တကယ်တော့ အရပ်အမြင့်ဆိုတာမျိုးက မျိုးရိုးကနေ ဆင်းသက်လာတာပါ။ ပုတယ် ရှည်တယ်ဆိုတာတွေက မိဘ ဒါမှမဟုတ် အဘိုးအဘွားတို့ရဲ့ ပုံစံအတိုင်း ကြီးပြင်းဖြစ်တည်လာကြတာပါ။ ပြီးတော့ အရပ်အမြင့် အရှည်ဆိုတာတွေက မိဘဘိုးဘွားတွေရဲ့ မျိုးရိုးလိုက်မှုဟာ ၉၀ ရာခိုင်နှုန်းကနေ ၉၅ ရာခိုင်နှုန်ထိ ရှိနေပါတယ်။ ဒီတော့ကျန်တဲ့ ၅ ရာခိုင်နှုန်းနဲ့ အရပ်မြင့်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာ စိတ်ဝင်စားကြတဲ့သူတွေအတွက် နည်းလမ်းကောင်းလေးတချို့ကို မျှဝေပေးလိုက်ပါတယ်။

Source: Healthline

သင့်ကို ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအတွင်း အရပ်ရှည်အောင် ပြုလုပ်လို့ရတဲ့အရာတွေက ယေဘုယျအားဖြင့်တော့ ၃ ခုရှိပါတယ်။ ဒီ၃ ခုကိုသာ သေချာ လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ တစ်ပတ်အတွင်း အရပ်မြင့်လာဖို့ သေချာပြီပေါ့။

လေ့ကျင့်ခန်း

Source: Sciencenorway

ပထမဆုံးအရာက လေ့ကျင့်ခန်းပါ။ အရပ်ရှည်လာစေဖို့အတွက် လေ့ကျင့်ခန်းတွေ လုပ်ပေးရပါမယ်။ ဥပမာ ရေကူးတာမျိုး ၊ ဘားခိုတာမျိုးစတဲ့ ပုံစံတူ လေ့ကျင့်ခန်းတွေကို မဖြစ်မနေ နေ့စဉ်တိုင်း လေ့ကျင့်ခန်းကို လုံးဝမပြတ်စေဘဲ အရပ်ရှည်ဖို့တစ်ခုတည်းကို စိတ်နှစ်ထားပြီးတော့ လုပ်ရမှာပါ။

အလေ့အထမှားတွေကို ပြုပြင်ရပါမယ်

Source: Pinterest

ဒါတွေကတော့ လူတွေရဲ့ ပြုမူနေထိုင်တဲ့ အနေအထားပုံစံတွေပါ။ လူတွေက သက်တောင့်သက်သာထိုင်တယ်ဆိုပြီး ဒီတိုင်းခါးကိုကုန်းပြီး အလုပ်လုပ်တာ၊ လမ်းလျှောက်တာ၊ ထိုင်တာ၊ ကွန်ပျူတာကြည့်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ ခုဆိုပိုတောင်မှ ဆိုးပါသေးတယ်။ လူတွေက ဖုန်းကို အာရုံရောက်နေပြီး အားလုံးဟာ ကွေးကွေးလေးတွေ ဖြစ်လို့လာပါပြီ။ အရပ်ရှည်ချင်တယ်ဆိုရင်တော့ အဲဒီအကျင့်ဆိုးကို ဖျောက်ပြီး ခါးမတ်မတ်နေတဲ့အကျင့်ကို ပြောင်းလဲယူရပါမယ်။

အရပ်မြင့်စေမယ့် အစားအစာ

Source: First Rate Fitness

အစားအစာကလည်း အရပ်မြင့်တက်စေဖို့အတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အရပ်ရှည်မြင့်တက်စေတဲ့ အစားအစာတွေကတော့ နို့နဲ့ နို့ထွက်ပစ္စည်း ၊ ကြက်သား ၊ ဥအမျိုးမျိုး ၊ အုတ်ဂျုံ နဲ့ ပဲပိစပ်တွေပဲ ဖြစ်ပါတယ်။ ဒီအစားအစာတွေကို အလျဉ်းသင့်သလို ကိုယ် နေ့စဉ်စားသုံးမယ့် အစားအစာထဲမှာ ထည့်သွင်း စားသုံးပေးသင့်ပါတယ်။