လူတော်တော်များများ ပိုက်ဆံစုဖို့ တွေးမိကြမှာပါ။ ဒါပေမဲ့ တကယ်တမ်း စုဖို့လုပ်ပြီဆိုရင် အခတ်အခဲတွေရှိတတ်ပါတယ်။ အခုဖော်ပြပေးမဲ့အချက်တွေကတော့ သင်ပိုက်ဆံစုမိဖို့အတွက် အထောက်အကူပြုပါလိမ့်မယ်။ပိုက်ဆံစုဖို့ စဉ်းစားလိုက်ပြီဆိုတာနဲ့ ပထမဆုံးသိရမဲ့အချက်ကတော့ ကိုယ့်ရဲ့ အသုံးစရိတ် ဘယ်လောက်ရှိလဲဆိုတာပါပဲ။ ဒီအချက်ကပိုက်ဆံကို လိုအပ်တာတွေအတွက် သုံးလိုက်တာလား ဒါမှမဟုတ် မလိုအပ်ဘဲ ငွေဖြုန်းလိုက်မိတာလဲဆိုတာလား ဆိုတာတွေကို သိနိူင်ဖို့ အကောင်းဆုံးနည်းလမ်းပါ။

ပထမအဆင့် ပြီးသွားပြီဆိုရင် ဒုတိယအဆင့်စဖို့အတွက် လွယ်သွားပါပြီ။ တစ်လတွင်း ကိုယ်ဘာတွေအသုံးလိုလဲ၊ ဘယ်လောက်သုံးရမလဲ စသဖြင့်မှတ်ထားပြီးတော့ အသုံးစရိတ်ကို ပုံသေထားလိုက်ပါ။ သင့်ရဲ့ အသုံးစရိတ်ထဲမှာ ကားပြင်စရိတ်၊ ကျန်းမားရေးစရိတ် စတဲ့ ပုံမှန်အသုံးစရိတ်မဟုတ်တာတွေအတွက်လည်း ထည့်တွက်ထားဖို့ လိုပါတယ်။ အခုလို မိမိရဲ့ တလဝင်ငွေကို စိမံခန့်ခွဲပြီး ပိုလာတဲ့ ငွေကြေးကို စုဆောင်းလိုက်ပါ။
ပိုက်ဆံစုဖို့အတွက် ရည်ရွယ်ချက်ရှိရပါမယ်။ ဒီအချက်ကလည်း ပိုက်ဆံစုဖို့အတွက် အကောင်းဆုံးတွန်းအားတခုပါပဲ။ မိမိဘာအတွက် ပိုက်ဆံစုမလဲ။ အိမ်ထောင်ပြုဖို့လား၊ ကားဝယ်ဖို့လား၊ ခရီးသွားဖို့လား စသဖြင့်ရည်ရွယ်ပြီး စုဆောင်းသင့်ပါတယ်။ ဒါမှလည်း ကိုယ်လိုချင်တဲ့ အရာကိုဝယ်ဖို့အတွက် ပိုက်ဆံဘယ်လောက်စုမိဖို့လိုလဲ၊ အချိန်ဘယ်လောက် ရင်းရမလဲဆိုတာသိမှာပါ။

အာမခံ ကုမ္ပဏီတွေက အခုဆိုရင်မြန်မာပြည်မှာ ခေတ်စားလာပါပြီ။ ကျန်းမာရေး အာမခံ၊ ကားအာမခံ၊ မီးအာမခံ စသဖြင့် ကိုယ့်ရဲ့ ပိုင်ဆိုင်မူတွေအတွက် အာမခံထားလို့ ရနေပါပြီ။ အရေးကြုံ ကိစ္စပေါ်လာရင် ဥပမာ- ကားတိုက်တယ်၊ ဖျားနာလို့ ဆေးရုံတက်လိုက်ရတယ် စသဖြင့် ကိုယ်စုဆောင်းထားသမျှ ကုန်သွားနိူင်တဲ့ ကိစ္စမျိုးတွေ ကြုံလာတတ်ပါတယ်။ တကယ်လို့ကြုံလာခဲ့ရင် ငွေစုဖို့ အစကနေပြန်စရပါမယ်။ ဒါကြောင့် တစ်နှစ်တစ်ခါ အာမခံ ကုမ္ပဏီတွေကို ပေးရမဲ့ ငွေအတွက် မနှမြောပါနဲ့။
သင် စုဆောင်းထားတဲ့ ငွေတွေတိုးပွားလာတာကို စောင့်ကြည့်လေ့လာပါ။ မိမိစုထားတဲ့ ငွေပမာဏများလာလေလေ ငွေကိုပိုပြီး စုချင်လာစိတ်ရှိလာမဲ့အပြင် အရေးပေါ်ကိစ္စတစ်ခုခု ကြုံတွေ့ရရင်လည်း ငွေအတွက် စိတ်ပူနေစရာမလိုတဲ့အတွက် ငွေစုဖို့ ယုံကြည်မှုရှိနေပါလိမ့်မယ်။ ဒါ့အပြင် သင့်ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝလာတော့မယ်ဆိုတဲ့ စိတ်ကလည်း သင့်ရဲ့ နေ့စဉ် ဘဝအတွက်ခွန်းအားဖြစ်စေမှာပါ။
Photo : Freepik
