ပါ
Photo Source: Gentlemansgazette.com
မိမိကိုယ်ကို မိမိ ယုံကြည်မှုရှိကြောင်းကို ပြသနိုင်ဖို့ရန်အတွက် ခန္ဓာကိုယ်အနေအထားကို မတ်မတ်နေပါ။ မိမိကို စကားပြောနေတဲ့သူနဲ့ မျက်လုံးချင်းဆုံပြီး စကားပြောပါ။ လက်ဆွဲနှုတ်ဆက်တဲ့အခါ လျော့တိလျော့ရဲနှုတ်ဆက်တာမျိုးမဟုတ်ဘဲ လက်ကို သေချာဆုပ်ကိုင်ကာ လက်ဆွဲနှုတ်ဆက်ပါ။ ဒီအချက်သည် အင်တာဗျူးအခန်းကို ဝင်လိုက်ပြီဆိုတာနဲ့ ပထမဦးဆုံး ပြုမူရမယ့်အချက်ပဲဖြစ်ပါတယ်။
သပ်သပ်ရပ်ရပ် ဝတ်ဆင်သွားပါ
Photo Source: Moneycrashers.com
လူအများစုသည် သူစိမ်းတစ်ယောက်ကို အကဲဖြတ်တဲ့အခါ သူ့ရဲ့ဝတ်ပုံစားပုံကို ဦးစွာကြည့်ပြီး ဆုံးဖြတ်လေ့ရှိကြပါတယ်။ ဒါ့ကြောင် အင်တာဗျူးအတွက် သပ်သပ်ရပ်ရပ်ဝတ်ဆင်သွားဖို့ အထူးလိုအပ်ပါတယ်။ ဖြစ်နိုင်ရင်တော့ မိမိသွားဖြေမယ့် ကုမ္ပဏီက ဝန်ထမ်းတွေရဲ့ဝတ်စားဆင်ယင်ပုံကို ကြိုတင်လေ့လာထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
စကားအရမ်း မများပါနဲ့
Photo Source: Quickanddirtytips.com
အင်တာဗျူးမေးခွန်းအတွက် လိုအပ်သည်ထက် ပိုပြီးဖြေဆိုခြင်းသည် အမှားများ၊ ဟာကွက်များ ပေါ်ပေါက်လာစေပါတယ်။ ဒါ့ကြောင့် မေးခွန်းအတွက် တိကျတဲ့အဖြေပဲ ပေးပါ။ အလုပ်ကြော်ငြာစာထဲမှာပါတဲ့ အလုပ်အတွက် လိုအပ်တဲ့ အရည်အချင်းများ၊ လိုအပ်ချက်များနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်သွားခြင်းအားဖြင့် ထိုအင်တာဗျူးကို သေချာဖြေဆိုနိုင်ပါလိမ့်မယ်။
မေးခွန်းမေးဖို ဝန်မလေးပါနဲ့
Photo Source: Medium.com
အင်တာဗျူးမေသူက အားလုံးမေးပြီးတဲ့အခါ သင့်မှာ မေးစရာရှိလားလို့ မေးလာပါလိမ့်မယ်။ “မရှိဘူး” လို့ ဖြေလိုက်ရင်တော့ သင်က ဒီအလုပ်အပေါ်မှာ စိတ်ဝင်စားမှုမရှိကြောင်း ပြသရာရောက်ပါတယ်။ ဒါ့ကြောင့်မလို့ အင်တာဗျူး သွားမဖြေခင်ကတည်းက စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းမျိုး မေးနိုင်ဖို့ရန်အတွက် ကြိုတင်ပြင်ဆင်သွားလိုက်ပါ။
ကူကယ်ရာမဲ့နေတဲ့ပုံ မပေါက်ပါစေနဲ့
Photo Source: Bespokeunit.com
မိမိက အလုပ်လက်မဲ့ဖြစ်နေလို့။ ဒီအလုပ်မှ မရရင် စားဝတ်နေရေး မပြေလည်လို့။ ဒီအလုပ်ရဖို့ သေရေးရှင်ရေးတမျှ အရေးကြီးနေတဲ့အတွက်ကြောင့် “ကျေးဇူးပြုပြီး ကျွန်တော့်ကို အလုပ်ခန့်ပါ” ဆိုတဲ့ ပုံစံမပေါက်ပါစေနဲ့။ ထိုကဲ့သို့ ကူကယ်ရာမဲ့နေတဲ့ပုံပေါက်နေရင် မိမိကိုယ်ကို ယုံကြည်မှုမရှိရာရောက်ပါတယ်။ အင်တာဗျူးဖြေတဲ့အခါ “မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း၊ အေးဆေးတည်ငြိမ်ခြင်း၊ စမတ်ကျခြင်း” ဆိုတဲ့ အချက် (၃) ချက်ကို နှလုံးသွင်းထားလိုက်ပါ။
Source: Monster.com