ကျွန်ုပ်တို့ လူသားတိုင်းလိုလို အချိန်ဆွဲတတ်ခြင်း ထောင်ချောက်ထဲသို့ ပြုတ်ကျတတ်ကြပါတယ်။ ကျွမ်းကျင်ပညာရှင်များနှင့် သုတေသနလေ့လာချက်များအရ ၉၅ ရာခိုင်နှုန်းခန့်သော လူသားများသည် တစ်နည်းမဟုတ် တစ်နည်းတော့ အချိန်ဆွဲတတ်ကြပါတယ်။

အချို့ကလည်း အချိန်ဆွဲခြင်းကို ပျင်းရိခြင်းနှင့် မှားတတ်ကြပါတယ်။ တကယ်တော့ ထိုအရာနှစ်ခုက မတူညီကြပါဘူး။ အချိန်ဆွဲခြင်းသည် မိမိလုပ်ရမယ့် တာဝန်ကိစ္စရပ်တစ်ခုကို လုပ်ချင်စိတ်ရှိပေမယ့် အခုတော့ မလုပ်သေးဘူး၊ ခဏကြာမှ လုပ်မယ် ဆိုပြီး တွေးမြင်မိတတ်ကြပြီး ပျင်းရိခြင်းကတော့ တက်ကြွမှုမရှိခြင်း၊ လုပ်ချင်စိတ် (လုံးဝ) မရှိခြင်ဖြစ်ပါတယ်။

အချိန်ဆွဲတဲ့အလေ့အကျင့်ကြီး စွဲကပ်လာပါက မိမိရဲ့လုပ်နိုင်စွမ်းများ ကျဆင်းလာပြီး မိမိကိုယ်ကို မိမိလည်း အပြစ်ရှိသလို ခံစားရပါလိမ့်မယ်။ ဒီလိုအချိန်ဆွဲတတ်တဲ့ အကျင့်ကို ဘယ်လိုဖျောက်ဖျက်ပစ်ရမလဲဆိုတော့ …

သင်သည် အချိန်ဆွဲနေကြောင်း၊ ဘာ့ကြောင့် အချိန်ဆွဲနေကြောင်း သိဖို့လိုပါတယ်

cartoon man thinking; tips for men to succeed

အရင်ဦးဆုံး မိမိကိုယ်ကိုယ် မလိမ်မညာတမ်း ဝန်ခံတတ်ဖို့ လိုပါမယ်။ မိမိကိုယ်ကို အချိန်ဆွဲနေတယ်ဆိုတာကို ဝန်ခံပါ။ ထို့နောက် ဘာ့ကြောင့် အချိန်ဆွဲနေသလဲဆိုတာကို သိနားလည်အောင် ပြုလုပ်ပါ။ မိမိလုပ်ရမယ့်အလုပ်ကို စိတ်မဝင်စားလို့ပဲ အချိန်ဆွဲနေတာလား။ မိမိလုပ်ဆောင်ရမယ့် ကိစ္စက အရမ်းများလွန်းလို့ အချိန်ဆွဲနေတာလား စတဲ့ အကြောင်းအရင်းများကို သိရှိအောင် ပြုလုပ်ရပါမယ်။ အကြောင်းအရင်း သိသွားတဲ့အခါ ထိုပြဿနာကို ဖြေရှင်းရလွယ်ကူပါလိမ့်မယ်။

ထူးဆန်းတာတစ်ခုကတော့ အရာရာ ပြီးပြည့်စုံချင်စိတ်ရှိသူများသည်လည်း အချိန်ဆွဲတတ်ကြပါတယ်။ သူတို့ကျတော့ မိမိလုပ်ရမယ့်အရာကို ရာနှုန်းပြည့် ပြီးပြည့်စုံအောင် မပြုလုပ်နိုင်မှာကို ကြောက်ရွံ့ပြီး အချိန်ဆွဲတတ်ကြတာပါ။

အတိတ်က အချိန်ဆွဲခဲ့တဲ့ဖြစ်ရပ်အတွက် မိမိကိုယ်ကို ခွင့်လွှတ်လိုက်ပါ

tips for men to succeed; love yourself

ဘာ့ကြောင့် အချိန်ဆွဲနေသလဲဆိုတဲ့ အကြောင်းအရင်းကို သိပြီဆိုရင်တော့ အရင်က အချိန်ဆွဲတတ်တဲ့ လူဟောင်းကို မေ့ပစ်လိုက်ပါ။ လေ့လာတွေ့ရှိချက်များအရ မိမိကိုယ်ကို ခွင့်လွှတ်တတ်သူများသည် အကောင်းမြင်စိတ်ရှိတတ်ကြပြီး အနာဂတ်တွင်လည်း အချိန်ဆွဲတတ်တဲ့ ဖြစ်ရပ်မျိုးကို ရှောင်ကြဉ်နိုင်ကြတယ်လို့ သိရှိရပါတယ်။

