Beatles ဆိုတဲ့ အဖွဲ့တွေကတော့ ယနေ့ခေတ်လူငယ်တွေနဲ့ သိပ်ပြီး ရင်းနှီးမှုရှိကြမယ်မထင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီအဖွဲ့ကို ၁၉၆၀ ဝန်းကျင်မှာ စတင်ဖွဲ့စည်းထားခဲ့လို့ပါပဲ။ ဂီတချစ်မြတ်နိုးတဲ့ လူကြီးပိုင်းတွေအနေနဲ့တော့ Beatles က ယနေ့ထိတိုင် ရေပန်းစားနေဆဲပဲဖြစ်ပါတယ်။

ဒီအဖွဲ့လေးက John Lennon ၊ Paul McCartney ၊ George Harrison နဲ့ Ringo Starr ဆိုတဲ့ လူငယ်လေးယောက်နဲ့ အင်္ဂလန်နိုင်ငံ Liverpool မြို့မှာ ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ သူတို့က Rock နဲ့ Pop အမျိုးအစားသီချင်းတွေကို ဆိုလေ့ရှိကြပါတယ်။ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားလူကြိုက်များတဲ့ Beatles ရဲ့ သီချင်းလေးတွေက ယနေ့ထိတိုင် ရှင်သန်နေဆဲဖြစ်ပါတယ်။

Beatles သီချင်းလေးတွေ တစ်ခါမှ နားမထောင်ဖူးဘူးဆိုတဲ့ လူငယ်တွေအတွက်လည်း အသစ်အဆန်းဖြစ်သွားအောင် နားထောင်ဖူးတယ်ဆိုတဲ့ လူကြီးပိုင်းတွေအတွက်လည်း အမှတ်တရကောင်းတွေ ပြန်လည်တူးဖော်ပေးတဲ့အနေနဲ့ Beatles ရဲ့ အကောင်းတကာ့ အကောင်းဆုံးသီချင်းလေးတွေကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။ စီးမျှောနားဆင် ခံစားကြည့်လိုက်ကြပါဦး။

၁။ I Want To Hold Your Hand (1964)

Source: The Beatles

၂။ Yesterday (1965)

Source: The Beatles

၃။ Eleanor Rigby (1966)

Source: The Beatles

၎။ Strawberry Fields Forever (1967)

Source: The Beatles

၅။ Hey Jude (1968)

Source: The Beatles

၆။ Obladi Oblada (1968)

Source: Pedro Gabriel Guzman

၇။ Here Comes The Sun (1969)

Source: Isis Kaya

၈။ Something (1969)

Source: The Beatles

၉။ Let It Be (1970)

Source: Philemon Arth

၁၀။ Don’t Let Me Down (1988)

Source: The Beatles