နိုင်ငံခြားကမင်းသားတွေလို မုတ်ဆိတ်မွှေးလေးတွေနဲ့ ကြည့်ကောင်းချင်လို့ မုတ်ဆိတ်မွှေးအရှည်မြန်အောင် ဘယ်လိုလုပ်ရမလဲဆိုပြီး မေးမေးနေတဲ့ ကွီးတို့ရေ။

ကိုယ်က မင်းသားချောတွေလို မုတ်ဆိတ်မွှေးနဲ့ ခန့်ညားချင်လို့ ထားတော့မယ်ဆုံးဖြတ်ထားပြီးပြီဆိုရင် အစားအသောက်ကိုလည်း ဂရုတစိုက်နဲ့ စားသုံးပေးရပါတော့မယ်။

ဒါဆိုရင် မုတ်ဆိတ်မွှေးအရှည်မြန်ဖို့အတွက် ဘယ်လိုအစားအစာတွေစားပေးရမလဲ၊ ဘယ်လိုအစားအစာတွေက ကိုယ့်အတွက် အထောက်အကူဖြစ်စေမလဲဆိုတာ ဖော်ပြပေးလိုက်ပါပြီနော်။

ဥများ

Source: Medical News Today

ပရိုတင်းဓာတ်အဓိက ပါဝင်နေတဲ့ ဥများဟာဆိုရင် ကောင်းတဲ့ဖက်ကနေ အဆီဓာတ်ပါဝင်နေတာကြောင့် အမွှေးအမျှင်များနဲ့ လက်သည်းတွေ အရှည်မြန်စေဖို့အတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

ငါး

Source: io9 – Gizmodo

ငါးအသားကို စားသုံးပေးခြင်းက မုတ်ဆိတ်မွှေးအရှည်မြန်စေရုံသာမက ထွက်လာတဲ့အခါမှာလည်း ကျန်းမာသန်စွမ်းနေဖို့အတွက်ပါ ကူညီပေးနိုင်ပါတယ်။ အိုမီဂါသရီး ဗီတာမင်ပါဝင်တာကြောင့် ပျက်စီးမှုမှကာကွယ်ပေးမှာဖြစ်ပါတယ်။

လိမ္မော်ဖျော်ရည်

Source: Shutterstock

လိမ္မော်သီးတွေမှာပါတဲ့ ဗီတာမင်စီဓာတ်ဟာ မုတ်ဆိတ်မွှေးပေါက်ဖွားဖို့အတွက် လိုအပ်တဲ့ Collagen ပရိုတင်းထုတ်လုပ်နိုင်စွမ်းအားကို မြှင့်တင်ပေးပြီးတော့ အမွှေးအမျှင်တွေသာမကဘဲ အသားအရေကိုလှပစေကာ အရိုးအဆစ်တွေကိုလည်း ကျန်းမာသန်စွမ်းစေမှာဖြစ်ပါတယ်။

အမဲသား

Source: The Conversation

မုတ်ဆိတ်မွှေးအရှည်မြန်စေဖို့အတွက် လိုအပ်တဲ့ DHT ဟော်မုန်းတွေ သေချာအလုပ်လုပ်ဖို့အတွက် အထူးလိုအပ်တဲ့ အဆီကို အမဲသားများ စားသုံးခြင်းကနေ ရရှိစေနိုင်ပါတယ်။ အမဲသားမှာပါဝင်တဲ့အဆီတွေဟာ Saturated Fats တွေအဖြစ် လူသိများကြပြီး ပရိုတင်းဓာတ်တွေလည်း ပါဝင်နေပါတယ်။

Featured Image Source: history.co.uk