ဟောလိဝုဒ်မင်းသား တွမ်ဟန့်ခ်နဲ့ ဇနီးဖြစ်သူ တို့ နှစ်ဦးလုံးဟာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ဩစတြေးလျနိုင်ငံမှာ ဆေးရုံတက်နေရတယ်လို့သိရပါတယ်။

သူတို့နှစ်ဦးဟာ ဩစတေးလျနိုင်ငံကို ရုပ်ရှင်ရိုက်ကူးရေးတခုနဲ့ ရောက်ရှိနေချိန်မှာ ခုလိုဖြစ်ခဲ့တာလို့ သိရပါတယ်။ တွမ်ဟန့်ခ်ဟာ သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဖျားနာ၊ အအေးမိချင်သလိုဖြစ်လာတဲ့အတွက် ဆေးစစ်မှုပြုလုပ်ခဲ့ချိန် သူတို့မှာ ရောဂါ Positive ဖြစ်နေကြောင်း တွေ့ရှိခဲ့တာလို့ ရေးသားထားပါတယ်။

Source: TNP.sg

“ဟုတ်ပြီ၊ ဒါဆို ဘာဆက်လုပ်ရမလဲ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေဆီက ညွှန်ကြားချက်တွေအတိုင်း လိုက်နာရမယ့် အရာတွေ ရှိပါတယ်။ ကျနော်တို့ စစ်ဆေးတယ်၊ တွေ့တယ်၊ စိတ်ချရတဲ့အခြေအနေအထိ သီးခြားနေရပါမယ်” ဟုလူမူကွန်ရက် အင်စတာဂရမ်စာမျက်နှာပေါ်မှာ မှာသူကိုယ်တိုင် ရေးသားထားပါတယ်။

တွမ်ဟန့်ခ်စ်ဟာ အဆိုတော် အဲလ်ဗစ်ပရက်စလေ (Elvis Presley) ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားသစ်အတွက် ဩစတြေးလျကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

Source: Hollywood Reporter

တွမ်ဟန့်ခ်စ်ဟာ ပရက်စလေရဲ့ မန်နေဂျာ တွမ်ပါ့ကား နေရာက ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကားရဲ့ ရိုက်ကူးရေးကို လာမယ့် တနင်္လာနေ့မှာ စတင်မှာဖြစ်ပြီး ခုလောလောဆယ်မှာတော့ ရွှေ့ဆိုင်းရဖွယ် ရှိနေပါတယ်။

တွမ်ဟန့်ခ်စ်ဟာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားတဲ့ ပထမဆုံး ဟောလိဝုဒ်စတားတစ်ယောက် ဖြစ်ပါတယ်။

Source: CNBC

မင်းသားကြီးတွမ်ဟန့်ခ်ဟာ Forrest Gump, The Terminal, The Green Mile, Philadelphia, Saving Private Ryan ဇာတ်ကားများ အပါအဝင် အောင်မြင်ကျော်ကြား ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ထားသူဖြစ်ပြီး အော်စကာဆုရှင် သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။