ကွီးတို့ရေ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ Bloody Mary ကော့လ်တေးကို သိကြမှာပါ။ Tokyo Marry ကော့လ်တေးကတော့ ဗော့ဒ်ကာနှင့် ခရမ်းချဉ်သီးဖျော်ရည်များနဲ့ အခြားသော ပါဝင်ပစ္စည်းများနဲ့ ဖျော်စပ်ထားတဲ့ Bloody Mary ကော့လ်တေး ကဲ့သို့ ဖျော်စပ်ပုံ တူညီပါတယ်။ သို့သော် Tokyo Marry ကော့လ်တေးဟာ ဝါဆာဘီကို အသုံးပြုခြင်းကြောင့် အရောင်အဆင်းပိုမိုရင့်ပြီး အနံ့ပိုပြင်းပါတယ်။ ဒီကော့လ်တေးဟာ ကွီးတို့ ဂျပန်ကိုရောက်ခဲ့လျှင် မြည်းစမ်းကြည့်သင့်တဲ့ ဂျပန် ဂန္တဝင် ကော့လ်တေး များထဲက တစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာက ဂျပန်စတိုင်လ်ဘား သို့မဟုတ် ဘား အချို့မှာလည်း ရရှိနိုင်ပါတယ်။ ကော့လ်တေးတွေကို စမ်းသပ်ဖျော်စပ် မြည်းစမ်းရတာ သဘောကျတဲ့ ကွီးတို့အတွက် ဒီနေ့မှာတော့ အရသာရှိတဲ့ Tokyo Marry ကော့လ်တေး ဖျော်စပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
Tokyo Marry ကော့လ်တေး ဖျော်စပ်ဖို့အတွင် ပါဝင်ပစ္စည်းတွေကတော့

Photo : The Spruce Eats
- ဗော့ဒ်ကာ ၁၀၀ မီလီလီတာ
- ဝါဆာဘီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ခရမ်းချဉ်သီးဖျော်ရည် ၄၀၀ မီလီလီတာ
- သံပရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- Mirin လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ဂျင်းချဉ် စားပွဲတင်ဇွန်း ၁ ဇွန်း
- ရေခဲတုံးများ နှင့်
- အလှဆင်ရန် တရုတ်နံနံ ၂ ချောင်း (သို့မဟုတ်) ခရမ်းချဉ်သီးစိပ်လေးများ၊ သံပုရာသီးစိပ်လေးများ
စသည်တို့လိုအပ်ပါတယ်။ လတ်လတ်ဆတ်ဆတ် ခရမ်းချဉ်သီးကို ကြိတ်ပြီး သုံးနိုင်သလို အသင့်သုံး ခရမ်းချဉ်သီးဖျော်ရည်ကိုလည်း သုံးနိုင်ပါတယ်။
ပါဝင်ပစ္စည်းတွေ အသင့်ဖြစ်ပြီးဆိုရင်တော့ ကော့လ်တေး ဖျော်စပ်လို့ရပြပြီ။ ဖျော်စပ်ပုံကတော့…………
၁။ ပထမဦးစွာ ကော့လ်တေး Shaker ထဲသို့ ဝါဆာဘီ နဲ့ ပဲငံပြာရည်တို့ကို ထည့်ပါ။ ပြီးနောက် ဇွန်းတစ်ချောင်းကို အသုံးပြုပြီး ရောမွှေလိုက်ပါ။

Photo : The Spruce Eats
၂။ ထို့နောက် ခရမ်းချဉ်သီးဖျော်ရည်၊ သံပရာရည်၊ မီရင်း၊ ဂျင်းချဉ်ရည်၊ ဗော့ဒ်ကာနှင့် ရေခဲတုံများကို ကော့လ်တေး Shaker ထဲသို့ထည့်ပါ။ ပါဝင်ပစ္စည်းများအားလုံးကို ရောမွှေပြီး အရသာအတွက် ဆားအနည်းငယ်နှင့်
ငရုတ်ကောင်းမှုန့် သင့်တော်သလိုထည့်ပြီးနောက် အဖုံးပိတ်ပြီး ကော့လ်တေး Shaker ကို လှုပ်ခါပေးပါ။
Photo : The Spruce Eats

၃။ ကော့လ်တေး Shaker အပြင်ဘက်ပေးသွားသည်အထိ လှုပ်ခါပြီးနောက် ရရှိလာတော့ ကော့လ်တေးများကို ကွီးတို့စိတ်ကြိုက် ဖန်ခွက်ထဲသို့လောင်းထည့်လိုက်ပါ။
၄။ နောက်ဆုံးအနေဖြင့် အဆင်သင့်ပြင်ဆင်ထားသော တရုတ်နံနံ ၂ ချောင်း (သို့မဟုတ်) ခရမ်းချဉ်သီးစိပ်လေးများ၊ သံပုရာသီးစိပ်လေးများ စသည်တို့နဲ့ အလှဆင်လိုက်ပါ။

Photo : CopyKat Recipes
ဒါဆိုရင်တော့ ဆွဲဆောင်မှုရှိတဲ့ အရောင်ဆင်းနဲ့ ဂျပန် ဂန္တဝင် ကော့လ်တေးများထဲက တစ်ခုဖြစ်တဲ့ Bloody Mary ကော့လ်တေး တစ်ခွက်ရပါပြီ။ ကွီးတို့ရေ ဒီကော့လ်တေးလေးကို ဖျော်စပ်ရာမှာ အခြားသောပါဝင်ပစ္စည်းများအပြင် ဖျော်စပ်ပုံ၊ ဖျော်စပ်နည်းလည်း အမျိုးမျိုးရှိတဲ့ အတွက် ကွီးတို့ အနေနဲ့ အဆင်ပြေရာ ဖျော်စပ်နည်းကို အသုံးပြုနိုင်ပါတယ်။
Source : Sain’s Magazine
Featured Photo : Taste
