Refreshing ဖြစ်တဲ့ Gin ကော့လ်တေး တွေထဲမှာ Tom Collin‌ ကော့လ်တေးက နာမည်ကြီးလူကြိုက် များပါတယ်။ Tom Collin‌ ကော့လ်တေးဆိုတာ ၁၈၆၉ ခုနှစ်လောက်က လန်ဒန်မှာ ရှိတဲ့ ဝိတ်တာတစ်ဦးရဲ့ နာမည်ကို အစွဲပြုပြီး ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ၁၈၇၀ နောက်ပိုင်း ခုနှစ်တွေမှာ ကော့လ်တေး ချစ်သူတွေကြား အတော်လေး ရေပန်းစားခဲ့တဲ့ ကော့လ်တေးတစ်မျိုးဆိုလည်း မမှားပါဘူး။

Photo : A Couple Cooks

Tom Collin‌ ကော့လ်တေးတစ်ခွက် ဖျော်စပ်ဖို့အတွက် Gin ၊ Lemon Juice ၊ Soda Water ၊ Simple Syrup နဲ့ ရေခဲစတဲ့ ပါဝင်ပစ္စည်းတွေသာ အဓိကလိုအပ်ပါတယ်။ အိမ်မှာ ကိုယ်တိုင်လွယ်လွယ်ကူကူ ဖျော်စပ်နိုင်ဖို့ ကော့လ်တေးဖျော်စပ်နည်း အဆင့်ဆင့်ကို ပြောပြပေးချင်ပါတယ်။

Photo : A Couple Cooks

Tom Collin‌ကော့လ်တေးဖျော်စပ်ဖို့ Highball ဖန်ခွက်ရှည်တစ်လုံး လိုပါတယ်။ အရင်ဆုံး ကော့လ်တေး Shaker ထဲမှာ Dry Gin ၂ အောင်စ ၊ Simple Syrup သို့မဟုတ် Maple Syrup ၁ အောင်စ ၊ Lemon Juice ၁ အောင်စ နဲ့ ရေခဲ ၄ တုံးလောက်ကို ရောထည့်ပြီး သမအောင် ရှိတ်ပေးရပါမယ်။ ပြီးရင် Highball ဖန်ခွက်ထဲကို ရေခဲအနည်းငယ်ထည့် ရှိတ်ထားတဲ့ ကော့လ်တေးဖျော်ရည်လောင်းထည့်ပြီး ဆိုဒါ ဖန်ခွက်တစ်ဝက်ခန့်လောင်းထည့်လိုက်ပါ။ သံပုရာသီးခြမ်း ၊ ချယ်ရီသီးတို့အလှဆင်ပြီး ရိုးရှင်းလွယ်ကူတဲ့ ဂန္တဝင် Tom Collin‌ကော့လ်တေးတစ်ခွက် အသင့်သောက်သုံးနိုင်ပါပြီ။

Featured Photo : Spirits Navigator