ကိုယ့်ကိုယ်ကိုယ် ပိုတော်အောင် ပိုကောင်းအောင် လုပ်ဖို့ဆိုတာ တာဝန်တစ်ရပ်လိုပါပဲ။ မဖြစ်မနေကို လုပ်ဆောင်ရမှာပါ။ ပိုတော်ပိုထက် ပို Smart ကျတဲ့သူတွေဟာ ဘဝပြဿနာတွေကို ပိုပြီး ထိထိရောက်ရောက် ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။ ကိုယ့်ဘဝကို ပိုပြီး လှပခမ်းနားအောင် တည်ဆောက်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပို Smart ကျလာဖို့ သိပ်မခက်ဘဲ လက်တွေ့လုပ်နိုင်တဲ့ အကြံတချို့ ပေးချင်ပါတယ်။

(၁) ပါးစပ်ပိတ်ထားပါ

Photo: Freepik
လွယ်လွယ်လေးပါ။ နည်းနည်းပြော များများ နားထောင်နည်း ဖြစ်ပါတယ်။ နားထောင်တယ်ဆိုတာ သင်ယူနေတာပါပဲ။ သင်ယူတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အဆင့်မြှင့်တင်နေတာပဲ ဖြစ်ပါတယ်။ အကျိုးရှိတာတွေ ပိုနားထောင်ဖို့တော့ လိုပါတယ်။

(၂) ရိုးရှင်း ထိုးထွင်းတဲ့ မေးခွန်းတွေ မေးပါ

Photo: Freepik

မေးခွန်းတွေ မေးတယ်ဆိုတာနဲ့ မသိလို့ မေးတယ်ဆိုတဲ့ အဓိပ္ပါယ်ချည်း မသက်ရောက်ပါဘူး။ မေးခွန်းမေးခြင်းဟာ ကိုယ်မသိတာတွေ ဘာရှိသေးသလဲဆိုတာကို ရှာဖွေစူးစမ်းတာလည်း ဖြစ်ပါတယ်။ ကျိုးကြောင်း ဆီလျော်မှု ရှိပြီး ရှင်းလင်းတဲ့ ဉာဏ်ပွင့်စေမယ့် မေးခွန်းတွေ မေးပါ။

(၃) ကိုယ့်ပုံပန်းသဏ္ဍာန်နဲ့ Lifestyle ကို ဂရုစိုက်ပါ

Photo: Freepik

စမတ်ကျတဲ့သူဆိုတာ သု့ကိုယ်သူ မြှင့်ထားတဲ့သူ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရရော နေထိုင်မှုပုံစံအရပါ ပိုကောင်းတဲ့သူဖြစ်လာအောင် ဂရုစိုက်ပါ။ အိပ်စက်မှု မှန်ကန်လုံလောက်ဖို့ ၊ အစားအသောက် အာဟာရမျှတဖို့နဲ့ ကိုယ်လက်လှုပ်ရှားမှု ရှိရှိ နေထိုင်ဖို့ လုပ်ပါ။ ရုပ်ပိုင်းဆိုင်ရာ အားကောင်းသန်စွမ်းနေရင် စိတ်ဓါတ်လည်း သန်မာဖို့ အထောက်အကူဖြစ်ပါတယ်။

(၄) နည်းပညာစွမ်းရည် မြှင့်တင်ပါ

Photo: Freepik

ဒီနေ့ခေတ်မှာ နည်းပညာနဲ့ ကင်းကွာလို့ကို မဖြစ်တော့ပါဘူး။ နည်းပညာစွမ်းရည်က လူတစ်ယောက်ရဲ့ အရည်အချင်းပေါ် အများကြီး သက်ရောက်မှု ရှိလာနေပါပြီ။ ဒါကြောင့် စမတ်ကျပြီး ထက်မြက်တဲ့သူ ဖြစ်ဖို့ နောက်ဆုံးပေါ်နည်းပညာတွေ လေ့လာထားပါ။