စတိုင်လ်ကျတဲ့ ယောကျာ်းတစ်ယောက်ရဲ့ဖက်ရှင်ကို ယေဘုယျခြုံကြည့်မယ်ဆိုလျှင် သူသည် အင်မတန်မှစတိုင်လ်ကျတာကို မြင်တွေ့နိုင်ပေမယ့် အသေးစိတ်အချက်အလက်များကို ကြည့်တဲ့အခါ လိုအပ်ချက်များကို မြင်တွေ့နိုင်ပါတယ်။

သင့်အနေနဲ့ ဖက်ရှင်နဲ့ ပတ်သက်လာလျှင် အသေးအဖွဲကအစ မလစ်ဟာစေချင်ဘူးဆိုရင် ကိုယ့်ဖက်ရှင်မှာ ဘယ်လိုဖက်ရှင်အသုံးအဆောင်မျိုး အသုံးပြုထားသလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။

အခုဖော်ပြပေးမယ့် ဖက်ရှင်အသုံးအဆောင်တွေကို သေသေချာချာ ဆင်ယင်အသုံးပြုထားရဲ့လား။

လက်စွပ်

fashion accessories for men

လက်စွပ်ဝတ်ဆင်ခြင်းသည် ကိုယ့်ရဲ့ဖက်ရှင်ကို Classic ဆန်ပြီး ပိုမိုရင့်ကျက်တဲ့အသွင် ဖန်တီးပေးနိုင်ပါတယ်။ သင့်အနေနဲ့ လက်စွပ်ဝတ်ဆင်ဖို့ မကြောက်ရွံ့ဖို့လိုပါတယ်။

နေကာမျက်မှန်

fashion accessories for men

နေကာမျက်မှန်ရွေးချယ်တဲ့အခါ ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ မျက်မှန်မျိုးကို ရွေးချယ်သင့်ပါတယ်။

ဦးထုပ်

fashion accessories for men

ဦးထုပ်ဝတ်တဲ့အခါ ပြားချပ်နေတဲ့ ဦးထုပ်မျိုး၊ သိုးမွှေးဦးထုပ်မျိုးကို ရှောင်သင့်ပါတယ်။ လူငယ်ဆန်ချင်တယ်ဆိုရင်တော့ လျှာထိုးဦးထုပ်မျိုး ဝတ်ဆင်နိုင်ပြီး အနည်းငယ်လူကြီးဆန်ချင်တယ်ဆိုရင်တော့ သက္ကလပ်ဦးထုပ်မျိုး ရွေးချယ်နိုင်ပါတယ်။

ဆွဲကြိုး

fashion accessories for men

ဆွဲကြိုးကိုလည်း သင့်ရဲ့ဖက်ရှင်ပေါ် မူတည်ပြီး ဖန်စီဆွဲကြိုး၊ ရွှေ၊ ပလက်တီနမ်ဆွဲကြိုး စသည်ဖြင့် မျိုးစုံ ဝတ်ဆင်နိုင်ပါတယ်။

လက်ပတ်

fashion accessories for men

ဒီလိုအနက်ရောင် လက်ပတ်တွေက အခုနောက်ပိုင်းမှာ တော်တော်လေး ခေတ်စားလာခဲ့ပါပြီ။ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ထိုလက်ပတ်များကို ဝတ်ဆင်လေ့ရှိကြပါတယ်။ အချို့က ဘာသာရေးအယူအဆကြောင့် ဝတ်ဆင်ကြပြီး အချို့ကလည်း ဆွဲဆောင်မှုတိုးပြီး လူချစ်လူခင်များစေမယ့် ကျောက်အမျိုးအစားအသုံးပြုကာ ဝတ်ဆင်ကြပါတယ်။

ခါးပတ်

fashion accessories for men

ခါးပတ်သည်လည်း အမျိုးသားတိုင်း မရှိမဖြစ် ပိုင်ဆိုင်ထားသင့်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

လွယ်အိတ်

fashion accessories for men

ကိုယ့်ရဲ့ အကြိုက်ပေါ် မူတည်ပြီး သားရေလွယ်အိတ်၊ ဂျင်းအသား လွယ်အိတ် စသည်ဖြင့် အမျိုးမျိုး ရွေးချယ်နိုင်ပါတယ်။ လုပ်ငန်းခွင် ဝင်နေရသူများအတွက်တော့ သားရေလွယ်အိတ်က အသင့်တော်ဆုံးပါပဲ။

ဖိနပ်

fashion accessories for men

ရှုးဖိနပ်ကောင်းကောင်းတစ်ရံသည်လည်း အမျိုးသားတိုင်း ပိုင်ဆိုင်ထားသင့်ပါတယ်။

လက်ပတ်နာရီ

fashion accessories for men

အရည်အသွေးကောင်းတဲ့ လက်ပတ်နာရီတစ်လုံးသည် သင့်ရဲ့ဖက်ရှင်ကို Level တစ်ခုထိရောက်အောင် ကူညီပေးနိုင်ပါတယ်။

ဒီဖက်ရှင်အသုံးအဆောင်တွေကတော့ အမျိုးသားတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ ဖက်ရှင်အသုံးအဆောင်တွေဖြစ်ပြီး ကိုယ့်ရဲ့ဖက်ရှင် Theme ပေါ် မူတည်ကာ အမျိုးမျိုးပြောင်းလဲကာ ရှိုးထုတ်နိုင်ပါတယ်။

Source: Nextluxury.com

Featured Image Source: Politix.com.au