အသည်းကွဲနေချိန်မှာ လူအများစုက ခံစားချက်တွေနောက်ကိုလိုက်ပြီး ကိုယ့်ကိုယ်ကိုနာကျင်စရာတွေပဲပိုပြီး ပေးမိတက်ကြပါတယ်။ အဆုံးအစမရှိတဲ့ အတွေးများစွာထဲနစ်မွန်းပြီး အမှားအမှန်ကို အဖြေရှာရင် အသည်းကွဲဝေဒနာက ပိုမိုဆိုးလာစေတာပါ။ ဒါကြောင့် ဒီတခေါက်မှာတော့ အသည်းနေချိန်မှာ ဘာတွေလုပ်ရမလဲဆိုတဲ့ အကြံပြုချက်တချို့ကို မျှဝေပေးချင်ပါတယ်။
(၁) ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ
Source : Shutterstock
ဘာပဲဖြစ်ဖြစ်အသည်းကွဲနေချိန်မှာ ကိုယ့်ကိုယ်ကို ဂရုစိုက်နေတာ အကောင်းဆုံးပါပဲ။ စိတ်ခံစားမကောင်းတဲ့အချိန်မှာ ခန္ဓာကိုယ်ကျန်းမာနေဖို့ကလည်း အရေးကြီးပါတယ်။ မဟုတ်ရင် စိတ်ထောင်းကိုယ်ကြေဆိုတာမျိုးနဲ့ စိတ်ရောလူပါ မကျန်းမာခြင်းတွေခံစားရနိုင်ပါတယ်။ ဒါကြောင့်ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ။ အချိန်မှန်စား အချိန်မှန်အိပ်ပြီး ကျန်းမာရေးကောင်းအောင်နေသင့်ပါတယ်။
(၂) မိသားစုနဲ့အချိန်ကုန်ဆုံးပါ
Source : families, LoveToKnow
ဘဝမှာမိသားစုက ကိုယ့်အတွက်အကောင်းဆုံးအဖော် နွေးထွေးမှုအပေးနိုင်ဆုံလူသားတွေဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်အနေနဲ့ ခံစားချက်များနေချိန်မှာ မိသားစုနဲ့အတူအချိန်များများကုန်ဆုံးပြီးနေသင့်ပါတယ်။ မိသားစုနဲ့ ပိတ်ရက်တွေမှာမုန့်လုပ်စားတာ အပြင်သွားတာမျိုး ပြုလုပ်ပေးရင် အသည်းကွဲနေတဲ့ခံစားချက်တွေလျော့နည်းသွားမှာပါ။
(၃) Gym ကစားပါ
Source : Focused Collection
အသည်းကွဲနေချိန်မှာ အိပ်ရာထဲလှဲနေတာကကောင်းတဲ့ အလေ့အထတစ်ခုမဟုတ်ပါဘူး။ ခန္ဓာကိုယ်ကိုလှုပ်လှုပ်ရှားလေးနေပေးမှ စိတ်ခံစားမှုတွေအပြောင်းအလဲဖြစ်စေမှာပါ။ ဒါကြောင့် Gym ကစားပါ။ အားကစားပုံမှန်ပြုလုပ်ပေးပါ။ ဒီလိုခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းလုပ်ပေးတာက စိတ်ပိုင်းဆိုင်ရာခံစားချက်တွေ သက်သာစေပြီး ပျော်ရွှင်လာစေရုံသာမက ကိုယ့်ကိုယ်ကိုလည်းယုံကြည်မှုတိုးလာစေမှာဖြစ်ပါတယ်။
(၄) သင်တန်းတစ်ခုခုတက်ပါ
Source : istock
အသည်းကွဲနေရုံနဲ့လည်း ဘဝကပြီးဆုံးသွားမှာမဟုတ်ပါဘူး။ မိမိတိုးတက်ရာ တိုးတက်ကြောင်းအတွက်လည်း ထည့်စဉ်းစားဖို့လိုပါသေးတယ်။ ဒါကြောင့်အသည်းကွဲနေချိန်မှာ သင်တန်းတစ်ခုခုတက်ပြီး လေ့လာသင်ယူစရာတွေဆက်လက်လေ့လာပါ။ ကိုယ့်ကိုယ်ကိုအားလပ်ချိန်အများကြီးပိုနေအောင်မနေပဲ လေ့လာသင်စရာတွေ ဆက်လက်လေ့လာနေမယ်ဆိုရင် အသည်းကွဲခြင်းကိုသက်သာအောင် အထောက်အကူပေးနိုင်မှာဖြစ်ပါတယ်။