သင်သာ တစ်ကိုယ်ရေ တစ်ကာယသမား ရည်းစားလည်း မထားဆိုရင် FA ဆိုပြီး နှိမ်ခေါ်တာ ခံရဖူးမှာပါ။ တကယ်တော့ Single လို့ခေါ်တဲ့ လူလွတ်တွေမှာ စုံတွဲတွေ မရနိုင်တဲ့ အားသာချက်တွေ ရှိထားပါတယ်။

(၁) ဘော်ဒါတွေနဲ့ အတွဲမပျက် ပွဲတက်နိုင်တယ်

Photo: Pexels

သူငယ်ချင်းတွေဟာ ကိုယ့်ရဲ့ ခံတပ်ပါပဲ။ ဘယ်လိုမျိုး အခြေအနေနဲ့ပဲ ကြုံကြုံ သူတို့ဆီမှာ ခိုလှုံလို့ ရပါတယ်။ ရည်းစား တွဲလွဲနဲ့ သူတွေမှာတော့ ဘော်ဒါဟောင်းတွေ အချင်းချင်းတွေ့ဖို့တောင် အခြေအနေ အဆင်မပြေတာတွေ အများကြီး ရှိနိူင်ပါတယ်။ Single တွေကတော့ သူငယ်ချင်းတွေနဲ့ အချိန်မရွေး နေရာမရွေး ဆုံလို့ရတော့ အပေါင်းအသင်းတွေအကြား မျက်နှာမပျက်ရတော့တာပေါ့။

(၂) ကိုယ့်ဘဝကို စိတ်ကြိုက်နေနိုင်တယ်

Photo: Pexels

လူပျိုလူလွတ်တစ်ယောက်အတွက် သူရတဲ့ အလုပ်လစာ သူရှာထားတဲ့ ပိုင်ဆိုင်မှု အားလုံးဟာ သူ့ပိုင်ပါပဲ။ လခထုတ်ချိန် ကိုယ်ဝယ်ချင်တဲ့ ဘောင်းဘီကောင်းကောင်းလေး ဝယ်ဝတ်တာကနေ နောက်ဆုံး ကိုယ့်ဖုန်း password ကို ဘယ်သူ့မှ ပေးထားစရာ မလိုတဲ့ အခွင့်အရေးကြီးလည်း ပိုင်ထားပါတယ်။

(၃) ကိုယ်လုပ်ချင်တာကို အာရုံစိုက်နိုင်တယ်

Photo: Freepik

အတတ်ပညာနဲ့ ပတ်သက်ပြီး လေ့လာချင်လို့ပဲ ဖြစ်ဖြစ် ကိုယ်ဝါသနာပါတာလေးတွေ အကောင်အထည် ဖော်ဖို့ပဲ ဖြစ်ဖြစ် စိတ်လွတ်ကိုယ်လွတ် လုပ်နိုင်တဲ့ အခွင့်အရေးဟာ Single သမားတွေမှာ ရှိပါတယ်။ နောက်ဆုံး အချိန်အားလို့ ဂိမ်းကလေး ကစားချင်ရင်တောင် ဖြောင့်ဖြောင့်ကြီး ကစားလို့ရပါတယ်။

(၄) ရည်းစားထားဖို့လည်း မခက်ဘူး

Photo: Freepik
အာရုံနောက် သက်သာဖို့ ရည်းစားမထားသေးတာကို Single လို့ ခေါ်လို့ ရပါတယ်။ သူလိုချင်ရင် လွတ်နေတဲ့ မိန်းကလေးတိုင်းဟာ သူ့ရဲ့ ချစ်သူလောင်းတွေပါပဲ။