ကျနော်တို့အားလုံး ကTitanic သင်္ဘောကြီးဟာ ရေခဲစိုင်ကြီးကို တိုက်မိပြီးနစ်မြုပ်သွားတာလို့ သိခဲ့ကြတာပါ။ တကယ်ပဲ ဒါကအဖြစ်မှန်လာ။ဒါပေမဲ့ တချို့သော သက်သေတွေက သင်္ဘောကြီးဟာ မနှစ်မြုပ်ခင်မှာ ပေါက်ကွဲမှုတွေ မီးလောင်မှုတွေ ရှိခဲ့တယ်လို့ ပြနေပါတယ်။

ဒါက ကျနော်တို့ သိထားတဲ့ သမိုင်းကြောင်းကို ပြောင်းလဲသွားစေနိုင်ပါတယ်။ကဲ ခု kwee page ကနေပြီးတော့ Titanic သင်္ဘောကြီး ဘာကြောင့်နှစ်မြုပ်သွားတာလဲဆိုတာကို ပြောပြပေးသွားမှာပါ။

Titanic သင်္ဘောကြီး နှစ်မြုပ်သွားတုံးက အသက်ရှင်ကျန်ခဲ့တဲ့ Vaghinak Byurat ဆိုတဲ့သူဟာ ရေခဲတုံးကြီးအကြောင်း ပြောမသွားခဲ့ဘူး

Vaghinak Byurat ကအမေရီကန်နိုင်ငံကို စီးပွားရေးအတွက် ခရီးထွက်လာခဲ့တာပါ။ သင်္ဘောနှစ်မြုပ်ခဲ့တဲ့ အချိန်မှာ အသက်ရှင်ကျန်ခဲ့တဲ့သူတွေထဲက တဦးပါ။သင်္ဘောနှစ်မြုပ်သွားတာကို အစအဆုံးမြင်လိုက်ရတယ်လို့လည်းပြောထားပါတယ်။

သူဟာနောက်ပိုင်းမှာ သင်္ဘောပေါ်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ စာအုပ်တွေရေးခဲ့ပါသေးတယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတာက ဘာလဲဆိုတော့ ရေခဲစိုင်ကြီးအကြောင်းကို တော့ တခွန်းမှ ပြောခဲ့ခြင်းမရှိခဲ့ပါဘူး။

သူဟာ ပေါက်ကွဲမှုတွေကြောင့် သင်္ဘောကြီးနှစ်မြုပ်သွားတယ်ဆိုတာကိုပဲ တသွင်သွင်ပြောနေခဲ့တဲ့သူပါ။

တခြားအသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတွေသာ ပေါက်ကွဲမှုတွေအကြောင်း မပြောခဲ့ဘူးဆိုရင် Vaghinak Byurat ရဲ့ပြောစကားတွေက အရာထင်မှာမဟုတ်ပါဘူး။တခြားအသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတွေ Titanic သင်္ဘောကြီးနှစ်မြုပ်နေစဉ်ဘာတွေမြင်ခဲ့လဲ။

တခြားအသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတွေကလည်း သင်္ဘောပေါ်မှာ ပေါက်ကွဲမှု ၂-၄ ကြိမ်ခန့်ရှိခဲ့တယ်လို့ ပြောသွားကြပါတယ်။စာရေးဆရာ Bill Wormstedt ကသင်္ဘောပေါ်ကို လူတချို့ကို မေးမြန်းထားတာရှိပါတယ်။ သူတို့ရဲ့ပြောစကားအရ သင်္ဘောကြီး နှစ်မြုပ်သွားတာက ရေခဲစိုင် ကြီးကိုတိုက်မိတာကြောင့်မဟုတ်ပဲ ပေါက်ကွဲမှုတွေကြောင့် လို့ယူဆရဖွယ်ဖြစ်နေပါတယ်။

  • Major Arthur G. Peuchen – သင်္ဘောပေါ်က ပထမတန်း ခရီးသည်ဖြစ်ပါတယ်။ သူကတော့ ပေါက်ကွဲမှုတွေကို တကယ်ကြားခဲ့ရပြီးနောက်မှာ သင်္ဘောစတင်နှစ်မြုပ်သွားခဲ့တာပါလို့ အသေအချာပြောသွားခဲ့ပါတယ်။
  • George Frederick Crowe – သူကသင်္ဘောစာပွဲထိုးတယောက်ပါ။ သူလည်းပေါက်ကွဲမှု ကိုကြားခဲ့ရကြောင်း ပြောထားပါတယ်။ ပေါက်ကွဲမှုပြီးမှသာ သင်္ဘောကြီးနှစ်မြုသွားခဲ့ကြောင်းကိုလည်း အခိုင်အမာပြောဆိုထားပါတယ်။

ကဲကွီးပရိတ်သတ်တွေရော ဘယ်လိုထင်ပါသလဲ။ Titanic သင်္ဘောကြီးက တကယ်ပဲ ရေခဲစိုင်ကြီးကို တိုက်မိပြီးနှစ်မြုပ်သွားတာလား။ ဒါမှမဟုတ် ပေါက်ကွဲမှုတွေကြောင့် နှစ်မြုပ်သွားတာလား။ ကွီး ပရိတ်သတ်တွေရော ဘယ်လိုထင်ပါသလဲ။ ကိုယ့်ရဲ့ထင်မြင်ချက်ကို အောက်က comment ရေးထားခဲ့လို့ရတယ်နော်။

Source: Bright Side