အင်တာနက်ပေါ်က Negative သတင်းတွေ အများကြီး ဆက်တိုက်ဖတ်နေမိတာကို Doomscrolling လို့ ခေါ်ကြပါတယ်။ စိတ်ပညာရှင်တွေရဲ့အလိုအရ ဒါဟာ စိတ်ကျန်းမာရေးအရည်အသွေးကို ပျက်စီးစေတဲ့ လုပ်ရပ်တစ်ခုအဖြစ် ဖော်ပြလေ့ရှိပါတယ်။ အခုခေတ်ဟာ Doomscrolling လုပ်သူတွေ သိပ်များလာတဲ့ ခေတ်ဖြစ်လို့ ကျန်းမာတဲ့ Online Habits ဖြစ်စေဖို့ နည်းလမ်းတချို့ ပြောပြပေးလိုက်ပါတယ်။

(၁) မနက်ဘက် Social Media မသုံးမိပါစေနဲ့

Man wake up morning

Photo: Freepik

အိပ်ရာကနိုးနိုးချင်း ဖုန်းပွတ်တာမျိုး လုပ်မိကြမှာပါ။ အခု ဒီအကျင့်ကို ဖျောက်လိုက်ပြီး တခြား အသုံးဝင်တဲ့ အရာတွေနဲ့ တစ်နေ့တာကို စတင်လိုက်ရအောင်။ ဥပမာ မနက်ဘက် စောစောစီးစီးထပြီး ကျန်းမာရေးလေ့ကျင့်ခန်းလုပ်တာ ၊ ဘာသာရေးလုပ်တာ ၊ မနက်စာစားဖို့ ပြင်ဆင်တာမျိုး အရင်လုပ်ကြည့်ပါ။ အင်တာနက်ကင်းမဲ့တဲ့ မနက်ခင်းတစ်ခုကို စတင်ကြည့်ပါ။

(၂) Limit ထားပါ

Man trying to stop scrolling

Photo: Freepik

အင်တာနက်ကို တစ်ရက် ဘယ်နှစ်နာရီပဲ သုံးမယ်လို့ ဆုံးဖြတ်ထားပါ။ ဥပမာ တစ်ခါဖုန်းကြည့်ရင် နာရီဝက် အလွန်ဆုံးထားတာမျိုး ဖြစ်ပါတယ်။ အခုနောက်ပိုင်းတော့ Social Media သုံးတာကို Apps တွေမှာ သူ့အချိန်နဲ့သူ လျှော့ချပေးနိုင်တဲ့ Digital Wellbeing Tools စနစ် ထည့်သွင်းလာပါတယ်။ အဲ့ဒါမျိုးလည်း သုံးပေးသင့်ပါတယ်။

(၃) တခြား ဝါသနာပါတာလေးတွေ လုပ်နေပါ

Man playing guitar

Photo: Freepik

Doomscrolling ကို အစားထိုးဖို့ ကိုယ့်ဝါသနာကို မြေတောင်မြှောက်ပေးနေပါ။ လူမှုကွန်ရက်သုံးမယ့်အစား စာအုပ်ကောင်းတစ်အုပ် ဖတ်တာမျိုး ၊ Gym သွားပြီး ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာမျိုး ၊ Boxing သင်တာ ၊ ရေကူးသင်တာ စတဲ့ အပြုသဘောဆောင်တဲ့ ဝါသနာလေးတွေ လုပ်ကြည့်ပေးဖို့ အကြံပေးချင်ပါတယ်။