စာအုပ်တစ်အုပ်ပြီးအောင်ဖတ်ဖို့ဆိုတာလွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ယနေ့ခေတ်မှာ အချိန်ကုန်စရာအရာတွေ ဆိုရှယ်မီဒီယာတွေ ဂိမ်းတွေအရမ်းကိုများ တာကြောင့် စာအုပ်ဖို့က ပိုပြီးအချိန်ပေးဖို့ခက်စေတာပါ။ သင့်အနေနဲ့ စာအုပ်တစ်အုပ်ဖတ်ဖို့ရာ ပျင်းနေတဲ့စိတ်တွေကို ပြောင်းလဲချင်တယ် စာအုပ်ဖတ်တဲ့ စွမ်းရည်တိုးတက်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် နည်းလမ်းလေးတွေလုပ်ဆောင်ကြည့်ပါ။

(၁) အချိန်တစ်ခုသတ်မှတ်ပါ

စာအုပ်ဖတ်ဖို့ အချိန်တစ်ခုသီးသန့်သတ်မှတ်ထားခြင်းက စာအုပ်ဖတ်ဖြစ်စေဖို့အတွက် အထောက်ကူဖြစ်ပါတယ်။ အရင်ဆုံး တစ်နေ့ကိုတစ်နာရီလောက်ပဲ စာဖတ်မယ်ဆိုတာမျိုးသတ်မှတ်ပါ။ ကိုယ်သတ်မှတ်ထားတဲ့ စာအုပ်ဖတ်တဲ့အချိန်ရောက်တာနဲ့ ဖုန်းတွေ ဆိုရှယ်မီဒီယာသုံးနေတာတွေ ချက်ချင်းရပ်ပြီး စာအုပ်ကောက်ကိုင်လိုက်ပါ။

(၂) အပြင်သွားတဲ့အခါစာအုပ်ယူသွားပါ

Source : Business Insider

အများစုက အချိန်နည်းနည်းလောက် အားလပ်တာနဲ့ ဖုန်းတွေထုတ်သုံးကြတာပါပဲ။ သင့်အနေနဲ့ စာအုပ်ပိုပြီးဖတ်ဖြစ်ချင်တယ်ဆိုရင်တော့ လုပ်ရမှာတစ်ခုက လက်တလောဖတ်လက်စ စာအုပ်ကိုအိတ်ထဲအမြဲဆောင်သွားဖို့ပါပဲ။ ဘယ်သွားသွား စာအုပ်လေးယူသွားပြီး အားတာနဲ့ ထုတ်ဖတ်လိုက်ပါ။ ဒါဆိုရင် စာပိုဖတ်ဖြစ်မှာသေချာပါတယ်။

(၃) စာသမားတွေနဲ့ မိတ်ဆွေဖွဲ့ပါ

Source : EyeEm

ကိုယ့်သူငယ်ချင်းတွေထဲက စာဖတ်ဝါသနာပါသူတွေနဲ့ အမြဲအဆက်သွယ်လုပ်ပါ။ ဆိုရှယ်မီဒီယာပေါ်က စာပေဝါသနာရှင် Group တွေထဲဝင်ထားပါ။ ဒီလိုစာဖတ်ဝါသနာရှင်တွေနဲ့ မိတ်ဆွေဖွဲ့ခြင်းက ကိုယ်ဖတ်ထားတဲ့ စာအုပ်လေးတွေကို ပြန်လည်မျှဝေလို့ရသလို ကိုယ်မသိသေးတဲ့ စာအုပ်ကောင်းလေးတွေကိုသိနိုင်ပြီး စာအုပ်များများပိုဖတ်ဖြစ်နိုင်ပါတယ်။

(၄) အရေအတွက်သတ်မှတ်ပါ

Source : Shutterstock

တစ်လအတွင်းမှာ စာအုပ်ဘယ်နှစ်အုပ်ပြီးအောင်ဖတ်မယ်ဆိုတာမျိုး သတ်မှတ်လိုက်ပါ။ ကိုယ်သတ်မှတ်ထားတဲ့အရေအတွက်အတိုင်း ပြီးအောင်ဖတ်ပါ။ အနည်းဆုံး တစ်လကို စာအုပ် ၃ အုပ် ပြီးအောင် ဖတ်မယ်ဆိုတာမျိုး ကိုယ့်ကိုယ်ကို စိန်ခေါ်ပြီးဖတ်ကြည့်ပါ။ ဒီလိုတစ်လအတွင်း ဖတ်မယ့်စာအုပ်အရေအတွက်ကို တိတိကျကျသတ်မှတ်လိုက်ခြင်းက စာအုပ်ပိုဖတ်ဖြစ်ဖို့တွန်းအားဖြစ်စေမှာပါ။