လူတိုင်းအမှားနဲ့မကင်းနိုင်ကြပါဘူး။ တစ်ချို့တွေက အမှားတွေကို ထပ်ခါထပ်ခါ ကျူးလွန်မိတတ်ကြပါတယ်။ ဘဝသင်ခန်းစာတွေက လူတွေကို ပိုမိုကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် သင်ကြားပြသပေးပါတယ်။ ဒါကိုလူတွေက သင်ယူတတ်ရပါမယ်။ ဒီလိုမှမဟုတ်ရင်တော့ အမှားသံသရာထဲမှာ တဝဲဝဲလှည်နေပါမယ်။
ဒီနေ့ kwee page ကပရိသတ်တွေအတွက် အကျိုးရှိတဲ့ ပိုမိုကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် အကြံကောင်းတွေ ပေးသွားမှာပါ။
တာဝန်ယူတတ်ဖို့ သင်ယူပါ
Source: Peer Review
ကျွန်တော်တို့ရဲ့ဘဝမှာ ဖြစ်ပျက်လာတာတွေအတွက် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ တစ်စုံတစ်ယောက်ကို အပြစ်တင်တတ်တဲ့ အလေ့အကျင့်ကို စွန့်လွှတ်လိုက်ပါ။ ဘဝမှာ တဝန်ယူမူတာဝန်ခံမှု အပြည့်ရှိအောင်ကြိုးစားပါ။ တန်ပါတယ်။
လက်ခံနိုင်အောင်ကြိုးစားပါ
Source: cassidypsychology
လူတွေကပြောင်းလဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေက သွားပြီးပြောင်းလဲလို့မရပါဘူး။ သူတို့ပြောင်းလဲချင်စိတ်ရှိမှ ပြောင်းလဲလာတာပါ။ ဒါကြောင့် သူတို့ရဲ့ဖြစ်တည်မှုကို လက်ခံနိုင်အောင်ကြိုးစားပါ။
သန်မာနေပါ
Source: Grace+Truth
ကျွန်တော်တို့ရဲ့အကူအညီလိုအပ်နေသူတွေ အများကြီးရှိပါတယ်။ သူတို့တွေအတွက် ကျွန်တော်တို့ သန်မာနေရပါမယ်။ မဟုတ်သေးဘူး။ မိမိကိုယ်တိုင်အတွက် သန်မာရေပါမယ်။ လူတစ်ယောက်ရဲ့ လိုအပ်ခြင်းခံရတဲ့ ခံစားချက်က အရမ်းကောင်းပါတယ်။ လူတိုင်း ဒီခံစားချက်ကို တစ်ကြိမ်လောက်တော့ ခံစားဖူးသင့်ပါတယ်။
လုပ်ချင်တာထက် ဖြစ်လာမယ့်အကျိုးဆက်တွေကို စဉ်းစားပါ
Source: Pew Research Center
ကျွန်တော်တို့လုပ်ခဲ့ သမျှအရာအားလုံးဟာ ကိုယ်အပါအဝင် တခြားလူတွေအပေါ် အနည်းနဲ့အများသက်ရောက်မူရှိစေပါတယ်။ ဘဝကို ချက်စ်ကစားနည်းလို့ သဘောထားကြည့်ပါ။ အကွက်တွေမရွှေ့ခင် ကြိုပြီးဖြစ်နိုင်ခြေတွေကို စဉ်းစားရပါတယ်။ အမြဲတမ်းတော့ ဆုံးဖြတ်ချက်မမှန်နိူင်ပါဘူး။ ဒါပေမယ့် အကျိုးဆက်ကို စဉ်းစားတွေးတောနိုင်စွမ်းတော့ ရှိလာပါမယ်။
သတိရှိရှိပြုမူပါ
Source: Daily-Devotionals
ဘဝမှာရင်ခုန်စရာကောင်းတာက အချစ်မဟုတ်ပါဘူး။ ကိုယ့်ရဲ့ မှန်ကန်သော လုပ်ရပ် မှန်ကန်သော ဘဝပိုင်ဆိုင်ထားတယ်ဆိုတဲ့ အသိတရားက ရင်ခုန်စရာကောင်းပါတယ်။ ဒီလိုခံစားနေရဖို့အတွက် ကိုယ့်ရဲ့နှလုံးသားက ခိုင်းစေတာကို လုပ်ပေးလိုက်ပါ။
မိမိကိုခင်တွယ်တဲ့သူတွေကိုရှာပါ
Source: Hope into Action
ကိုယ့်ရဲ့ဘေးမှာ မိမိကိုချစ်တဲ့သူတွေနဲ့ ဝိုင်းရံနေပါစေ။ ဒါကရိုးရှင်းပါတယ်။ မိမိအပေါ်မကောင်းတဲ့သူတွေနဲ့ အဆက်အသွယ်မလုပ်ပါနဲ့။ မိမိအပေါ်ကောင်းတဲ့သူ မိမိကို ကောင်းမွန်တဲ့ခံစားချက်မျိုးပေးနိုင်တဲ့သူမျိုးတွေကိုသာ ရွေးချယ်ပေါင်းသင်းပါ။ ကျွန်တော်တို့ခင်မင်ချင်တဲ့ သူငယ်ချင်းတွေကို ကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်။
အရေးကြီးတဲကိစ္စတွေအတွက် အချိန်ရွှေ့ဆိုင်းတာတွေမလုပ်ပါနဲ့
Source: shutterstock
ဒါကအံ့ဩဖို့ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေဟာ ထာဝရအသက်ရှင်သွားမယ့်လူတွေလို နေထိုင်တတ်ကြတယ်။ အရေးကြီးတဲ့ကိစ္စတွေကို နောက်နေ့မှလုပ်မယ် စသဖြင့် အချိန်ရွှေ့ဆိုင်းတတ်ကြတယ်။ ဘဝကိုပြောင်းလဲပေးမယ့် အခွင့်အရေးကြီးတွေကို ငြင်းဆန်တတ်ကြတယ်။ ကျွန်တော်တို့တွေဟာ တစ်စုံတစ်ရာကို အမြဲတမ်းစောင့်နေတတ်ကြတယ်။ အချိန်က လူကိုမစောင့်ပါဘူး။