ယနေ့ခေတ်လူအများစုရဲ့ အချိန်တွေဟာ အင်တာနက်အသုံးပြုခြင်းပေါ်မှာပဲ ကုန်ဆုံးနေကြပါတယ်။ အင်တာနက်အသုံးပြုခြင်းက ကောင်းကျိုးတွေများစွာရှိစေတယ်ဆိုပေမယ့် အလွန်အကျွံသုံးလာမိပြီဆိုရင်တော့ အင်တာနက်စွဲလန်းမှုပြဿနာရဲ့နောက်ကွယ်မှာဆိုးကျိုးတွေများစွာရှိနေပါတယ်။ ဒါကြောင့်ဒီနေ့ဆောင်းပါးလေးမှာတော့ အချိန်တိုင်း အင်တာနက်အသုံးပြုနေမှုကိုလျော့ချနိုင်မယ့် နည်းလမ်းကောင်းလေးတွေပြောပြပေးချင်ပါတယ်။

(၁) စာအုပ်တွေနဲ့အစားထိုးပါ

Source : Men’s Variety

စာဖတ်ခြင်းက သင့်ကိုအကောင်းမွန်ဆုံး ဗဟုသုတတွေပေးနိုင်မယ့်အပြင် အင်တာနက်အသုံးပြုခြင်းကိုလည်း လျော့ချပေးနိုင်မယ့်အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။ တနေ့ကိုအချိန် ၁နာရီလောက်ပေးပြီ စာအုပ်ဖတ်တဲ့အလေ့အကျင့်ကို စတင်ကြည့်ပါ။ တနေ့တာအတွက် စာအုပ်ဖတ်တဲ့ အချိန်ကို တဖြေးဖြေးချင်းတိုးသွားပါ။ ဒါဆိုရင် အင်တာနက်အသုံးပြုတဲ့အချိန်တွေ လျော့လာပါလိမ့်မယ်။

(၂) လူမှု့ပတ်ဝန်းကျင်နဲ့ထိတွေ့မှုရှိပါစေ

Source : Pxfuel

အင်တာနက်ပေါ်မှာပဲ အချိန်ကုန်ဆုံးတာများလာတာနဲ့အမျှ ပြင်ပလောက လူမှု့ပတ်ဝန်းကျင်နဲ့ အဆက်ပြတ်ပြီး အထီးကျန်ခြင်း စိတ်ဓာတ်ကျခြင်းတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ပြင်ပလောကမှ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ထိတွေ့မှုရှိအောင်ဖန်တီးယူသင့်ပါတယ်။ အားလပ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ။ လူမှုအဖွဲ့အစည်းတွေမှာပါဝင်လုပ်အားပေးပါ။ ဒါဆိုရင်အင်တာနက်အသုံးပြုမှုလျော့နည်းသွားမှာဖြစ်ပါတယ်။

(၃) အားလပ်ချိန်နည်းအောင်နေပါ

Source : Unsplash

အားလပ်ချိန်ပိုလာတာနဲ့အမျှ လူတွေဟာအင်တာနက်သုံးခြင်းကိုပဲ စိတ်ရောက်နေတက်ပါတယ်။ ဒါကြောင့်ကိုယ့်ကိုယ်ကိုအားလပ်ချိန်နည်းအောင်နေသင့်ပါတယ်။ အကယ်၍ အားလပ်ချိန်များနေတယ်ဆိုရင်တောင် ကိုယ့်ဝါသနာပါတဲ့အရာလေးတွေလုပ်ဆောင်ပြီးအချိန်ကုန်သင့်ပါတယ်။ ဥပမာ အားကစားလုပ်တာ သစ်ပင်စိုက်တာ ပန်းချီဆွဲတာ တူရိယာတခုခုတီးတာမျိုးလုပ်သင့်ပါတယ်။

(၄) အချိန်ကန့်သတ်လိုက်ပါ

Source : Mirror

အင်တာနက်စွဲစွဲလန်းလန်းအသုံးပြုနေသူတယောက်အတွက် ချက်ချင်းအင်တာနက်အသုံးပြုခြင်းကိုရပ်တန့်လိုက်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။တဖြေးဖြေးချင်း အင်တာနက်အသုံးပြုတဲ့အချိန်ကိုလျော့သွားမှသာအဆင်ပြေမှာဖြစ်ပါတယ်။ဒါကြောင့်တနေ့တာအတွက် အင်တာနက်သုံးမယ့်အချိန်ကိုကန့်သတ်ပါ။ သတ်မှတ်ထားတဲ့ အင်တာနက်အသုံးပြုချိန်ထက် ပိုသုံးနေမိရင် သတိပေး Alarm မြည်လာတဲ့ အက်ပလီကေးရှင်းတွေ သုံးပေးရင်ပိုကောင်းပါတယ်။