သွားနှင့်ခံတွင်းကျန်းမာရေးကလည်း မေ့ထားလို့မရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ မိမိရဲ့ သွားလေးတွေက ပုလဲလုံးလေးတွေလို ဖြူဖွေးသန့်ရှင်းပြီး ကောင်းမွန်တဲ့ ခံတွင်းရနံ့ပိုင်ဆိုင်ထားခြင်း ဆွဲဆောင်မှုရှိစေတဲ့အချက်တစ်ခုပါ။ဒါကြောင့် ဒီတစ်ခေါက်မှာတော့ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် လိုက်နာရမယ့်ဆောင်ရန်ရှောင်ရန်အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

Source : Dr. Makausz
သွားနှင့်ခံတွင်းကျန်းမာရေးနဲ့ပတ်သတ်ပြီး လမ်းညွှန်ထားမှုအရ တစ်နေ့ကို သွားနှစ်ကြိမ်တိုက်ပေးဖို့လိုအပ်ပါတယ်။ လူအများစုက အိပ်ယာမဝင်မီသွားတိုက်ချင်းကို လျစ်လျူရှုထားကြတာများပါတယ်။ တကယ်တော့ အိပ်ယာမဝင်မီသွားတိုက်မှသာ တစ်နေ့တာလုံး စားထားတဲ့ အစာအကြွင်းအကျန်တွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သန့်စင်ပေးမှာဖြစ်ပါတယ်။ သွားတိုက်တဲ့အခါမှာလည်း သေချာအချိန်ယူပြီး စနစ်တကျ နည်းမှန်လမ်းမှန်တိုက်ဖို့ကလည်းအရေးကြီးပါတယ်။
နောက်တစ်ချက်ကတော့ လျှာပါ။ သွားနှင့်ခံတွင်းကျန်းမာရေးမှာ လျှာရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ဒါကြောင့်သွားတိုက်တဲ့အခါ လျှာကို ညင်သာစွာပွတ်တိုက်ခြင်းဖြင့် လျှာပေါ်မှာတင်ကျန်နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ မိမိတို့အသုံးပြုနေတဲ့ သွားတိုက်တံတွေကို သုံးလတစ်ကြိမ်လဲပေးဖို့ လိုအပ်ပြီး သွားတိုက်တံဝယ်တဲ့အခါ နူးညံ့ပျော့ပျောင်းမှုရှိတဲ့ သွားတိုက်တံတွေကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။
နောက်ထပ်လူတွေမှားယွင်းနေတဲ့ယူဆမှုတစ်ခုက သွားဆေးခန်းသွားဖို့ကိုကြောက်နေတက်ကြပြီး သွားနှင့်ခံတွင်းဆိုင်ရာမှာ အရေးပေါ်မဖြစ်မနေကိစ္စကြုံမှသာ သွားဆေးခန်းကိုပြေးကြတာဖြစ်ပါတယ်။တကယ်တော့ လူတိုင်းလူတိုင်း သွားနှင့်ခံတွင်းကျန်းမာရေးအတွက် ၆ လတစ်ကြိမ်လောက်သွားဆရာဝန်နဲ့ ပြသစစ်ဆေးသင့်တာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် လိုက်နာရမယ့် အချက်တွေက အစာစားပြီးတိုင်း ပလုတ်ကျင်းဖို့ပါပဲ။ အက်စစ်ဓာတ်ပါတဲ့အစားအစာတွေနဲ့အဖျော်ယမကာတွေက သင့်သွားကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

Source : Aspire Dental
သကြားဓာတ်ပါဝင်တဲ့အစားစာတွေကလည်း ထို့အနည်းရှောင်ကျဉ်ပေးရပါမယ်။ သကြားကခံတွင်းအတွင်းသို့ရောက်သွားတဲ့အခါ အက်စစ်ဓာတ်အဖြစ်ပြောင်းသွားပြီး သွားရဲ့ကြွေတွေကိုတိုက်စားသွားစေနိုင်ပါတယ်။ လက်ဖက်ရည် ကော်ဖီ အရက်နှင့် အချဉ်ဓာတ်များအစာအစာတွေကိုလည်း တက်နိုင်သလောက်ရှောင်ကျဉ်ပါ။ အမျှင်ဓာတ်ပါဝင်မှုများတဲ့ လတ်ဆတ်တဲ့သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွှက်တွေကသာ သွားကျန်းမာရေးအတွက်အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်။ အားလုံးပဲ အခုပြောပြခဲ့တဲ့အချက်လေးတွေကိုလိုက်နာပြီး ကျန်းမာလှပတဲ့ သွားလေးတွေပိုင်ဆိုင်ကာ အပြုံးချိုချိုလေးတွေနဲ့ နေ့ရက်တိုင်းကိုဖြတ်သန်းနိုင်စေဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။
