စမတ်ဖုန်းတွေမှာ အပူလွန်ကဲရခြင်း အကြောင်းအရင်းတွေ များစွာရှိပါတယ်။ ဥပမာအားဖြင့် ဖုန်းကို အချိန်ကြာကြာ အလွန်အကျွံအသုံးပြုခြင်းကြောင့် ဖြစ်နိုင်သလို အက်ပလီကေးရှင်းတွေအများကြီး Run ထားခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး ပတ်ဝန်းကျင်အပူချိန်နဲ့ နေရောင်တိုက်ရိုက်ထိတွေ့မှုတွေကနေလည်း ဖုန်းအပူလွန်ကဲခြင်းကို ဖြစ်စေပါတယ်။

စမတ်ဖုန်းတွေဟာ ပုံမှန်အားဖြင့်အသုံးပြုစဉ်အတွင်း အနည်းငယ် ပူတက်ပေမယ့် ဆက်တိုက်အပူချိန်တက်နေပြီး အပူလွန်ကဲလာပြီဆိုရင်တော့ သင့်ဖုန်းကျန်းမာရေးက ဆိုးရိမ်စရာအနေအထားမှာရှိနေတယ်ဆိုတာ သတိပြုသင့်ပါတယ်။ ကဲဒါဆို စမတ်ဖုန်းအပူလွန်ကဲခြင်းကို ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်နိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) နေရောင်တိုက်ရိုက် ထိတွေ့ခြင်းကိုရှောင်ပါ

AVOID DIRECT SUNLIGHT TO YOUR PHONE

Photo : Medium

ဖုန်းအပူလွန်ကဲခြင်းကို ကာကွယ်ဖို့ အလွယ်ကူဆုံးနည်းလမ်းမှာ သင့်ဖုန်းကို နေရောင်အောက် တိုက်ရိုက်ထိတွေ့မှုမရှိစေရန် ဂရုစိုက်ဖို့ပါပဲ။ စမတ်ဖုန်းတွေက နေရောင်ခြည်က အလင်းရောင်နဲ့ အပူကို စုပ်ယူထိန်းသိမ်းလေ့ရှိတာကြောင့် ကြာလေဖုန်းအပူချိန် တက်လာလေ ဖြစ်တက်ပါတယ်။

(၂) အသုံးမပြုတဲ့ App များပိတ်ထားပါ

 TURN OFF UNUSED APPS ON YOUR PHONE

Photo : Guiding Tech

စမတ်ဖုန်းရဲ့နောက်ကွယ်မှာ အသုံးမပြုပေမယ့်လည်း အော်တို အလုပ်လုပ်နေတဲ့ အက်ပလီကေးရှင်းတွေ ရှိတက်ပါတယ်။ ဒီလိုကိုယ်မသုံးဖြစ်တဲ့ App တွေကို ကိုယ့်ဖုန်းပေါ်တင်မထားပဲ တစ်ခါတည်း ရှင်းထုတ်လိုက်ပါ။ ဖုန်းအပူချိန်တက်ခြင်းကို သက်သာစေမှာဖြစ်သလို အပိုဆုအနေနဲ့ ဘက်ထရီသက်တိုးကိုလည်း တိုးစေမှာဖြစ်ပါတယ်။

(၃) Brightness လျော့သုံးပါ

AVOID TURNING YOUR SCREEN BRIGHTNESS UP

Photo : Aditya Daniel

ဖုန်း Screen အလင်းရောင်ကို အမြင့်ဆုံးထားပြီးသုံးခြင်းဟာလည်း အပူလွန်ကဲစေတဲ့ အကြောင်းရင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ Brightness ကိုတဆုံး တင်သုံးမယ်ဆိုရင် ဘက်ထရီကအလုပ်ပိုလုပ်ရပြီး အပူချိန်ပိုတက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းအသုံးပြုတဲ့အခါ Screen Brightness ကိုအတော်အသင့် ချိန်ပြီး သုံးပေးဖို့ အကြံပြုချင်ပါတယ်။

(၄) Airplane Mode ပြောင်းပါ

TURN YOUR PHONE TO AIRPLANE MODE

Photo : The Guardian

ဖုန်းသိပ်အသုံးမပြုဖြစ်တဲ့ အချိန်အတောအတွင်းမှာ Airplane Mode ခဏတဖြုတ် တင်ထားဖို့ အကြံပြုလိုပါတယ်။ ဖုန်းတစ်လုံးက Airplane Mode တင်ထားပေမယ့် ဖုန်းထဲမှာရှိတဲ့ basic functions တွေကိုတော့ ဆက်အသုံးပြုလို့ရမှာဖြစ်ပြီး ဘက်ထရီကို ထိခိုက်စေနိုင်တဲ့ တခြားမလိုအပ်တဲ့ အရာတွေကိုတော့ ပိတ်ထားပေးမှာဖြစ်ပါတယ်။

(၅) ဖုန်းကာဗာ ချွတ်ထားပါ

TAKE YOUR CASE OFF

Photo : Totallee

ဖုန်းသုံးနေစဉ် အပူချိန်လွန်ကဲလာပါက ဖုန်းကာဗာတွေကို ချွတ်ထားလိုက်ပါ။ ဖုန်းကာဗာ ချွတ်ထားခြင်းက ဖုန်းရဲ့အပူထွက်ပေါက်တွေကို ပိတ်ဆို့ခြင်းမရှိစေပဲ ဖုန်းရဲ့လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်စေပြီး သင့်ဖုန်းကို ပိုမိုမြန်ဆန်စွာ အပူချိန်လျော့ကျသွားစေမှာဖြစ်ပါတယ်။

Featured Photo : Asurion