ကမ္ဘာ့ဖလားချိန်ပီယံ ကွင်းလယ်ဖန်တီးရှင် Toni Kroos ဟာ ရီရဲမက်ဒရစ်အသင်းကို မပြောင်းရွှေ့ခင် ၂၀၁၄ ခုနှစ်တွင် အင်္ဂလန် မြေမှာခြေချဖို့အလွန်ပဲ နီးစပ်ခဲ့ဖူးပါတယ်။
Kroos ကတော့ မန်ယူနည်းပြ David Moyes ဟာအသင်းမှာ နေရာမမြဲခဲ့တာကြောင့် မန်ယူအသင်းက သူ့အပေါ်စိတ်ဝင်စားမူ လျှော့နည်းသွားခဲ့တာဖြစ်ကြောင့် ပြောဆိုသွားပါတယ်။
Source: Mirror
လီဗာပူးကစားသမားတွေဖြစ်ခဲ့တဲ့ Luis Suarez နဲ့ Steven Gerrard တို့ဟာလည်း သူ့ကို လီဗာပူးကို လာရောက်ကစားဖို့ စည်းရုံးခဲ့သေးတယ်လို့ အဆိုပါကစားသမားကပြောသွားပါသေးတယ်။
အဆိုပါ ဂျာမန် ကွင်းလယ်ကစားသမားဟာ ၂၀၁၄ ခုနှစ်မှာ ဘေယန်မြူးနစ်အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေခဲ့တာပါ။ မန်ယူးအသင်းမှာ David Moyes နည်းပြအဖြစ်ရှိနေစဉ်တွင် Kroos ဟာမန်ယူအသင်းရဲ့ ထိပ်တန်းပစ်မှတ်တစ်ခုဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ David Moyes နေရာမှာ Louis van Gaal ကိုအစားထိုးလိုက်တဲ့အချိန်မှာတော့ Kroos အပေါ်မန်ယူအသင်းရဲ့ စိတ်ဝင်စားမူ လျှော့ကျသွားပါတော့တယ်။
Source: 90min
“David Moyes ကျနော့ဆီလာတွေ့ခဲ့ပါတယ်။ စာချုပ်ကိစ္စတွေတောင် ဆွေးနွေးပြီးသွားခဲ့ပြီးပါပြီ။ ဒါပေမဲ့ Moyes အထုတ်ခံရပြီး Louis van Gaal ကမန်ယူအသင်းနည်းပြဖြစ်လာခဲ့တယ်။
Louis ကသူ့ကိုယ်ပိုင် အိမ်မက်ထဲက အသင်းတစ်သင်းကို တည်ဆောက်ချင်ခဲ့တာ။ အဲ့နောက်ပိုင်းတော့ မန်ယူအသင်းကနေ ကျနော့ကို ချိတ်ဆက်တာမျိုးမရှိတော့ဘူး။” ဆိုပြီး အဆိုပါကွင်းလယ်ကစားသမားကပြောသွားခဲ့ပါတယ်။
မန်ယူအသင်းကို မပြောင်းရွှေ့ဖြစ်ခဲ့ပေမဲ့ အဆိုပါကစားသမားဟာ အင်္ဂလန် မြေမှာလာရောက်ကစားဖို့အတွက် ပရီးမီးယားလိဂ် ကလပ်တွေနဲ့ ချိတ်ဆက်မူတွေ ပြုလုပ်ခဲ့ပါသေးတယ်။
Source: Sky Sports
ဒါပေမဲ့ အဆင်မပြေမူတွေ ရှိခဲ့ပြီး နောက်ဆုံးမှာတော့ စပိန်ထိပ်သီးကလပ် ရီးရဲမက်ဒရစ်အသင်းကို ကာလရှည်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။