သေချာတာပေါ့ လူတိုင်းက အပြစ်အနာဆာကင်းတဲ့ မျက်နှာ ၊ စူပါးဟီးရိုးတွေလို တောင့်တင်းတဲ့ ခန္ဓာကိုယ် ၊ ဒေါ်လာတစ်သန်းတန် အပြုံးတို့ ပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်ပါလိမ့်မယ်။ သို့သော် ဆွဲဆောင်မှုရှိခြင်းဆိုတာက ရုပ်အသွင်အပြင် ပုံပန်းသဏ္ဌာန်ထက်အများကြီးပိုပါတယ်။ သင့်အနေနဲ့ အခုပြောပြမယ့် အလေ့အထလေးတွေကို သေချာလိုက်လုပ်မယ်ဆိုရင် အရင်ကထက်ပိုပြီး ဆွဲဆောင်မှုရှိတဲ့ ယောင်္ကျားတစ်ယောက်ဖြစ်လာမှာသေချာပါတယ်။

(၁) တစ်ကိုယ်ရည် သန့်ရှင်းမှု ပုံမှန်လုပ်ပါ

Man applying shaving cream on face near mirror

Photo : Crello

သန့်ရှင်းသပ်ရပ်စွာ နေထိုင်တက်ခြင်းက ယောင်္ကျားတစ်ယောက်အတွက် ဆွဲဆောင်မှုတစ်ခုပဲ မဟုတ်လား။ တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုရာမှာ ရှုပ်ထွေးတဲ့အဆင့်တွေကို တွေးနေဖို့ မလိုပါဘူး။ ဆံပင်သပ်သပ်ရပ်ရပ်ညှပ်မယ် ၊ ခြေသည်းလက်သည်းပုံမှန်လှီးမယ် ၊ အမွှေးအမျှင်တွေ ပုံမှန်ရိတ်မယ် ၊  အဝတ်အစား သန့်သန့်ပြန့်ပြန့် ဝတ်ဆင်မယ် ၊ ကိုယ်နံ့ကောင်းအောင် ဂရုစိုက်မယ် ဒါဆိုရင် လုံလောက်ပါပြီ။

(၂) ကိုယ်ဟန်အမူအရာ ပြင်ဆင်ပါ

Two young multicultural programmers gesturing during discussion in office

Photo : Crello

သင့်အနေနဲ့ လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ယုံကြည်မှုရှိရှိနဲ့ တစ်ဖက်လူရဲ့မျက်လုံးကိုကြည့်ပြီး ပြောပါ။ ခန္ဓာကိုယ်ကိုလည်း မတ်မတ်ထားပါ။ နောက်ပြီး အပြုံးဟာ ဖော်ရွေမှုကိုပြတဲ့ အကောင်းဆုံး သင်္ကေတတစ်ခုဖြစ်တာကြောင့် များများပြုံးပါ။ ဒါဆိုသင်ဟာ လူတွေရဲ့အမြင်မှာ ဆွဲဆောင်မှုရှိပြီး ခင်မင်စရာကောင်းတဲ့လူတစ်ယောက်အဖြစ် ထင်ပေါ်နေပါလိမ့်မယ်။

(၃) နေ့စဉ်လေ့ကျင့်ခန်းပြုလုပ်ပါ

Shirtless sportsman training with elastics in sports hall

Photo : Crello

နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းပြုလုပ်လေ့ရှိတဲ့ ယောင်္ကျားတွေဟာ ရုပ်ပိုင်းဆိုင်ရာ / စိတ်ပိုင်းဆိုင်ရာမှာပိုပြီး ကျန်းမာကြံ့ခိုင်လေ့ရှိပါတယ်။ ကိုယ့်ကိုယ့်ကို ပိုပြီးလည်း ယုံကြည်မှုတိုးစေတဲ့အပြင် စိတ်ဖိစီးမှုတွေကိုလည်း လျော့ချပေးပါတယ်။ ခြုံပြောရမယ်ဆိုရင် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးတာက စိတ်ရောကိုယ်ပါကျန်းမာကြံ့ခိုင်စေပြီး ဆွဲဆောင်မှုတိုးစေမှာဖြစ်ပါတယ်။

(၄) ရိုသားပွင့်လင်းမှုရှိပါ

Cheerful man in sunglasses and polo shirt talking on cellphone outside

Photo : Crello

ရိုးသားပွင့်လင်းမှုရှိသူတွေနဲ့ ပြောဆိုဆက်ဆံရတာကို လူတိုင်းသဘောကျ နှစ်သက်ကြပါတယ်။ မျက်နှာဖုံးတွေနဲ့ ဟန်ဆောင်မှုများသူတွေထက် ရိုးသားပွင့်လင်းသူတွေနဲ့ ဆက်ဆံရတာပိုပြီး စိတ်ချမ်းသာစေတာ အမှန်ပါပဲ။ ကိုယ်မှာရှိတဲ့ ပုံစံအစစ်အမှန်အတိုင်း ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းနေထိုင်တာက ပိုပြီးခင်မင်စရာကောင်းသလို ဆွဲဆောင်မှုလည်း ရှိစေပါတယ်။