စျေးကွက်သုတေသနအဖွဲ့ CIES ဟာ ထိပ်သီးလိဂ် ၅ ခုမှ ခန့်မှန်းတွက်ချက်ထားတဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးအမြင့်ဆုံးကစားသမား အယောက် (၁၀၀) စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။

Source: The Sun

ဒီစာရင်းထဲမှာ မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ကွင်းလယ်ကစားသမားတွေထဲတွင် ပြောင်းရွှေ့ကြေးအမြင့်အဖြစ် ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားတွေကိုကျော်ဖြတ်ပြီး ထိပ်ဆုံးမှာ ရပ်တည်နိူင်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးဟာ ပေါင် (၉၃.၆) သန်းဖြင့် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကွင်းလယ်ကစားသမားအဖြစ် ဖော်ပြခြင်းခံခဲ့ရပါတယ်။ သူဟာ ချယ်လ်ဆီးရဲ့ မေဆန် မောင့် ပေါင် (၉၁.၄) သန်းနဲ့ ဘာစီလိုနာရဲ့ ဒီယွန်း (၉၀.၇) သန်းတို့ရဲ့အထက်မှာ ရပ်တည်ခဲ့တာပါ။

Source: Yahoo Sports

ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကစားသမားများစာရင်းရဲ့ ထိပ်ဆုံးမှာတော့ ပီအက်စ်ဂျီအသင်းရဲ့ ဘာပေးက ပေါင် (၂၃၁.၁) သန်းဖြင့် ရပ်တည်နေပါတယ်။ သူ့ရဲ့နောက်မှာတော့ ပြောင်းရွှေ့ကြေးတန်ဖိုး ပေါင် (၁၇၃.၆) သန်းဖြင့် မန်ချက်စတာစီးတီးရဲ့ စတာလင်က ဒုတိယ၊ ဒေါ့မွန်ကြယ်ပွင့်နဲ့ ဆန်ချိုက ပေါင် (၁၅၉.၇) သန်းဖြင့် တတိယနေရာမှာ အသီးသီးရပ်တည်နေကြပါတယ်။

Source: FC Barcelona Noticias

မန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်မူးဖြစ်သူ ရပ်ရှ်ဖို့ဒ်ကတော့ ပြောင်းရွှေ့ကြေးတန်ဖိုး ပေါင် (၁၃၅.၈) သန်းဖြင့်အဆင့် (၅) နေရာမှာ ရပ်တည်နေပါတယ်။

CIES ကထုတ်ပြန်ထားတဲ့ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကစားသမားများစာရင်းထဲမှ ထိပ်ဆုံး (၂၀) ဦး

      1. Kylian Mbappe (PSG) – £231.1m
      2. Raheem Sterling (Man City) – £173.6m
      3. Jadon Sancho (Borussia Dortmund) – £159.7m
      4. Trent Alexander-Arnold (Liverpool) – £152.6
      5. Marcus Rashford (Man Utd) – £135.8m
      6. Mohamed Salah (Liverpool) – £129.2m
      7. Sadio Mane (Liverpool) – £124.1m
      8. Antoine Griezmann (Barcelona) – £121.6m
      9. Alphonso Davies (Bayern Munich) – £119m
      10. Harry Kane (Tottenham) – £105.8m
      11. Roberto Firmino (Liverpool) – £105.7m
      12. Bernardo Silva (Man City) – £102.5m
      13. Gabriel Jesus (Man City) – £100.8m
      14. Joao Felix (Atletico Madrid) – £95.9m
      15. Erling Haaland(Borussia Dortmund) – £95.3m
      16. Serge Gnabry (Bayern Munich) – £94.9m
      17. Bruno Fernandes (Man Utd) – £93.5m
      18. Matthijs de Ligt (Juventus) – £93m
      19. Mason Mount (Chelsea) – £91.4m
      20. Frenkie de Jong (Barcelona) – £90.7m