စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေက သင့်ရဲ့တစ်နေ့တာ ပျော်ရွင်စရာတွေကို ကောင်းကောင်းဖျက်စီးပစ်နိုင်စွမ်း ရှိပါတယ်။ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှုကင်းပြီး စိတ်အေးချမ်းစွာနေထိုင်ချင်တယ်ဆိုရင် အခုပြောပြမယ့် နည်းလမ်းလေးတွေကိုလုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
(၁) တရားထိုင်ပါ

Source : Shutterstock
တရားထိုင်ခြင်းကို နေ့စဉ်လုပ်ရိုလုပ်စဉ် အလေ့အကျင့်တစ်ခုအနေနဲ့ ပုံမှန်လေးလုပ်ဆောင်သွားကြည့်ပါ။ အနည်းဆုံးတစ်ရက်ကို ၁၅ မိနစ်လောက်ကနေစပြီး တရားထိုင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။ တရားထိုင်တာက စိတ်နဲ့ ခန္ဓာကို အေးချမ်းစေပြီး စိတ်တည်ငြိမ်အေးချမ်းစေတဲ့ အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။
(၂) လက်ခံတက်တဲ့ အကျင့်ကိုမွေးပါ

Source : Shutterstock
အများစုက ကိုယ်ချစ်တဲ့လူတွေ ၊ ကိုယ်မြတ်နိုးတဲ့အရာတွေ ၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကို မထင်မှတ်ပဲ ဆုံးရှုံးရတဲ့အခါမှာ စိတ်သောကများစွာရောက်ကြရပါတယ်။ တကယ်တော့ လူတိုင်းလူတိုင်းအတွက် မနက်ဖန်ဆိုတာ မသေချာတဲ့အရာတစ်ခုပါ။ မတည်မြဲခြင်းသဘောကို ကောင်းစွာနားလည်ပြီး လက်ခံနိုင်အောင်စိတ်ကိုပြင်ဆင်ထားမယ်ဆိုရင် သင့်ရဲ့ဘဝမှာ စိတ်ဖိစီးမှုနဲ့ သောကတရားတွေ နည်းသွားပါလိမ့်မယ်။
(၃) အနားယူပါ

Source : Shutterstock
စိတ်နဲ့ ခန္ဓာကိုယ်ကို အေးချမ်းစွာအနားယူတဲ့အချိန်ဆိုတာလည်း လူတိုင်းလူတိုင်းအတွက် ရှိသင့်ပါတယ်။ ဆိုရှယ်မီဒီယာတွေ ဖုန်းတွေနဲ့ အားလပ်ချိန်ကိုအချိန်ကုန်မယ့်အစား စာအုပ်ဖတ်တာ သီချင်းနားထောင်တာတွေက ပိုပြီး စိတ်ကိုတည်ငြိမ်အေးချမ်းခြင်းတွေပေးနိုင်ပြီး ကောင်းစွာအနားရစေမှာဖြစ်ပါတယ်။
(၄) လေ့ကျင့်ခန်းလုပ်ပါ

Source : Shutterstock
လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေပါတယ်။ လေ့လာမှုတွေအရလည်း နေ့စဉ်လေ့ကျင့်ခန်းပုံမှန်လုပ်သူတွေက လေ့ကျင့်ခန်းမလုပ်သူတွေထက် စိတ်ဖိစီးမှုနည်းတာကိုတွေ့ရှိရပါတယ်။ ကျန်းမာပြီး ပျော်ရွှင်တဲ့လူမှုဘဝအတွက် လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းက များစွာအထောက်အပံ့ဖြစ်စေမှာပါ။
