Billie Eilish ရဲ့နာမည်အပြည့်အစုံမှာ Billie Eilish Pirate Baird O’Connell ဖြစ်ပြီး အမေရိကန်လူမျိုး သီချင်းရေးဆရာနှင့် အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူ(မ)သည် ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၀၁ ခုနှစ်တွင် လော့အိန်ဂျလိစ်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် မွေးဖွားခဲ့တာပါ။

သူ(မ) ကို လူသိများလာစေခဲ့သောသီချင်းမှာ SoundCloud တွင် သူ(မ) ကိုယ်တိုင် တင်ခဲ့သော “Ocean Eyes” ဆိုတဲ့ သီချင်းကြောင့်ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တွင် “Ocean Eyes” သီချင်းဖြင့် အနုပညာလောကထဲသို့ စတင်ဝင်ရောက်လာသော သူမသည် ယခုဆိုလျှင် ဂရမ်မီဆု ၇ ဆု၊ American Music Awards ၂ ၊ MTV Video Music Awards ၃ ဆုတို့အပြင် အခြားသောဆုပေါင်းမြောက်မြားစွာကိုလည်း ဆွတ်ခူးရရှိခဲ့ပြီဖြစ်ပါတယ်။

Billie Eilish

သူ(မ)၏ သီချင်းအမျိုးအစားများသည် Pop ၊ Alternative Rock ၊ Electropop သီချင်းအမျိုးအစားများဖြစ်ပြီး နားဆင်ခံစားရသူအဖို့ ခံစားချက်ရသအသစ်အဆန်းတစ်မျိုး ပေးစွမ်းနိုင်ပါတယ်။ သူ(မ)ရဲ့ ပရိသတ်များအတွက် လူကြိုက်အများဆုံး သီချင်းကောင်း (၁၀) ပုဒ်ကို ဝေမျှပေးလိုက်ရပါတယ်။

(1) Bad Guy

(2) When The Party’s Over

(3) Bury A Friend

(4) Lovely Feat. Khalid

(5) Wish You Were Gay

(6) You Should See Me In A Crown

(7) Come Out And Play

(8) &Burn

(9) Ocean Eyes

(10) Bellyache

Source: Xttrawave.com