ဆောင်းရာသီသည် ဆောင်းရာသီကို နှစ်သက်ပါတယ်ဆိုတဲ့ လူတွေကိုတောင် ချမ်းသာမပေးပါဘူး။ အသားပက်ခြင်း၊ နှုတ်ခမ်းခြောက်ခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ အသားအရေ ယားယံခြင်း အစရှိတဲ့ အလှအပပြဿနာများကို လူတိုင်းကြုံတွေ့ခံစားရအောင် ပြုလုပ်ပါတယ်။

ဆောင်းရာသီမှာ ဘာ့ကြောင့် နှုတ်ခမ်းခြောက်၊ နှုတ်ခမ်းကွဲရသလဲ။

ပြင်ပက လေအေးနဲ့ သင့်အိမ်တွင်းရှိ ခြောက်သွေ့ပူနွေးတဲ့ လေတို့ ပေါင်းစပ်သွားခြင်းကြောင့် နှုတ်ခမ်းခြောက်သွားရခြင်းဖြစ်ပါတယ။် ဒါ့အပြင် သင်သည် ရေသောက်နည်းပါက သင့်ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးပြီး နှုတ်ခမ်းခြောက်နိုင်ပါတယ်။

ကျွန်တော်တို့ရဲ့နှုတ်ခမ်းသားသည် ခန္ဓာကိုယ်အသားအရေနဲ့မတူပါဘူး။ ပိုမိုပါးလွှာပြီး ပိုမိုနူးညံ့တဲ့အတွက်ကြောင့် အခြားအသားအရေထက် ၁၀ ဆ ခြောက်သွေ့လွယ်ပါတယ်။ ဒါ့ကြောင့်လည်း ဂရုစိုက်မှုများ ပိုမိုလိုအပ်တာဖြစ်ပါတယ်။

ဒီလိုနှုတ်ခမ်းခြောက်ခြင်း၊ နှုတ်ခမ်းကွဲခြင်းကို ဘယ်လိုသက်သာပျောက်ကင်းအောင် ပြုလုပ်နိုင်မလဲ။

နှုတ်ခမ်းနီ အဆီအသုံးပြုပါ

Tips to Protect Your Lips from the Cold Winter

Photo: Istockphoto

နှုတ်ခမ်းနီ အဆီအသုံးပြုခြင်းအားဖြင့် အက်ကွဲနေတဲ့ သင့်နှုတ်ခမ်းသားကို ပြန်လည်စိုပြေလာစေပြီး နှုတ်ခမ်းသားကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပါတယ်။ Glycerin (သို့) သဘာဝအဆီများ ပါဝင်တဲ့ နှုတ်ခမ်းနီအဆီမျိုး ရွေးချယ်ပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။

အမြဲတမ်း ရေဓာတ်ပြည့်ဝစွာ နေထိုင်ပါ

Tips to Protect Your Lips from the Cold Winter

ရေများများ သောက်သုံးခြင်းသည် သင့်ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက သင့်အသားအရေအလှအပအတွက်လည်း အကျိုးရှိပါတယ်။ ရေများများ သောက်သုံးခြင်းကြောင့် နှုတ်ခမ်းမခြောက်တော့ဘဲ နှုတ်ခမ်းသားက တင်းရင်းစိုပြေလှပနေမှာပဲဖြစ်ပါတယ်။

နှုတ်ခမ်းကို လျှာဖြင့် သပ်ခြင်းမှ ရှောင်ကြဉ်ပါ

Tips to Protect Your Lips from the Cold Winter

Photo: Tiege.com

လူအများသည် နှုတ်ခမ်းခြောက်လာပြီလို့ ခံစားရတဲ့အခါ နှုတ်ခမ်းစိုသွားအောင်လို့ လျှာပေါ်က တံတွေးဖြင့် သပ်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုပြုလုပ်ခြင်းအားဖြင့် ဆန့်ကျင်ဘက်အကျိုးကို ဖြစ်ပေါ်စေပါတယ်။ နှုတ်ခမ်းပေါ်မှာ တံတွေးဆွတ်လိုက်တဲ့အခါ နှုတ်ခမ်းက အရင်ကထက် ပိုမိုခြောက်သွေ့မြန်သွားပါတယ်။ ဒါ့အပြင် တံတွေးထဲမှာပါဝင်တဲ့ အင်ဇိုင်းဓာတ်သည် အစာချေဖို့ရန်အတွက် ရည်ရွယ်တာဖြစ်ပြီး နှုတ်ခမ်းသားဖြင့် ဓာတ်မတည့်ကြပါဘူး။

ရှားစောင်းလက်ပတ်ဂျယ်လ် အသုံးပြုပါ

Tips to Protect Your Lips from the Cold Winter

စောစောကလို တံတွေးနဲ့ ဆွတ်မယ့်အစား ရှားစောင်းလက်ပတ်ဂျယ်လ်ဖြင့် လိမ်းကျံပေးနိုင်ပါတယ်။

သံလွင်ဆီ အသုံးပြုပါ

Tips to Protect Your Lips from the Cold Winter

ရှားစောင်းလက်ပတ်ဂျယ်လ်က အိမ်မှာ အလွယ်တကူမရှိတဲ့အခါမျိုးမှာ သံလွင်ဆီ (သို့) အုန်းဆီ စတဲ့ သဘာဝအဆီများ လိမ်းကျံကာ သင့်နှုတ်ခမ်းသားလေးကို ပြန်လည်နူးညံ့သွားအောင် ပြုလုပ်နိုင်ပါတယ်။ ညအိပ်ရာ ဝင်ခါနီး လိမ်းကျံပေးထားတဲ့အခါ မနက်နိုးလာပြီဆိုရင် သိသာထင်ရှားတဲ့ရလာဒ်ကို တွေ့မြင်နိုင်ပါလိမ့်မယ်။

Source: Health.clevelandclinic.org

Featured Image Source: Istockphoto.com