ကမ္ဘာကျော် အင်္ဂလိပ်ပေါ့ပ်အဆိုတော် အက်ဒ်ရှီယန်ကို တေးချစ်သူအတော်များများ သိပြီး ဖြစ်မှာပါ။ အက်ဒ်ရှီယန်ကို ကမ္ဘာတလွှားမှာ စံချိန်တင်ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်တွေ သီဆိုခဲ့သူ ၊ ဆယ်စုနှစ်အတွင်း Spotify မှာ ဒုတိယနားထောင်မှုအများဆုံး အနုပညာရှင် နဲ့ ချစ်စရာအကောင်းဆုံး လှပတဲ့သံစဉ်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့သူအဖြစ် သိကြပါတယ်။

အက်ဒ်ရှီယန် အသက် ၂၀ အရွယ် ၂၀၁၁ ခုနှစ်မှာထွက်တဲ့ + အယ်လ်ဘမ်ဟာ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပါတယ်။ ဒီအရင်ကလည်း သူဟာ EPs အယ်လ်ဘမ်တိုလေးတွေ ၅ ခု ထုတ်ခဲ့တာပါ။ အနုပညာမျိုးရိုးက လာတဲ့ အက်ဒ်ရှီယန်ဟာ အနုပညာလောကမှာ နာမည်ကောင်းရထားပြီး တခြားသူတွေလို ထင်ထင်ပေါ်ပေါ်မနေဘဲ အနေအေးသူလည်း ဖြစ်ပါတယ်။ အက်ဒ်ရှီယန်ရဲ့ သီချင်းတွေ နာမည်ကြီးပေမယ့်လည်း သူ့အကြောင်း လူအတော်များများ မသိတဲ့အချက်လေးတွေ ရှိပါတယ်။

Ed-Sheeran-02-Bad-Habits-Studio-BTS-screenshot-2021-billboard

Photo: Billboards

(၁) သူကိုင်တဲ့ ဂစ်တာတွေကို နာမည်ပေးထားပါတယ်။ အဲ့ဒါကတော့ Lloyd ၊ Felix ၊ Cyril နဲ့ Nigel ဆိုတဲ့ နာမည်တွေပါပဲ။
(၂) အက်ဒ်ရှီယန်ဟာ LEGO ကစားရတာ သဘောကျတယ်။ LEGO House ဆိုတဲ့ သီချင်းတစ်ပုဒ်တောင် ရေးခဲ့ပါသေးတယ်။
(၃) တိရစ္ဆာန်လေးတွေကိုလည်း ချစ်တတ်တယ်။ “တိရစ္ဆာန်လေးတွေကို လူနာမည်မျိုးပေးရတာ သဘောကျတယ်” လို့ ပြောဖူးပါတယ်။
(၄) သူ့မှာ ဘဝနဲ့ ပတ်သက်တဲ့ ကိုယ်ပိုင်ဆောင်ပုဒ်တစ်ခုရှိပါတယ်တဲ့။ အဲ့ဒါက “များများပြုံး ၊ ချောကလက်ကို တချို့ပဲစားပါ”တဲ့။
(၅) သူအကြိုက်ဆုံး Board ဂိမ်းက Monopoly ဂိမ်းဖြစ်ပါတယ်။

ed-sheeran

Photo: Celebrity Okezone
(၆) Formal ဝတ်စုံပြည့် သပ်သပ်ရပ်ရပ် ဝတ်တာကိုလည်း သဘောကျသူပါ။
(၇) သူ့နာမည်ပြောင်က Teddy ဖြစ်ပါတယ်။
(၈) X အယ်လ်ဘမ်မှာ သူအကြိုက်ဆုံးသီချင်းက Thinking Out Loud ဖြစ်ပါတယ်။
(၉) တော်ဝင်မျိုးနွယ်တွေနဲ့လည်း ဆုံလေ့ရှိပါတယ်။ သူပထမဆုံးဆုံဖူးတဲ့ တော်ဝင်မင်းသားက ချားစ်မင်းသားပဲ ဖြစ်ပါတယ်။
(၁၀) သူမစားရမနေနိုင်တဲ့ အစားအသောက်တမျိုးက Oreos ဘီစကစ်ပါပဲတဲ့

ဒါတွေကတော့ အက်ဒ်ရှီယန်အကြောင်း လူသိနည်းကြတဲ့ Fun Facts လေးတချို့ပါပဲ

Featured Photo: GQ