တစ်ကိုယ်လုံး ကြွက်သားတွေ အမြောင်းမြောင်းနဲ့ အားကောင်းတဲ့ ယောင်္ကျားတစ်ယောက် ဖြစ်ချင်ပါသလား။ ဝိတ်မရုံနဲ့ မရပါဘူး။ နည်းလမ်းတစ်ချို့ကို သုံးဖို့ လိုပါတယ်။ အခုပြောမယ့် လျှို့ဝှက်ချက်တွေက ရိုးရှင်းပါတယ်။ ခန္ဓာကိုယ်ပိန်တဲ့သူတွေအတွက် ပိုပြီး ထိရောက်တဲ့ နည်းတွေပါ။
တကယ်လို့ သင့်ကိုယ်ခန္ဓာက ပိန်တဲ့ အမျိုးအစားထဲမှာ ပါနေတယ်ဆိုရင် အခုပြောမယ့် အချက် ၄ ချက်က ကြွက်သားထု တက်စေဖို့ အထောက်အကူပြုပါလိမ့်မယ်။

(၁) များများစားပါ

Photo: Freepik

အစားအစာက သင့်ခန္ဓာကိုယ် တည်ဆောက်မှုအတွက် အရေးကြီးတဲ့ အချက်ပါ။ ကြွက်သားတက်ဖို့ အစားအစာ စားချိန်မှာ ကယ်လိုရီလည်း မရှောင်ပါနဲ့ ။ ဝိတ်တက်လာတာလည်း မမှုပါနဲ့ ။ အရေးကြီးတာ စားနိုင်သလောက် စားပြီး အကောင်ကြီးအောင် လုပ်ဖို့ပါပဲ။

(၂) မှန်ကန်တဲ့ လေ့ကျင့်မှု ဖြစ်ပါ‌စေ

Photo: Freepik

အားကစားလုပ်တိုင်း မှန်ကန်တဲ့ လေ့ကျင့်ခန်းဖြစ်ဖို့ ဂရုစိုက်ပါ။ ဝိတ်မချိန်မှာလည်း မှန်ကန်တဲ့အနေအထားနဲ့ ထိရောက်တဲ့ လှုပ်ရှားမှု ဖြစ်ဖို့ သတိထားသင့်ပါတယ်။ ဝိတ်မတဲ့ နည်းစနစ် မမှန်ရင်လည်း ကြွက်သားတက်မှု အားနည်းနိုင်ပါတယ်။ Weight Training ကလည်း နည်းစနစ်ကျမယ် ၊ အစားအသောက်နဲ့လည်း အားမွေးထားတယ်ဆိုရင် နောက်ပိုင်းမှာ ပိုလေးတာတွေ ဖြည်းဖြည်းချင်း မ နိုင်မှာပါ။ ဒါဆိုရင် ဘော်ဒီပုံ‌ပြောင်းဖို့ သေချာသလောက် ရှိတော့မှာ ဖြစ်ပါတယ်။

(၃) ဖြည့်စွက်စာ သုံးဖို့လိုပါတယ်

Photo: Freepik

Diet လည်း မှန်တယ် ၊ Training နည်းစနစ်လည်း ကျတယ်ဆိုတာတွေအပြင် နောက်ထွက် Supplements ဖြည့်ပြီး စားပေးဖို့ လိုပါ တယ်။ ပရိုတိန်းမှုန့်လိုမျိုး ဖြည့်စွက်အားဖြည့်စာတွေ စားပေးနိုင်ပါတယ်။ ပရိုတိန်း Shake တွေက နည်းနည်းတော့ ဈေးကြီးမှာ ဖြစ်ပေမယ့် ဘော်ဒီကြွက်သား ကြီးချင်တယ်ဆိုရင် ရင်းနှီးမြှပ်နှံသင့်ပါတယ်။

(၄) Goals နဲ့ သွားပါ

Photo: Freepik

Body Transformation ဆိုတာ အချိန်ပေးရပါတယ်။ တစ်လ နှစ်လ‌လောက်နဲ့ မရပါဘူး။ ဇွဲနဲ့ ရေရှည် ကစားသွားဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကို Challenge ခေါ်ပြီး Gym ရုံကို အချိန်ဇယားနဲ့ သွား ပုံမှန်ကစားပေးမယ်ဆိုရင် ရလဒ်က သိသာမှာပါ။