ရိုးရှင်းပြီး ထက်မြက်တဲ့ပုံစံမျိုးတွေ ၊ ယောကျာ်းပီသတဲ့ ပုံစံမျိုးတွေက တကယ်တော့ ယောကျာ်းလေးတွေအတွက် လုံးဝမခက်ပါဘူး။ ရှင်းသန့်တဲ့ မျက်နှာ၊ သပ်ရပ်တဲ့ ဆံပင်ပုံစံ၊ သန့်ရှင်းစင်ကြယ်နေတဲ့ မျက်နှာနဲ့အတူ သေသပ်ခန့်ငြားတဲ့ ဝတ်စားဆင်ယင်မှုတွေကိုသာ ပေါင်းစပ်လိုက်မယ်ဆိုရင် လုံးဝကို ကြည့်ကောင်းပြီး ယောကျ်ားပီသတဲ့ ပုံစံမျိုး ရရှိသွားမှာပါ။

Source: coutureafricamag.com

သို့ပေမယ့် ဘောင်းဘီဝတ်ဆင်မယ့်အချိန်မျိုးမှာတော့ သတိပြုစရာအချက်တစ်ခုရှိနေပါတယ်။ ဒါကို မြန်မာနိုင်ငံက ယောကျ်ားလေး တော်တော်များများဟာ ဒီအချက်ကို လက်လွတ်စပယ် သိပ်ပြုမူတတ်ကြပါတယ်။ အဲဒါကတော့ ခါးပတ်ဝတ်တာပါ။ လုံးဝ ခါးပတ်ဝတ်ဖို့ကို ချန်မထားသင့်ပါဘူး။ ဒီအချက်ကလေးကိုတော့ သတိပြုကြစေချင်ပါတယ်။

လူတွေရဲ့အမြင်ဟာ ဖက်ရှင်ကစမြင်ကြတာပါ။

Source: www.youtube.com

လူတိုင်းကတော့ သူတို့ရဲ့ နေ့ရက်တိုင်းမှာ လူတွေရဲ့ အားကျလေးစားမှုကို ခံယူချင်ကြသူတွေချည်းပါ။ လူတွေရဲ့ လေးစားအားကျမှုဆိုတာကလည်း ဝတ်ဆင်ထားတဲ့ ဖက်ရှင်ကနေ စလာကြတာပါ။

Trend တွေကလည်း ကိုယ့်ကို မဆွဲဆောင်နိုင်ဘူး။

Source: lifestyle.okezone.com

ခုဝတ်ဆင်နေတာတွေထက် ပိုပြီး စမတ်ကျအောင်လည်း ဝတ်ဆင်ချင်တယ်။ အခုခေတ်စားနေတဲ့ ဖက်ရှင်စတိုင်တွေကို လိုက်လေ့လာကြည့်တော့လည်း ကိုယ်နဲ့ ကီးမကိုက်သလိုလို အဆင်မပြေသလိုလို အကြိုက်မတွေ့သလိုလို ကိုယ့်ပုံစံ မဟုတ်သလိုလို ခံစားရနေပါသလား။

အိုဗာဝတ်စားဆင်ယင်မှုတွေ လုံးဝမလုပ်ပါနဲ့။

Source: lusminusmagazine.com

အရမ်းကြည့်ကောင်းချင်နေတဲ့ စိတ်တွေကြောင့် ကိုယ်နဲ့ လိုက်ဖက်မလိုက်ဖက် ကြည့်မနေတော့ဘဲ အကောင်းစားတံဆိပ်ကြီးတွေကို ဝတ်ဆင်လိုက်တာမျိုး ရှိတတ်ကြပါတယ်။ တခါတလေမှာလည်း ခေတ်စားနေတဲ့ ဖက်ရှင်တွေကို ဝတ်ချင်စိတ်များပြီး ဝတ်လိုက်ကြတာများပါတယ်။ ဒါဟာ ကိုယ်နဲ့ မလိုက်ဖက် ကိုယ်နဲ့ ပုံစံမကျတဲ့အခါမျိုးမှာ အိုဗာဖက်ရှင်တွေ ဖြစ်သွားတတ်ပါတယ်။

လုပ်ငန်းခွင်မှာလည်း ဖက်ရှင်က အရမ်းအရေးပါပါတယ်။

Source: cheatsheet.com

တကယ်တမ်းတော့ လုပ်ငန်းခွင်လိုနေရာမျိုးမှာလည်း အလုပ်လုပ်တာတော်တာ မတော်တာအပြင် သူ့ရဲ့ ဝတ်ပုံစားပုံ ဖက်ရှင်စတိုင်က ဘယ်လိုပုံစံလဲဆိုတာကို အရင်ကြည့်ကြတာပါ။ အထူးသဖြင့် ဝတ်စားဆင်ယင်မှုဟာ ကိုယ့်ကိုတစ်ခြားသူရှိန်စေနိုင်တဲ့ စည်းတစ်ခုချပေးထားနိုင်တဲ့ အရာတွေပဲဖြစ်ပါတယ်။