Gym ကစားသူအများစုက ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့ စိတ်ဖိစီးမှုလျော့ကျစေဖို့ လှပတဲ့ဘော်ဒီပိုင်ဆိုင်ချင်လို့ ကျန်းမာရေးပိုကောင်းချင်လို့ စတဲ့အကြောင်းအချက်တွေကြောင့် Gym ကိုရောက်လာကြတာများပါတယ်။ ဒါပေမယ့် Gym ဆော့တာတစ်ခုတည်းက သင့်ကိုလုံးဝကျန်းမာသွားစေမယ်လို့ အာမမခံနိုင်ပါဘူး။ မှန်ကန်တဲ့စားသောက်နေထိုင်မှုပုံစံရှိမှသာ ကျန်းမာခြင်းတွေရရှိနိုင်မှာပါ။ ဒီနေမှာတော့ Gym ကစားသူတွေလိုက်နာရမယ့် အခြေခံအချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) မျှတအောင်စားပါ

Source : Freepik

Gym ကစားသူတဲ့သူတွေအတွက် အရေးကြီးဆုံးက အစာအစားမျှတအောင်စားဖို့ပါ။ ဝိတ်ချသူပဲဖြစ်ဖြစ် ဝိတ်တင်ချင်သူပဲဖြစ်ဖြစ် အစာအဟာရအရေးကြီးပါတယ်။ တစ်နေ့တာ စားသုံးရမယ့်ကယ်လိုရီပမဏကို တွက်ချက်ပြီးစားသုံးပေးပါ။ ပရိုတင်းဓာတ်များများစားသုံးပါ။ လက်ဆတ်တဲ့ ဟင်းသီးဟင်းရွှက်တွေကိုလည်း မျှတအောင်စားသုံးပေးရပါမယ်။

(၂) ရေများများသောက်ပါ

Source : Showbiz Cheat Sheet

ခန္ဓာကိုယ်ရေဓာတ်မပြည့်ဝရင် ကြွက်သားတွေကောင်းစွာအလုပ်လုပ်နိုင်မှာမဟုတ်သလို ပင်ပန်းနွမ်းနယ်ခြင်းတွေ ခံစားနေရမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့တာအတွက်လိုအပ်တဲ့ ရေဓာတ်ပြည့်ဝဖို့ ရေများများသောက်သုံးပေးပါ။ တစ်နေ့ကို အနည်းဆုံး ရေ ၄ လီတာခန့်သောက်သုံးပေးသင့်ပါတယ်။

(၃) ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပါ

Source : ProfiSport

Gym တစ်ရက်သွားလိုက် တစ်ရက်နားလိုက်လုပ်နေရင် ခန္ဓာကိုယ်မှာကစားထားသမျှက အလကားပါပဲ။ ကြွက်သားတွေကို အနားပေးဖို့လိုအပ်ပေမယ့် တစ်ရက်သွားလိုက်နားလိုက် စိတ်ကူးပေါက်မှထကစားလိုက်လုပ်လို့မရပါဘူး။ တစ်ပတ်ကို ၄ ရက်ကနေ ၅ ရက်လောက်ပုံမှန်မပျက်မကွက်ကစားပြီးမှ နားပါ။ ကစားတဲ့အချိန်မှာလည်း တစ်နေ့ကို ၁နာရီ ၁နာရီခွဲ လောက်ကစားပေးရင်လုံလောက်ပါတယ်။

(၄) အိပ်ချိန်ပြည့်ဝအောင်အိပ်ပါ

Source : Psychiatry Advisor

Gym ကစားထားတဲ့ ခန္ဓာကိုယ်ကိုကောင်းစွာထိန်းသိမ်းဖို့နဲ့ အနားယူဖို့လည်းလိုအပ်ပါတယ်။ဒါကြောင့် Gym ကစားသူတွေဟာ အိပ်ချိန်ကိုအလေးထားဖို့လိုအပ်ပြီး အိပ်ချိန်ပြည့်ဝအောင်အိပ်စက်ပေးရမှာဖြစ်ပါတယ်။ ဒါမှလည်းခန္ဓာကိုယ်မှာ စွမ်းအင်ပြည့်ဝပြီး Gym ကောင်းကောင်းကစားနိုင်မှာဖြစ်ပါတယ်။