ရုပ်ရှင်ဇာတ်ကားတွေက အင်္ဂလိပ်စာလေ့လာဖို့ အကောင်းဆုံးကုန်ကြမ်းတွေဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်ပြီး အင်္ဂလိပ်စာလေ့လာခြင်းက ပျော်စရာလည်းပိုကောင်းသလို အင်္ဂလိပ်ဘာသာစကားရဲ့ ဝေါဟာရတွေ နေ့စဉ်သုံးစကားလုံးတွေ လေယူလေသိမ်းနဲ့ ယဉ်ကျေးမှုတွေကိုပါ လွယ်ကူစွာလေ့လာသင်ယူလို့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်ဇာတ်ကားတွေကြည့်ပြီး အင်္ဂလိပ်စာ လေ့လာတော့မယ်ဆိုရင် သိထားသင့်တဲ့အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်မျိုးရွေးချယ်ပါ

Source : Billin

ရုပ်ရှင်ဇာတ်ကားတွေကြည့်ပြီး အင်္ဂလိပ်စာလေ့လာတော့ ကိုယ်တကယ်နှစ်သက်ပြီး စိတ်ဝင်တစားရှိတဲ့ရုပ်ရှင်မျိုးကို ရွေးချယ်ကြည့်ဖို့ အလွန်အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ဘဲ ပျင်းစရာကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားမျိုးကိုရွေးချယ်မိမယ်ဆိုရင် ရုပ်ရှင်အပေါ် သင့်ရဲ့စိတ်ဝင်စားမှုနည်းလာပြီး ဘာသာစကားလေ့လာမှုအပေါ်လည်း အာရုံကောင်းကောင်းစိုက်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ရုပ်ရှင်ဇာတ်ကားတစ်ကားကြည့်တော့မယ့်ဆိုရင် စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားတစ်ကားဟုတ်မဟုတ် Review တွေ IMDb Ratings တွေကိုအရင်ဆုံးရှာကြည့်သင့်ပါတယ်။

(၂) ခက်ခဲရှုပ်ထွေးတဲ့ ရုပ်ရှင်တွေကိုရှောင်ပါ

Source : Freepik

ရုပ်ရှင်ကြည့်တဲ့အခါ ဇာတ်လမ်းကိုနားလည်ဖို့ လည်းအရေးကြီးပါတယ်။ဒါမှလည်းပြောဆိုတဲ့ ဒိုင်ယာလော့တွေ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို ကောင်းစွာသိနိုင်မှာပါ။ ဒါကြောင့်ကိုယ်ကအခုမှ စပြီးအင်္ဂလိပ်စာလေ့လာမဲ့သူတစ်ယောက်ဆိုရင် ခက်ခဲရှုပ်ထွေးလွန်းတဲ့ ရုပ်ရှင်တွေထက်စာရင် ကာတွန်းကား ကလေးတွေအတွက်ရည်ရွှယ်တဲ့ ရုပ်ရှင်ကားတွေလိုပေါ့ပေါ့ပါးပါးနဲ့ နားလည်ရလွယ်တဲ့ ဇာတ်ကားမျိုးရွေးချယ်ကြည့်ရှု့သင့်ပါတယ်။

(၃) အကြိုက်ဆုံးစာကြောင်းကို ထပ်တလဲလဲပြန်ကြည့်ပါ

Source : Carrier Management

ဇာတ်ကားထဲက ကိုယ်အကြိုက်ဆုံးစာကြောင်းတစ်ကြောင်း (သို့မဟုတ်) ဒိုင်ယာလော့တစ်ခုရှိခဲ့မယ်ဆိုရင် ထပ်ခါထပ်ခါ ပြန်ကြည့်ပါ ပြန်နားထောင်ပါ။ ဖြစ်နိုင်ရင် စာအုပ်နဲ့ ဘောပင်အနားမှာ ယူထားပြီး ကိုယ်အကြိုက်ဆုံး စကားလုံးတွေ စကားပြောတွေကို ရေးမှတ်ထားပါ။ ဒီလိုကိုယ်အကြိုက်ဆုံး စာကြောင်းကို ထပ်တလဲလဲပြန်ကြည့်ခြင်းအားဖြင့် စကားလုံးအသုံးအနှုန်းတွေ ပြောပုံဆိုပုံ လေယူလေသိမ်းတွေကို ကောင်းစွာမှတ်မိနေမှာဖြစ်ပါတယ်။

(၄) အသံထွက်တိုင်းကို နားမလည်မှာ မကြောက်ပါနဲ့

Source : Gigworker.com

ရုပ်ရှင်ကြည့်တဲ့အခါ အသံထွက်ကို ကောင်းစွာအာရုံစိုက်နားထောင်ဖို့လိုသလို စာတန်းထိုးတဲ့စာတွေကိုလည်း ဖတ်ကြည့်ဖို့လိုပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေပြောလိုက်တဲ့ အသံထွက်တိုင်းကို နားမလည်လို့လည်း စိတ်မပူပါနဲ့။ ရုပ်ရှင်ကိုခဏရပ်ပြီး အင်္ဂလိပ်စာတန်းထိုးကိုဖတ်ကြည့်တာဖြစ်စေ မသိတဲ့စကားလုံးတွေကို အဘိဓာန်မှာရှာကြည့်တာဖြစ်စေလုပ်နိုင်ပါတယ်။ ယေဘုယျအားဖြင့် ဇာတ်ကားတွေရဲ့ ပြောစကားကို ၇၀ ရာခိုင်နှုန်းလောက်နားလည်ရရင်ရပါပြီ။