လက်ရှိ အပူချိန်လွန်ကဲမှုပြဿနာကြောင့် တော်တော်များများ ကိုယ်လက်မအီမသာနဲ့ နေထိုင်မကောင်းဖြစ်နေကြရပါတယ်။ သွေးတိုးနှလုံးစတဲ့ရောဂါတွေရှိတဲ့သူတွေအတွက်ဆို အသက် အန္တရာယ်အတွက်တောင် စိုးရိမ်စိတ်ပူနေရပါတယ်။ ကွေးသောလက်မဆန့်မှီဆိုသလို အပူလွန်ကဲမှုကြောင့် ရုတ်တရက် ဦးနှောက်သွေးကြောပေါက်ပြီး အသက်ဆုံးရှုံးသွားရတဲ့သူတွေလည်း အများကြီးရှိနေတာမလို့ ကြောက်စရာကောင်းတဲ့ အခုလိုရာသီအတွက် မှန်ကန်တဲ့စားသောက်နေထိုင်မှု ပုံစံလေးတွေ ပြောပြပေးချင်ပါတယ်။

(၁) နေပူထဲသိပ်မထွက်ပါနဲ့

Source : medicalnewstoday.com

ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံး မနက် ၁၁ နာရီကနေ နေလည် ၃ နာရီအတွင်း နေပူထဲသွားလာလှုပ်ရှားခြင်းကိုအတတ်နိုင်ဆုံး ရှောင်ကြဉ်ပေးပါ။ နေပူထဲမဖြစ်မနေသွားရတော့မယ်ဆိုရင်လည်း ဦးထုပ်ဆောင်းပါ။ အက်ႌလက္ရွည္ထပ္ဝတ္ပါ။ Sun Cream လိမ်းသွားပါ။ အတတ်နိုင်ဆုံးအရိပ်ရတဲ့နေရာတွေမှာ နေပါ။ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေတဲ့နေရာတွေကို လက်လွတ်စပယ်သွားခြင်းရှောင်ကြဉ်ပါ။

(၂) ချွေးထွက်များမယ့်ပင်ပန်းအရာတွေ မလုပ်ပါနဲ့

Source : SparkPeople

ရာသီဥတုပူတဲ့အတွက် ထိုင်နေရင်တောင် ချွေးကအလိုလို ထွက်နေတာပါ။ ဒီလိုရာသီမှာ ချွေးထွက်များမယ့်အရာတွေ ပင်ပင် ပန်းပန်းလုပ်ရမယ့် အားကစားနည်းတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပေးပါ။ အားကစားလုပ်မယ်ဆိုရင်လည်း မနက်စောစော ဒါမှမဟုတ်ညနေနေစောင်းချိန်မှ ပြုလုပ်ပါ။

(၃) ခန္ဓာကိုယ်အပူချိန်ထိန်းပါ

Source : dandipatch.com

အရမ်းအေးတဲ့ အဲယားကွန်းခန်းကနေ နေပူထဲကို ချက်ချင်းထွက်တာ ဖြစ်စေ အရမ်းပူတဲ့နေရာကပြန်လာပြီး အဲယားကွန်းခန်းထဲ ချက်ချင်းဝင်တာ ဒါမျိုးတွေကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ အနည်းဆုံး ၅ မိနစ်ခန့် ခန္ဓာကိုယ်အပူချိန်ကို ထိန်းပြီးမှ နေပူထဲထွက်တာ အဲယားကွန်းအခန်းထဲဝင်တာတွေ လုပ်ပါ။ မဟုတ်ရင် ဦးနှောက်သွေးကြောပြတ်တာတွေ ရုတ်တရက်လေဖြတ် တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။

(၄) ရေဓာတ်ဖြည့်ပါ

Source : Freepik

ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ရေဓာတ်ပမာဏကို အပြည့်အဝဖြည့်တင်းပေးပါ။ ပူအိုက်တဲ့ရာသီဖြစ်တာကြောင့် ခန္ဓာကိုယ်ကချွေးထွက်များပြီး ရေဓာတ်ဆုံးရှုံးမှုတွေ ဖြစ်တဲ့အခါ ပင်ပန်းနွမ်းနယ်တာတွေ အားအင်ကုန်ခမ်း မူးဝေတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေများမျာသောက်ခြင်းဖြင့် ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ရေဓာတ်ပမာဏကို ဖြည့်တင်းပါ။

(၅) အိပ်ရေးဝဝအိပ်ပါ

Source : Parents Magazine

အရမ်းပူအိုက်တဲ့ ရာသီမျိုးတွေမှာ အိပ်မပျော်တာတွေ အိပ်ပျော်ရင်လည်း အိပ်ရေးမဝတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ညဘက်တွေမှာ အိပ်စက်မှုကိုအနှောက်ယှက် ဖြစ်စေမယ့် ဖုန်းနဲ့ကွန်ပြူတာ အသုံးပြုမှုတွေလျော့ပေးပါ။ အိပ်ချိန်မှန်မှန်အိပ်စက်ပါ။ အိပ်စက်တယ်ဆိုတာ ခန္ဓာကိုယ်အတွက် တစ်နေ့တာလုံး သုံးစွဲလိုက်တဲ့ Energy တွေကိုပြန်လည်ဖြည့်တင်းတာဖြစ်တဲ့အတွက် အိပ်ချိန်များများအိပ်စက်ဖို့ လိုပါတယ်။