မိန်းကလေးတွေ စိတ်ကောက်တယ်ဆိုတာ အကြောင်းမဲ့မဟုတ်ပါဘူး။ များသောအားဖြင့် မိန်းကလေးတွေ စိတ်ကောက်တာဟာ သူ့ ချစ်သူရဲ့ ဂရုစိုက်မှုခံချင်လို့ပါ။ ဒီလိုအချိန်မှာ ပစ်ထားလိုက်ရင်တော့ စိတ်ကောက်တာကနေ စိတ်ပါ နာသွားနိုင်ပါတယ်။ ကိုယ်ချစ်တဲ့ ချစ်သူ မိန်းကလေး စိတ်ကောက်နေပြီဆိုရင် စိတ်နာတဲ့အဆင့် မရောက်စေဖို့ ဒီအချက်တွေ လုပ်ထားသင့်ပါတယ်။

လက်ဆောင်ပစ္စည်းတစ်ခုခု ပေးတာ (ဒါမှမဟုတ်) စိတ်လှုပ်ရှားစရာ အစီအစဉ်လေးတစ်ခု လုပ်ပေးတာဟာ စိတ်ကောက်ပြေဖို့အတွက် အစဉ်အဆက် လက်စွဲ နည်းရိုးတစ်ခု ဖြစ်ပါတယ်။ ကိုယ့်ကို စိတ်ကောက်နေတဲ့ ကောင်မလေးအတွက် ပန်းစည်းတစ်စည်းဟာ အကောင်းဆုံး ကုဆေးလည်း ဖြစ်သွားနိုင်ပါတယ်။

Beautiful couple standing at balcony. man making massage his girlfriend.

Source : Freepik

စိတ်ကောက်နေတဲ့ အချိန်ဟာ ပိုပြီး ဂရုစိုက်ပေးရမယ့် အချိန်ပါ။ သူ့ အတွက် အချိန်ပိုပေးပြီး လျှောက်လည်တာ ၊ ရုပ်ရှင်ကြည့်တာမျိုးတွေ လုပ်သင့်ပါတယ်။လွန်ခဲ့တဲ့ ၁၀ နှစ်ကအထိ သမီးရည်းစားတွေဟာ စာပေးစာယူနဲ့ ချစ်ခဲ့ဖူးပါတယ်။ ဒါဟာ တကယ့်ကို ရင်ခုန်စရာကောင်းခဲ့တဲ့ အချိန်တွေပါ။ စိတ်ကောက်နေတဲ့ ကောင်မလေးကို သမီးရည်းစားဖြစ်ခါစ ဘဝတုန်းကလိုပဲ ကဗျာတိုလေးတွေ ပို့စကတ်လေးတွေ ပေးပြီး ချော့သင့်ပါတယ်။ အနည်းဆုံးတော့ သူ အမှတ်ရမယ့် အရာတွေ တွေ့သွားမှာပါ။

တစ်ချိန်က အမှုမဲ့ပြောခဲ့တဲ့ သူမအကြိုက်နဲ့ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ဒီအချိန်မှာ အကောင်အထည် ဖော်ပေးသင့်ပါတယ်။ ဥပမာ သူမ စားချင်တယ်ဆိုတဲ့ ဆိုင်ကို နှစ်ယောက်တည်း သွားစားတာကနေ ရောက်ဖူးချင်တယ်ဆိုတဲ့ နေရာကို သွားလည်ပတ်တာအထိ လုပ်ပေးဖို့ လိုပါတယ်။

စိတ်ကောက်တယ်ဆိုတာ စကားမပြောချင်လို့မဟုတ်ပါဘူး။ ပြောစရာတွေကို မထုတ်ပြချင်တော့တာပါ။ ဒီလိုအချိန်မှာ နားထောင်သူကောင်းတစ်ယောက် ဖြစ်ဖို့ဟာ အရေးကြီးပါတယ်။ ရှင်းပြစရာ ရှိတာကို အေးအေးဆေးဆေး ရှင်းပြပြီး သူပြောတာတွေကိုလည်း ဂရုတစိုက် နားထောင်ပေးမယ်ဆို အဆင်ပြေသွားနိုင်ပါတယ်။

young couple family cover eyes and make surprise outdoors, happy romantic love concept

Source : Freepik

နည်းနည်း စိတ်ပြေလောက်တဲ့ အချိန်နဲ့ကိုက်ပြီး သူမ သဘောကျမယ့် ဟာသလေးတွေ ပြောပေးသင့်ပါတယ်။ ငိုချင်နေတဲ့ ကောင်မလေးတစ်ယောက်အတွက် မျက်ရည်အစား ပြုံးမိသွားတာဟာ အကောင်းဆုံး ဆက်ဆံရေးတစ်ခုပါပဲ။