ဆွဲဆောင်မှုရှိချင်တဲ့ ယောကျာ်းများအတွက် အဝတ်အစားဖက်ရှင်တစ်ခုတည်းကသာ အရေးကြီးတာမဟုတ်ပါဘူး။ ဆံပင်စတိုင်လ်သည်လည်း သင့်ရဲ့ဖက်ရှင်ကို အပြောင်းအလဲဖြစ်စေတာကြောင့် ဆံပင်စတိုင်လ်ကိုလည်း အထူးဂရုပြုသင့်ပါတယ်။
ဆံပင် ပုံမှန်လျှော်မယ်၊ ဓာတုပစ္စည်းမပါဝင်တဲ့ ခေါင်းလျှော်ရည်များ အသုံးပြုမယ်၊ အုန်းဆီ ပုံမှန်လိမ်းမယ်၊ ဆံပင်ကို သုံးလတစ်ခါခန့် ညှပ်ပေးမယ် စတဲ့ နည်းလမ်းများဖြင့် မိမိဆံကေသာကို ဂရုစိုက်သင့်ပါတယ်။
သင့်အနေနဲ့ သုံးလတစ်ခါခန့် ဆံပင်စတိုင်လ် ပြောင်းချင်တဲ့အခါ ဘယ်လိုဆံပင်စတိုင်လ် ညှပ်ရမလဲဆိုတာကို စဉ်းစားရကြပ်နေပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆံပင်စတိုင်လ်များကို လေ့လာကြည့်ရှုနိုင်ပါတယ်။
Source: Nextluxury.com