လူ့ဘဝကြီးမှာ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့သည် တစ်လှည့်စီ ဖြစ်ပေါ်နေကြတာပါ။ တခါတရံမှာ ပျော်ရွှင်စရာတွေနဲ့လည်း ကြုံတွေ့နိုင်သလို ရံဖန်ရံခါမှာတော့ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။

စိတ်ညစ်စရာတွေကို ဘယ်သူမှ မခံစားချင်ကြတာကြောင့် ဝမ်းနည်းလာပြီဆိုရင် ပျော်ရွှင်မှုကို ထုတ်လုပ်ပေးတဲ့ဟော်မုန်းများကို သိထားမယ်ဆိုရင်တော့ သင့်ရဲ့ဝမ်းနည်းမှုတွေကို ပွားများမလာအောင် တားဆီးနိုင်ပါတယ်။

လေကောင်းလေသန့်ရှူရှိုက်လိုက်ပါ

breathing exercises for men

စိတ်ညစ်လာသလို ခံစားရပြီဆိုတာနဲ့ လေကောင်းလေသန့်တစ်ဝကြီး ရှူရှိုက်လိုက်ပါ။ စိတ်ညစ်စရာများကို အသက်ရှုထုတ်တဲ့အခါ ခန္ဓာကိုယ်အပြင်သို့ လွှင့်ပစ်လိုက်ပါ။ အသက်ရှူထုတ်လိုက်တိုင်းမှာ စိတ်ညစ်စရာများ အဝေးသို့လွှင့်စင်သွားသည့်အလား သတ်မှတ်ကာ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ပေးလိုက်မယ်ဆိုရင် သင့်ရဲ့စိတ်ခံစားချက်များ ပိုမိုကောင်းမွန်လာပါလိမ့်မယ်။

ချောကလက်စားပါ

chocolate for men

ချောကလက်စားခြင်းသည် ခန္ဓာကိုယ်ရောင်ရမ်းခြင်း၊ သွေးပေါင်ကျခြင်းတို့မှ ကာကွယ်ပေးပြီး သင့်ရဲ့စိတ်ခံစားချက်ကိုလည်း ပျော်ရွှင်စေမှာဖြစ်ပါတယ်။ ချောကလက်အမျိုးအစားအများကြီးရှိတဲ့အနက် Dark Chocolate သည် ရိုးရိုးချောကလက်၊ နို့ချောကလက်များထက် အကျိုးသက်ရောက်မှု ပိုမိုမြန်ဆန်စေပါတယ်။

အိမ်မွေးတိရိစ္ဆာန်များရဲ့ အကူအညီရယူပါ

 

tips for men to boost happiness

ကြောင်ကလေး၊ ခွေးကလေးများသည် သူတို့ရဲ့သခင် စိတ်ဓာတ်ကျ ဝမ်းနည်းနေချိန်မှာ သူတို့ရဲ့သခင်ကို နှစ်သိမ့်ပေးတတ်ကြပါတယ်။ အိမ်မွေးတိရိစ္ဆာန်များ မွေးမြူထားခြင်းရဲ့အားသာချက်တစ်ခုပါပဲ။ သူတို့လေးတွေနဲ့ ၁၅ မိနစ်ခန့် ဆော့ကစားပေးလိုက်ပါက စိတ်ဖိစီးစေတဲ့ဟော်မုန်းများ လျော့ကျသွားမှာဖြစ်ပြီး ပျော်ရွှင်မှုကို ပြန်လည်ခံစားရပါလိမ့်မယ်။

လေ့ကျင့်ခန်းပြုလုပ်ပါ

tips for men to boost happiness

စိတ်ညစ်သလို ခံစားရပြီဆိုတာနဲ့ လေ့ကျင့်ခန်း ထလုပ်လိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် လေ့ကျင့်ခန်းပြုလုပ်ပြီးပါက သင့်ရဲ့စိတ်ခံစားချက်များ တစ်ဖန်ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။ ဒါ့အပြင် ခန္ဓာကိုယ်က ပိုမိုပေါ့ပါးလာပြီး လေ့ကျင့်ခန်းမလုပ်ခင်ကထက် ပိုမိုပျော်ရွှင်လာပါလိမ့်မယ်။ ဒါ့အပြင် ညဘက်မှာလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် ကူညီပေးပါလိမ့်မယ်။

Source: Brightside.me

Featured Image Source: Murrayshealthandwellness.com