ရည်းစားထားပြီးလို့ စစချင်းရက်လေးတွေနဲ့ ရက်သတ္တပတ်အကြာ အနည်းဆုံး ၁ နှစ်လောက်ကတော့ ပျော်စရာတွေ၊ ရင်ခုန်စရာတွေနဲ့ ပြည့်နေတယ်ဆိုတာ အားလုံးသိထားကြပါတယ်။ ဒီလိုပျော်နေချိန်တွေမှာ လမ်းခွဲဖို့ဆိုတဲ့အကြောင်းကိုလည်း လုံးဝတွေးမိကြမှာလဲမဟုတ်ပါဘူး။

ဒါပေမယ့် တကယ်တမ်း လမ်းခွဲဖို့၊ ကိုယ့်ကိုထားသွားဖို့ ဖြစ်လာပြီဆိုရင်လည်း ဟက်တက်ကြီးမကျန်ခဲ့ရလေအောင် ကိုယ်က ကြိုပြီးသိထားနိုင်ဖို့အတွက် ဘယ်လိုအချက်တွေက သူမကိုယ့်ကို ထားသွားတော့မလဲဆိုတာ အခုပဲသေချာဖတ်ကြည့်လိုက်ပါ။

မကြာခဏ ရန်ရှာလာခြင်း

Relationship တစ်ခုမှာ ရန်ဖြစ်တတ်တာက သဘာဝဆိုပေမယ့်လည်း အကြောင်းအရင်းမရှိဘဲ ပြဿနာရှာမယ်၊ ရန်ရှာလာမယ်ဆိုရင်တော့ လမ်းခွဲချင်နေပြီဆိုတာကို မသိမသာ ပြသနေတာဖြစ်ပါတယ်။

နွေးနွေးထွေးထွေးမရှိတော့ခြင်း

အရင်တုန်းကတော့ သူ့လက်ကလေးကို စိတ်တိုင်းကျကိုင်ခွင့်ရခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ ကြင်ကြင်နာနာနဲ့ ထွေးပွေ့ခွင့်မပြောနဲ့ လက်ကလေးကိုင်ဖို့တောင် အင်မတန်ခက်ခဲနေပြီလား။

ဖုန်းအဆက်အသွယ်မလုပ်တော့ခြင်း

နှစ်ဦးသား စချစ်ကြချိန်မှာတော့ ကိုယ့်ကိုမကြာခဏ ဖုန်းခေါ်ပြီး နာရီပေါင်းများစွာ ဖုန်းပြောလေ့ရှိပေမယ့် လုံးဝပြောင်းလဲသွားပြီဆိုရင်တော့ ကိုယ့်ကိုလုံးဝမချစ်တော့တာ၊ တခြားတယောက်ကို ဖုန်းခေါ်နေတာလည်း ဖြစ်နိုင်ပါတယ်။

ကိုယ်နဲ့ပတ်သက်လို့ လုံးဝစိတ်မဝင်စားတော့ခြင်း

ကိုယ်ဘယ်လိုကြိုးစားနေတယ်၊ ဘယ်လိုအောင်မြင်မှုမျိုးတွေကို ရရှိနေတယ်ဆိုတာကို ဘယ်လောက်ပြောပြော ဒီအတိုင်းပဲနေပြီး အသိအမှတ်မပြုတော့ဘူးဆိုရင်တော့ ကိုယ့်အပေါ်လုံးဝစိတ်မဝင်စားတော့ဘူးဆိုတာကို ပြသနေတာပါ။

ကိုယ်မရှိတဲ့အချိန်တွေမှာ ပိုပျော်နေပုံပေါက်ခြင်း

ကိုယ်က အကင်းမပါးဘူးဆိုရင်တော့ ဒီလိုအပြောင်းအလဲတွေကို သတိထားမိမှာမဟုတ်ပါဘူး။ ကိုယ်နဲ့ရှိနေတဲ့အချိန်ဆိုရင် သူမကိုကြည့်ရတာ ငြီးငွေ့နေသလိုလို၊ ပျင်းနေသလိုခံစားရပြီး တခြားသူတွေနဲ့ဆိုရင်တော့ ပိုပျော်နေတာမျိုးပါ။

ကိုယ့်ထက် သူငယ်ချင်းတွေနဲ့ ပိုအချိန်ကုန်လာခြင်း

အရင်တုန်းကတော့ နှစ်ဦးသားအမြဲတွေ့လေ့ရှိပေမယ့် အခုအချိန်မှာတော့ သူမရဲ့ သူငယ်ချင်းတွေနဲ့သာ လျှောက်လည်လေ့ရှိနေပြီလား။ ဒီလိုအခြေအနေဟာ ကိုယ့်ကိုမကြာခင်မှာ စွန့်ပစ်သွားပြီးတော့ သူငယ်ချင်းတွေနဲ့အတူ ပြန်နေချင်ပြီဆိုတာ သေချာနေပါပြီ။

တစ်ယောက်တည်းနေချင်လာခြင်း

အကယ်လို့ သူမက ခဏလောက် တစ်ယောက်တည်းနေချင်တယ်ဆိုပြီး ပြောလာပါက ဒါဟာ ဆင်ခြေသက်သက်ပါပဲ။ တကယ်တမ်းတော့ ကိုယ့်ဆီကနေ ထွက်ခွာသွားချင်နေတာပါ။

ကိုယ်လိုချိန်မှာ ဆက်သွယ်မရခြင်း

ဘယ်လိုပဲကြိုးစားကြိုးစား သူမကိုဆက်သွယ်လို့မရဘူးဆိုရင်တော့ ဒါဟာ ကိုယ့်ကို ရှောင်ပုန်းရင်းနဲ့ တိမ်းရှောင်နေတာပါပဲ။

ကိုယ်မပေးနိုင်တာကို လိုချင်တောင့်တခြင်း

ကားအသစ် ဒါမှမဟုတ် စိန်လက်စွပ်တွေလို ကိုယ်မထောက်ပံ့ပေးနိုင်တဲ့ ကြီးကြီးမားမား အရာတွေကို တောင်းဆိုလာပြီဆိုရင်တော့ နှစ်ဦးသား ကိုယ့်လမ်းကိုယ်လျှောက်ဖို့အတွက် အလွယ်ကူဆုံး လမ်းကြောင်းကို ဖောက်နေတာဖြစ်ပါတယ်။

Source: viralcraze.net