မိမိလုပ်ဆောင်ရမယ့်အရာကို အာရုံစိုက်ထားပါ

tips for men to succeed; man focused on work

မိမိလုပ်ရမယ့် တာဝန်ဝတ္တရားထံမှ ရှောင်ပြေးနေခြင်းသည် အဖြေမဟုတ်ပါဘူး။ လုပ်ကို လုပ်ရမယ်လို့ပဲ စိတ်ထဲ ထည့်ထားပါ။ ကိုယ်လုပ်ရမယ့် ကိစ္စများကို ချရေးထားပါ။ လုပ်ဆောင်ချိန် ဘယ်လောက်ကြာနိုင်မလဲဆိုတာကို ကိုယ့်ဘာသာ တွက်ချက်ပြီး ပြီးမြောက်ရမယ့်အချိန်ကို သတ်မှတ်ထားလိုက်ပါ။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းသည် အချိန်ဆွဲတတ်တဲ့အကျင့်ကို ပျောက်ကွယ်သွားစေပါလိမ့်မယ်။

အနှောင့်အယှက်တွေရန်မှ ကာကွယ်ပါ

tips for men to succeed; man using phone

မိမိအလုပ်လုပ်နေချိန်မှာ စမတ်ဖုန်းကို ဝေးဝေးထားပါ။ Notification အသံ ပိတ်ထားပါ။ ဆိုရှယ်မီဒီယာများ မသုံးမိအောင် ကြိုးစားပါ။ တီဗွီရှေ့မှာ ထိုင်ပြီး အလုပ်လုပ်တာထက် တီဗွီနဲ့ ဝေးဝေးထိုင်ပြီး အလုပ်လုပ်လိုက်ပါ။ သင် အလုပ်လုပ်နေချိန်မှာ မိမိကို အာရုံလွှဲစေမယ့် အနှောင့်အယှက်များအားလုံးကို တတ်နိုင်သမျှ ဝေးဝေးထားရပါမယ်။ ဒါဆိုရင်တော့ စိတ်အာရုံ လွှင့်မျောခြင်းမှ ကာကွယ်နိုင်ပြီး မိမိရဲ့အလုပ်ကိစ္စများကိုလည်း သတ်မှတ်ချိန်အတွင်း ပြီးမြောက်အောင်မြင်နိုင်ပါလိမ့်မယ်။

မိမိကိုယ်ကို ဆုချပါ

tips for men to succeed; reward yourself

သတ်မှတ်ထားတဲ့ အချိန်မှာ ပြီးမြောက်သွားတဲ့အခါ ကိုယ့်ကိုယ်ကို ဆုချပါ။ ကော်ဖီ ဖျော်သောက်တာပဲဖြစ်ဖြစ်၊ အရသာရှိတဲ့ မုန့်ဝယ်စားတာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ဆုချတတ်ရပါမယ်။ တစ်ရက်ချင်းစီအလိုက် ဆုချတဲ့အခါ ထိုကဲ့သို့ ဆုသေးသေးလေးပဲ ချီးမြှင့်ရပါမယ်။ ရက် ၃၀ အထိ ကိုယ့်ကိုယ်ကို စိန်ခေါ်ကြည့်ပြီးနောက် ထိုရက် ၃၀ လုံးလုံး အချိန်ဆွဲတတ်တဲ့အကျင့် မရှိဘူးဆိုရင်တော့ လစာထုတ်ရက်နဲ့ ကိုက်ပြီး မိမိကိုယ်ကို ဆုအကြီးကြီး ချီးမြှင့်လိုက်ပါ။ ဥပမာ အင်္ကျီအကောင်းစားတစ်ထည် ဝယ်လိုက်တာမျိုး၊ စာပေချစ်သူများကလည်း စာအုပ်ကောင်းကောင်းတစ်အုပ် ဝယ်ဖတ်တာမျိုး စသည်ဖြင့် မိမိဝါသနာနဲ့ ကိုက်ညီပြီး ဆုအကြီးကြီး ချီးမြှင့်နိုင်ပါတယ်။

Photo Source: Freepik.com

Source: Mindtools.com