ချမ်းသာခြင်းဟာ အလကား ဖြစ်လာတဲ့ အရာမဟုတ်ပါဘူး။ အများကြီး ပေးဆပ်ခဲ့ရ ၊ ရုန်းကန်လှုပ်ရှားခဲ့ရတဲ့အရာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကိုယ့်ဒူးကိုယ်ချွန်နဲ့ ချမ်းသာလာသူတွေဟာ ငွေကို ဘယ်လိုတန်ဖိုးထားရမယ် ၊ ကိုင်တွယ်အသုံးချရမယ်ဆိုတာကို ကောင်းကောင်း သိနေတာပါ။တကယ်ချမ်းသာတဲ့သူတွေဟာ နေ့စဉ်လူမှုဘဝမှာ ပကာသန သိပ်မထားဘဲ ရိုးရိုးကုပ်ကုပ်နေတာများပါတယ်။ ငွေကုန်သက်သာအောင်လည်း စည်းနဲ့ကမ်းနဲ့ ချွေတာတတ်ပါတယ်။ ဒီဆောင်းပါးမှာလည်း သူဌေးတွေ ငွေကုန်သက်သာစေဖို့ လုပ်လေ့ရှိတဲ့ နည်းလမ်းတစ်ချို့ အကြောင်းပဲ ဖြစ်ပါတယ်။

(၁) အကြွေတွေ စုတတ်တယ်

hand holding thai baht banknote

Source: pexels

နည်းနည်းလေး ဖြစ်စေ အကြွေတွေကို တန်ဖိုးထား သိမ်းတတ်ပါတယ်။ တစ်ခုခု ဝယ်တိုင်း ထွက်လာတဲ့ အကြွေတွေကို စုထားပြီး ဒီငွေနဲ့ မုန့်ပဲဝယ်စားစား ၊ စာအုပ်ပဲ ဖတ်ဖတ် ၊ ကလေးတွေနဲ့ တစ်ခြား ဒုက္ခရောက်နေသူတွေကို ကူညီနိုင်ပါတယ်။

(၂) အမှိုက်မဖြစ်ခင်အထိ ပြင်သုံးတယ်

Woodworker applying glue to coards

Source: pixabay

အောက်ခြေပါတဲ့ သူဌေးဟာ ပစ္စည်းတစ်ခု ပျက်စီးသွားလို့ လွှင့်ပစ်တော့မယ်ဆိုရင် ပြင်လို့ ရဦးမလားဆိုတာ အရင်ဆုံးကြိုးစားကြည့်ပြီးမှ နောက်ဆုံးအချိန်မှသာ အမှိုက်ပုံးထဲ ပစ်ပါတယ်။

(၃) No Money Day ထားတတ်ပါတယ်

Corporate suit white man background

Source: pixabay

တစ်ပတ်မှာ တစ်ရက်လောက် ပိုက်ဆံမသုံးရတဲ့ နေ့အဖြစ် ကိုယ့်ဘာသာ သတ်မှတ်ထားသင့်ပါတယ်။ ငွေကို ဖြုန်းတီးချင်တဲ့ မကောင်းတဲ့စိတ်ကို ထိန်းသိမ်းဖို့အတွက် ဒီနည်းဟာ အလုပ်ဖြစ်ပါလိမ့်မယ်။ နောက်တစ်ချက်က No Money Day အလွန်မှာလည်း ပိုက်ဆံကို Limit နဲ့ သုံးတဲ့ အကျင့်ထားသင့်ပါတယ်။

(၄) အကျိုးရှိတဲ့ နေရာမှာ ရင်းနှီးမြှပ်နှံပါတယ်

Businesswoman holding coins and putting in glass

Source: pixabay

သူဌေးမို့လို့ ရတဲ့ ငွေ သုံးလိုက်မယ့်လူတွေလို့ မြင်ရင် မှားပါလိမ့်မယ်။ တကယ်လည်း အပြင်မှာ လက်ဖွာပြီး ပိုက်ဆံအလွန်ဖြုန်းတဲ့ သူဌေးတွေ မရှိဘူး မဟုတ် ရှိပါတယ်။ ဒါပေမယ့် တကယ်တမ်း သူတို့ရဲ့ ငွေအသုံးချတဲ့ နေရာတစ်ခုက အကျိုးရှိမယ့် အလုပ်နေရာတစ်ခုခုမှာ ငွေကို မြှပ်နှံထားတာပါပဲ။ သူတို့က ငွေကနေ အပင်ပေါက်လာမှာကို ပြတ်ပြတ်သားသား သိထားသူတွေ ဖြစ်ပါတယ်။

(၅) ဘယ်အချိန်မှာ ဝယ်ရမလဲ သိတယ်

Young handsome man choosing shoes at a shop

Source: pixabay

ဈေးဝယ်တဲ့ နေရာမှာ ချမ်းသာသူတွေဟာ အနည်းဆုံး ၂ ခါတော့ တွေးပါတယ်။ မြင်မြင်ချင်း ကြိုက်လွန်းလို့ဆိုပြီး ဒီအတိုင်း မဝယ်ပါဘူး။ သူတို့ဆီက ထွက်သွားမယ့် ငွေအတွက် သူတို့ နောင်တမရချင်ကြပါဘူး။

(၆) Credit Card အသုံးနည်းပါတယ်

Business online shopping concept. people shopping and pay by credeit card

Source: pexels

ချမ်းသာတဲ့ဘဝဆိုတာ အကြွေးကင်းကင်းနဲ့ နေထိုင်နိုင်တဲ့ဘဝကို ဆိုလိုတာဖြစ်ပါတယ်။ ချမ်းသာသူတွေဟာ နောက်မှပေးဆိုတဲ့ အကြွေးသံသရာကနေ ကင်းနိုင်သမျှကင်းအောင် ဝယ်ယူမှုအားလုံးကို ငွေသားနဲ့သာ ပိုပြီး ပေးချေကြပါတယ်။